MIMU ဝက်ဆိုဒ် အသုံးပြုမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များ
 
နောက်ဆုံးပြုပြင်မွမ်းမံမှု - ဧပြီလ ၃ ရက် ၂၀၂၀

ဤအသုံးပြုမှုဆိုင်ရာ စည်းကမ်းချက်များသည် မည်သည့်အကြောင်းကြောင့်မဆို MIMU ဝက်ဘ်ဆိုဒ်နှင့် ဆက်စပ်သော MIMU ထုတ်ကုန်များနှင့်ဝန်ဆောင်မှုများကို ဝင်ရောက် ကြည့်ရှုကြသည့် (သို့မဟုတ်) ရယူသုံးစွဲကြသည့် ဧည့်သည်များ၊ သုံးစွဲသူများ၊ ပံ့ပိုးသူများနှင့်အခြားသူများ အားလုံးနှင့်သက်ဆိုင်သည်။

MIMU ဝဘ်ဆိုဒ်ကို ဝင်ရောက်ခြင်း နှင့်အသုံးပြုခြင်းသည် အောက်ပါ အသုံးပြုမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များကို သဘောတူခြင်းဖြစ်သည်။

၁။  

MIMU ၏ အခန်းကဏ္ဍ
     
၁.၁  
မြန်မာသတင်းအချက်အလက်စီမံခန့်ခွဲမှု ယူနစ် သို့မဟုတ် MIMU သည် သတင်းအချက်အလက်စီမံခန့်ခွဲမှု လိုအပ်ချက်များနှင့် မြန်မာနိုင်ငံတစ်ဝှမ်း လူသားချင်း စာနာထောက်ထားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးကို ဦးစားပေးဆောင်ရွက်သူများ၏ ဆုံးဖြတ်ချက်ချမှုဆိုင်ရာ ကိစ္စရပ်များကို ပံ့ပိုးပေးနိုင်ရန်အတွက် ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်နှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးမှ ကမ်းလှမ်းပေးအပ်ထားသော ဝန်ဆောင်မှုတစ်ခုဖြစ်သည်။
     
၁.၂  
MIMU သည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး၊ လူသားချင်းစာနာထောက်ထားရေးနှင့် ငြိမ်းချမ်းရေးကို ဦးစားပေးလုပ်ဆောင်သူများအတွက် ဘုံအသုံးပြုနိုင်သော အချက်အလက်နှင့် သတင်းအချက်အလက် ဘဏ်တိုက်အဖြစ် လုပ်ဆောင်သည်။ နိုင်ငံတစ်ဝှမ်းရှိ သက်ဆိုင်ရာ ကဏ္ဍများမှ သတင်းအချက်အလက် အမျိုးမျိုးကို ကောက်ယူစုဆောင်းပြီး ထိုသတင်းအချက်အလက်များကို သက်ဆိုင်သူများ ကျယ်ကျယ်ပြန့်ပြန့် လက်လှမ်းမီနိုင်အောင် ပြုလုပ်ပေးသည်။
     
၁.၃  
MIMU သည် လူသားချင်းစာနာထောက်ထားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးကို ဦးတည်သည့် လုပ်ငန်းများအတွက် MIMU ကိုယ်တိုင်စုဆောင်း ထုတ်လုပ်ထား သော အချက်အလက်များ၊ အစီရင်ခံစာများနှင့် အခြားထုတ်ကုန်များအပြင် အရပ်ဘက် အဖွဲ့အစည်းများ၊ ကုလသမဂ္ဂအေဂျင်စီများ၊ ဒေသတွင်းနှင့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ကြက်ခြေနီအဖွဲ့များနှင့်အလှူရှင်များ အပါအဝင်၊ အခြားသက်ဆိုင်သူများ ကျယ်ပြန့်စွာ စုစည်း ထားသည့် အချက်အလက်များ ကို လွယ်ကူစွာ ရယူ မျှဝေနိုင်အောင် ပံ့ပိုးပေးသည်။

၂။  

MIMU ထုတ်ကုန်များအသုံးပြုမှုဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များ
     
