အဖွဲ့အစည်းလမ်းညွှန် နှင့် ပေါင်းစပ်ညှိနှိုင်းခြင်း

MIMU၏ အဖွဲ့အစည်းလမ်းညွန်သည် မြန်မာနိုင်ငံတွင် လုပ်ကိုင် ဆောင်ရွက်နေကြသော ကုလသမဂ္ဂ အေဂျင်စီ များ၊ NGOs များ၊ ၊ သံတမန် အဖွဲ့အစည်းများနှင့် ညှိနှိုင်းရေးအဖွဲ့များ စသည်တို့နှင့် ပတ်သက်ပြီး ရှာဖွေနိုင်သော လမ်းညွှန်စာရင်းဖြစ်ပါသည်။ ၎င်းစာရင်းတွင် မြန်မာနိုင်ငံတစ်ဝှမ်း လူသားချင်း စာနာ ထောက်ထားမှုနှင့် ဖွံ့ဖြိုးရေး ကဏ္ဍများတွင် လုပ်ကိုင် ဆောင်ရွက်နေကြသော ရုံး/ခွဲ ပေါင်း ၁၃၄၉ ရုံး နှင့် အဖွဲ့အစည်းပေါင်း ၇၈၉ ဖွဲ့ (UNs ၊NGOs ၊ အလှူရှင်များ၊ သံရုံးများ) တို့မှ အဓိက ဆယ်သွယ်နိုင်သည့် တာဝန်ရှိ ဝန်ထမ်းပေါင်း ၂၉၉၉ယောက်၏ ဆယ်သွယ်ရန် လိပ်စာများကို သိမ်းဆည်းပေး ထားပါသည်။ MIMU၏ အဖွဲ့အစည်းလမ်းညွန် ကို အောက်ဖော်ပြပါ စာရင်းများတွင် လည်းကောင်း ၊ သို့မဟုတ် အင်တာနက် ဆက်သွယ်မှု နှေးကွေးသော နေရာများတွင် အသုံးပြုရန်အတွက်  excel ဖိုင် အနေဖြင့် လည်းကောင်း ရရှိနိုင်ကြပါသည်။

MIMU အဖွဲ့အစည်း လမ်းညွှန်တွင် ဆက်သွယ်ရန် လိပ်စာ အသစ်များ ထည့်ရန် သို့မဟုတ် ပြင်ဆင်ရန်အတွက် Submit Contact စာမျက်နှာတွင် အသေးစိတ် ဖြည့်သွင်းပါ။ မိမိတို့အဖွဲ့အစည်း၏ ဆက်သွယ်ရန် အချက်အလက်များသည် MIMU website တွင် မှတ်တမ်းတင်ထားပြီးဖြစ်ပါက၊ အချက်အလက် အပြောင်းအလဲများ ရှိပါက ကိုယ်တိုင် ပြင်ဆင်နိုင်မည် ဖြစ်ပါသည်။ ထပ်မံ သိရှိလိုသည်များအတွက် [email protected] ကို ဆက်သွယ်ပါ။

"Please check the spelling."

အဖွဲ့အစည်းအချင်းချင်းကြား ညှိနှိုင်းဆောင်ရွက်မှုပုံစံများ

 

မြန်မာနိုင်ငံအတွင်း စီမံကိန်းများ လုပ်ဆောင်လျက်ရှိကြသော အဖွဲ့အစည်း အချင်းချင်း ကြား ညှိနှိုင်း ဆောင်ရွက်မှုများကို အထောက်အကူ ဖြစ်စေရန်အတွက် ပေါင်းစု အဖွဲ့များနှင့် ၎င်းတို့ရှိ အဓိက ဆက်သွယ်နိုင်မည့်သူများ၏ အီးမေးလ်၊ ဖုန်းနံပါတ် စသည်တို့ ပါရှိသည့် စာရင်းများကိုလည်း MIMU မှ ပြုစုထားရှိပါသည်။ အဆိုပါ စာရင်းအား အချိန်နှင့် တစ်ပြေးညီ အချက်အလက် ပြောင်းလဲမှုများ ကို ဖော်ပြပေးနိုင်ရန် [email protected] မှ တစ်ဆင့် တိုးတက် ပြောင်းလဲမှုများ၊ ပြင်ဆင်ချက်များနှင့် ပတ်သက်သည့် သတင်း အချက်အလက်များကို မျှဝေ ပေးခြင်းအားဖြင့် ပူးပေါင်း ဆောင်ရွက်ပေးပါရန် လည်း ပန်ကြားအပ်ပါသည်။