၂.၁  
MIMU ထုတ်ကုန်အားလုံးနှင့်အတူ အခြားဖွံ့ဖြိုးတိုးတက်ရေး၊ လူသားချင်းစာနာထောက်ထားရေးနှင့် ငြိမ်းချမ်းရေးကို ဦးစားပေးဆောင်ရွက်သူများမှ ပံ့ပိုးပေးသော ထုတ်ကုန်များနှင့် MIMU ၀က်ဆိုဒ်တွင် ဝေမျှထားသော အကြောင်းအရာများကို အခမဲ့ရရှိနိုင်ပြီး စီးပွားဖြစ်ရည်ရွယ်ချက်များအတွက် ရောင်းချခြင်း သို့မဟုတ် အသုံးပြုခြင်းများ မပြုလုပ်ရပါ။
     
၂.၂  
MIMUစီမံခန့်ခွဲမှုအဖွဲ့၏ စာဖြင့်ရေးသားထားသော အထူး ခွင့်ပြုချက် လိုအပ်သည့် MIMU ၏ ပထဝီဝင်ဆိုင်ရာ သတင်းအချက်အလက်များမှအပ၊ အသုံးပြုသူများသည် ဤသတ်မှတ်ချက်များနှင့် စည်းကမ်းချက်များကို အပြည့်အ၀ လိုက်နာ၍ MIMU (သို့မဟုတ် သက်ဆိုင်ရာနေရာရှိ မူရင်းစာရေးသူအား) ရည်ညွှန်းကိုးကားဖြင့် ရှင်းစွာ ညွှန်းဆိုပြီး မိတ္တူကူးယူခြင်း၊ လွတ်လပ်စွာပုံတူကူးခြင်း၊ ထပ်မံဖြန့်ဝေခြင်းများ ပြုလုပ်နိုင်သော်လည်း ၊ ထိုပစ္စည်းများ၏ မိတ္တူများကို စီးပွားဖြစ် ရည်ရွယ်ချက်များအတွက် ရောင်းချခြင်း သို့မဟုတ် အသုံးပြုခြင်းများ မပြုလုပ်ရပါ။
     
၂.၃  
MIMU ၏ ပထဝီအနေအထားဆိုင်ရာ အချက်အလက်အစုများအသုံးပြုခြင်းသည် MIMU စီမံခန့်ခွဲမှုမှ အထူးရေးသား လက်မှတ်ရေးထိုးထားသော ခွင့်ပြုချက် လိုအပ်သည်။ ခွင့်ပြုခဲ့ပါက ထိုသို့သော ခွင့်ပြုချက်များသည် သီးသန့် အခြေအနေမဟုတ်လျှင် တစ်ကြိမ်တစ်ခါသာ အကျုံးဝင်လိမ့်မည်။ ထိုကဲ့သို့သော ဒေတာအစု၊ သတင်း အချက်အလက်၊ပစ္စည်းများ သို့မဟုတ် ထုတ်ကုန်များ အသုံးပြုမှုအတွက် စာဖြင့် ရေးသားခွင့်ပြုချက် မရှိခြင်းသည် ၎င်း၏အကြောင်းအရာများအတွက် မိမိတို့၏ တာဝန်သာဖြစ်ကြောင်း ဝန်ခံချက်တစ်ခုအဖြစ် အဓိပ္ပာယ်ကောက်ယူရလိမ့်မည်။

၃။  

အသုံးပြုသူဆိုင်ရာ သဘောတူညီချက်
     
၃.၁  
MIMU မှ ပံ့ပိုးထားပေးသော အချက်အလက်အစုများအပါအဝင် MIMU ၀က်ဘ်ဆိုဒ်နှင့် အချက်အလက်များကို အသုံးပြုသူများသည် ဤထုတ်ကုန်များနှင့် အချက်အလက်အစုများကို ကြော်ငြာရန် သို့မဟုတ် မည်သည့် ကုန်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများကို ရောင်းချရန် သို့မဟုတ် စစ်တမ်းများ၊ ပြိုင်ပွဲများ၊ ကွင်းဆက်ဖြန့်ဝေရသော စာများ ပြုလုပ်ရန် အသုံးပြုမည် မဟုတ်ကြောင်း ကတိကဝတ်ပြုရမည်။
     
၃.၂  
MIMU ဝက်ဘ်ဆိုက်ရှိ မည်သည့် စာရွက်စာတမ်းများကို မဆို မူပိုင်ခွင့်၊ ရပိုင်ခွင့်ရှိသည့် အဖွဲ့အစည်းများ သို့မဟုတ် ပုဂ္ဂိုလ်များသည် [email protected] သို့ စာရေးသားတောင်းခံစာဖြင့် အချိန်အခါ မရွေး မိမိတို့ စာရွက်စာတမ်းများကို ဖျက်သိမ်းရန် တင်ပြနိုင်သော်လည်း ဤအသုံးပြုမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် သတ်မှတ်ချက်များကို ပယ်ဖျက်မည်မဟုတ်ပါ။

၄။  

MIMU နှင့် ၎င်း၏ ရင်းမြစ်များအား အသိအမှတ်ပြုခြင်း
     
၄.၁  
MIMU သည် MIMU ၀က်ဘ်ဆိုဒ်၊ ထုတ်ကုန်များနှင့် လုပ်ငန်းသုံးပရိုဂရမ်များတွင် ပါ၀င်သော သို့မဟုတ် ညွှန်းဆိုထားသော စာရေးသူများနှင့်ရင်းမြစ်များအားလုံးကို သတင်းအချက်အလက်များအား အခြေခံ၍ သေချာစွာ အသိအမှတ်ပြုသည်။ ထို့ကြောင့် ဤ၀က်ဘ်ဆိုဒ်နှင့် ၎င်း၏ လုပ်ငန်းသုံးပရိုဂရမ်များကို အသုံးပြုသူများ အားလုံးသည် MIMU ၀က်ဘ်ဆိုဒ်မှ ရရှိသော သတင်းအချက်အလက်များကို အသုံးပြုခြင်းနှင့် / သို့မဟုတ် သတင်းအချက်အလက်များ ပြန်လည်ထုတ်ယူခြင်းတို့တွင် MIMU နှင့် အကြောင်းအရာအရင်းအမြစ်အားလုံးကို အသိအမှတ်ပြုရန် ကတိကဝတ်ပြုရမည်။
     
၄.၂  
အသုံးပြုသူများသည် စာရေးသူများ၏ ထည့်သွင်းထားချက်များ၊ တရား၀င်ထုတ်ပြန်ချက်များ၊ ပိုင်ဆိုင်မှုဆိုင်ရာ ဂုဏ်ထူးဝိသေသများ၊ အမှတ်တံဆိပ်များ (လိုဂို)၊ တံဆိပ်များကို ပြောင်းလဲခြင်း သို့မဟုတ် ဖျက်ပစ်ခြင်းများနှင့် ဤ၀က်ဘ်ဆိုဒ်မှ ပံ့ပိုးထားသည့် သို့မဟုတ် ရယူထားသည့် မည်သည့်ပစ္စည်း၏ မူလ သို့မဟုတ် အရင်းအမြစ်ကို အတုလုပ်ဆောင်ခြင်းများ မပြုလုပ်ရပါ။

၅။  

MIMU ဝက်ဘ်ဆိုဒ် သို့မဟုတ် MIMU ထုတ်ကုန်များနှင့် ချိတ်ဆက်ခြင်း
     
၅.၁  
MIMU သည် သတင်းအချက်အလက်များကို တာ၀န်ရှိစွာ မျှဝေရန်နှင့် မူပိုင်ခွင့်၊ အချက်အလက်၏ တည်တံ့ခိုင်မြဲမှုနှင့် နောက်ဆုံးပေါ် သတင်းအချက်အလက်များအား ဦးစားပေးရန် အားပေးသည်။ ဤအကြောင်းအချက်ကြောင့် MIMU သည် ပြင်ပ ဝက်ဘ်ဆိုဒ်တစ်ခုခုကို ထိန်းသိမ်းထားသော အသုံးပြုသူများအား အောက်ပါ အခြေအနေများနှင့် ကိုက်ညီပါက ကြိုတင်ခွင့်ပြုချက်တောင်းခံရန် မလိုဘဲ http://themimu.info/ သို့မဟုတ် ၎င်း၏လက်အောက်ခံစာမျက်နှာများသို့ ပြင်ပ ဝက်ဘ်ဆိုဒ်ပေါ်တွင် hyperlink များ ထည့်သွင်းရန် အားပေးသည်။

ဤ hyperlink များသည် အောက်ပါအတိုင်း မဖြစ်စေရ။
              
●  
MIMU ၏ အခွင့်အရေးများ၊ အထူးသဖြင့် ၎င်း၏ အမှတ်တံဆိပ်လိုဂို၊ အတိုကောက်နှင့် ဉာဏပစ္စည်း မူပိုင်ခွင့် အခွင့်အရေးများကို ချိုးဖောက်ခြင်း၊
              
●  
အခြားမည်သည့်အဖွဲ့အစည်း သို့မဟုတ် ကုမ္ပဏီမြှင့်တင်ရေးအတွက်ဖြစ်စေ၊ စီးပွားဖြစ်ထုတ်ကုန်များ သို့မဟုတ် ၀န်ဆောင်မှုများအတွက် ဖြစ်စေ အသုံးပြုခြင်း။
 
     
      
အကျိုးဆက်အဖြစ်
              
●  
MIMU ဝက်ဘ်ဆိုဒ် သို့မဟုတ် MIMU ထုတ်ကုန်များသို့ ချိတ်ဆက်မှုများသည် ဉပမာအားဖြင့် ပြည့်စုံထင်ရှားသော MIMU URLနှင့်အတူ ရှင်းရှင်းလင်းလင်း ပေါ်လွင်နေရမည်။
              
●  
MIMU ဝက်ဘ်ဆိုဒ် သို့မဟုတ် MIMU ထုတ်ကုန်များနှင့် ချိတ်ဆက်ခြင်းသည် MIMU စာမျက်နှာများတစ်ဝိုက် ဖရိန်ဘောင်များ ဖန်တီးခြင်း သို့မဟုတ် အခြားသော အသွင်အပြင် ပြောင်းလဲစေသည့် ကိရိယာများ အသုံးပြုခြင်းကို ရှောင်ကြဉ်ရမည်။
              
●  
MIMU ဝက်ဘ်ဆိုဒ် သို့မဟုတ် MIMU ထုတ်ကုန်များနှင့် ချိတ်ဆက်ပြီးသည်နှင့် အလုပ် ဖြစ်မဖြစ်၊ အထက်ပါ အခြေအနေများနှင့် ကိုက်ညီမှု ရှိမရှိ စစ်ဆေးရန် လိုအပ်သည်။ [email protected] မှတစ်ဆင့် အသိပေးအကြောင်းကြားခြင်းကို ကျွန်ုပ်တို့ ကျေးဇူးတင်ပါမည်။
     
၅.၂  
ပထဝီအနေအထားဆိုင်ရာ အချက်အလက်များ အပါအ၀င် MIMU ၏ မည်သည့်ဒေတာအစုများကိုမျှ MIMU စီမံခန့်ခွဲမှု၏ ကြိုတင်ခွင့်ပြုချက်မရဘဲ မည်သည့် အွန်လိုင်းပလက်ဖောင်း သို့မဟုတ် ၀က်ဘ်ဆိုဒ်တွင် မထည့်သွင်းရပါ။ ခွင့်ပြုခဲ့ပါက ထိုသို့သော ခွင့်ပြုချက်များသည် သီးသန့် အခြေအနေမဟုတ်လျှင် တစ်ကြိမ်တစ်ခါသာ အကျုံးဝင်လိမ့်မည်။ ထိုကဲ့သို့သော ဒေတာအစု ၊သတင်းအချက်အလက်၊ ပစ္စည်းများ သို့မဟုတ် ထုတ်ကုန်များ အသုံးပြုရန် စာဖြင့် ရေးသားထားသော ခွင့်ပြုချက် မရှိခြင်းအား ၎င်းအကြောင်းအရာ များအတွက် တာဝန်ယူကြောင်း ဝန်ခံချက်တစ်ခုအဖြစ် အဓိပ္ပာယ်ကောက်ယူရလိမ့်မည်။
     
၅.၃  
MIMU ဝက်ဘ်ဆိုဒ် သို့မဟုတ် ထုတ်ကုန်များကို ချိပ်ဆက်ခြင်းနှင့် ဆက်စပ်သော နောက်ထပ်မေးခွန်းများကို [email protected] ရှိ အီးမေးလ်မှတဆင့် ကျွန်ုပ်တို့အား ဆက်သွယ်မေးမြန်းနိုင်ပါသည်။

၆။  

နိုင်ငံ သို့မဟုတ် ဧရိယာသတ်မှတ်ချက်များ
     
၆.၁  
MIMU တွင် ပြသထားသည့် နယ်နိမိတ်များနှင့် အမည်များ၊ အသုံးပြုသော သတ်မှတ်ချက်များနှင့် တင်ပြသော အကြောင်းအရာများသည် မည်သည့် နိုင်ငံ၊ မြို့ သို့မဟုတ် ဒေသ သို့မဟုတ် ၎င်းအာဏာပိုင်များ၏ တရားဝင်အနေအထားနှင့် ပတ်သက်၍သော်လည်းကောင်း၊ သို့မဟုတ် ၎င်း၏ နယ်စပ် သို့မဟုတ် နယ်နိမိတ် သတ်မှတ်ချက်နှင့် ပတ်သက်၍သော်လည်းကောင်း ကုလသမဂ္ဂအဖွဲ့၏ မည်သည့် ထင်မြင်ချက် တစ်စိတ်တစ်ပိုင်းနှင့်မျှ သက်ဆိုင်ဖော်ပြထားခြင်းမဟုတ်‌ပါ။

၇။  

အချက်အလက်များ၏ တိကျမှုနှင့် အများလက်ခံမှု
     
၇.၁  
MIMU သည် ၎င်း၏ ဒေတာအစုများ၊ ထုတ်ကုန်များနှင့် ဂရပ်ဖစ်များကို ပြည့်စုံအောင်နှင့် မှန်ကန်အောင် ထိန်းသိမ်းရန် ကြိုးပမ်းသော်လည်း မည်သို့ပင်ဖြစ်စေ ၎င်းတို့အား ရရှိနိုင်သည့် သတင်းအချက်အလက်များ ပေါ်တွင် မူတည်လျက်ရှိသည်။ ကုလသမဂ္ဂနှင့် MIMU သည် ထုတ်ကုန်များ၊ ၀န်ဆောင်မှုများနှင့် ဆက်စပ်သော ဂရပ်ဖစ်များနှင့် စပ်လျဉ်းပြီး သတင်းအချက်အလက် ပြည့်စုံမှု၊ တိကျမှု၊ ယုံကြည်စိတ်ချရမှု၊ သင့်တော်မှုရှိမှု သို့မဟုတ် ရရှိနိုင်မှုစသည့် မည်သည့် ရည်ရွယ်ချက်အတွက်မဆို ၎င်းအချက်အလက်များအတွက် အမှားအယွင်းများ၊ ချန်လှပ်မှုများ သို့မဟုတ် နှောင့်နှေးမှုများ သို့မဟုတ် ယင်း၏ပြသမှု သို့မဟုတ် အသုံးပြုမှုကြောင့် ဖြစ်ပေါ်လာသော ဆုံးရှုံးမှုများ၊ ထိခိုက်မှုများ သို့မဟုတ် ပျက်စီးမှုများအတွက် တာ၀န်ယူမည် သို့မဟုတ် ကိုယ်စားပြုမည် မဟုတ်ပါ။
     
၇.၂  
ဤဆိုဒ်တွင် ပံ့ပိုးထားသော အကြောင်းအရာများသည် “မျက်မြင် အရှိအခြေအနေအတိုင်း” ပံ့ပိုးထားခြင်းသာဖြစ်၍ ကုန်ပစ္စည်းရောင်းဝယ်မှုဆိုင်ရာ အာမခံချက်များ၊ အထူးရည်ရွယ်ချက်တစ်ခုအတွက် ကိုက်ညီခြင်းနှင့် မချိုးဖောက်ခြင်း၊ မကန့်သတ်ခြင်း အပါအဝင် အခြားဖော်ပြထားသည့် သို့မဟုတ် အဓိပ္ပာယ်သက်ရောက်‌စေသည့် မည်သည့် အာမခံချက်မှ မရှိပါ။
     
၇.၃  
MIMU သည် ဤဆိုဒ်တွင် ပါ၀င်သောအရာများကို ထပ်မံထည့်သွင်းခြင်း၊ ပြောင်းလဲခြင်း၊ တိုးတက်စေခြင်း သို့မဟုတ် မွမ်းမံ့ခြင်းတို့ကို အခါအားလျှော်စွာ အသိပေးချက်မရှိဘဲ လုပ်ဆောင်မည် ဖြစ်သည်။ ဤ၀က်ဘ်ဆိုဒ် အား အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသော စွပ်စွဲချက်များ၊ အမှားများ၊ ချန်လှပ်မှုများ၊ နှောင့်နှေးမှုများ အပါအဝင် ဆုံးရှုံးမှုများ၊ ပျက်စီးမှုများ၊ တာဝန်များနှင့် ကုန်ကျစရိတ်များအား မည်သည့်အခြေအနေမျိုး၌မဆို ကုလသမဂ္ဂနှင့် MIMU သည် တာဝန်ယူမည် မဟုတ်ပါ။
     
၇.၄  
MIMU သည် အရင်းအမြစ် ရရှိနိုင်မှုပေါ် မူတည်ပြီး အသိပေးခြင်းမရှိဘဲ ၎င်း၏ထုတ်ကုန်များနှင့် ဒေတာအချက်အလက်များ၏ အကြောင်းအရာများအား ပြန်လည်ပြင်ဆင်ခြင်း၊ အသစ်ပြောင်းခြင်းနှင့် ဖြည့်စွက်မှုများကို အခါအားလျော်စွာ ထည့်သွင်းခြင်းများရှိသော်လည်း MIMUတွင် ထိုသို့ပြုလုပ်ရန် တာဝန်မရှိပါ။
     
၇.၅  
‌‌‌‌ဒေတာအချက်အလက်များနှင့် သက်ဆိုင်ရာ သတင်းအချက်အလက်များပါရှိသော ‌ဒေတာများ (Meta data)၏ အရည်အသွေး၊ ကန့်သတ်ချက်များနှင့်ပတ်သက်သည့် ဆက်စပ်သတင်းအချက်အလက်များကို ၎င်းအရင်းအမြစ်အတွက် တာ၀န်ရှိသည့် အဖွဲ့အစည်း သို့မဟုတ် ဌာနမှ ရယူသင့်သည်။

၈။  

တာဝန်ယူမှု
     
၈.၁  
MIMU၊ ကုလသမဂ္ဂနှင့် ၄င်း၏တွဲဖက်များ၊ သက်ဆိုင်ရာ ကိုယ်စားလှယ်များ၊ ၀န်ထမ်းများ၊ သတင်းအချက်အလက် ပံ့ပိုးသူများ သို့မဟုတ် အကြောင်းအရာ ပံ့ပိုးသူများသည် မည်သည့်အခြေအနေမျိုး၌မဆို မတိကျမှု၊ အမှားများ၊ ချန်လှပ်မှု၊ ပြတ်တောက်မှု၊ ဖျက်သိမ်းမှု၊ ချွတ်ယွင်းမှုနှင့် ဤတွင်ပါရှိသော မည်သည့် အကြောင်းအရာကို မဆို ပြောင်းလဲခြင်း သို့မဟုတ် အသုံးပြုခြင်းအတွက် အသုံးပြုသူ တစ်ဦးတစ်ယောက် အတွက်ကိုမျှ တာဝန်ယူမည် မဟုတ်သကဲ့သို့ ၎င်းတို့သည် အချိန်မီမှုနှင့် ပြည့်စုံမှု တို့အတွက်ဖြစ်စေ၊ မည်သည့်အကြောင်းကြောင့်ပင်ဖြစ်စေ၊ ၎င်းကြောင့် ဖြစ်ပေါ်လာသော ပျက်စီး ဆုံးရှုံးမှုများ အတွက် စွမ်းဆောင်ရည် ပျက်ကွက်မှု၊ ကွန်ပျူတာဗိုင်းရပ်စ် သို့မဟုတ် ဆက်သွယ်ရေးလိုင်းပျက်ကွက်မှုတို့အတွက် တာ၀န် ယူမည် မဟုတ်ပါ။
     
၈.၂  
MIMU ဒေတာအစုများ၊ ထုတ်ကုန်များနှင့် ဂရပ်ဖစ်များကို မှီခိုအားကိုးခြင်းသည် အသုံးပြုသူ၏ တာဝန် လုံးလုံးသာဖြစ်သည်။ ကုလသမဂ္ဂ သို့မဟုတ် MIMU သည် ထိုကဲ့သို့သော ပျက်စီးဆုံးရှုံးမှု ဖြစ်နိုင်ခြေရှိကြောင်း အကြံပေးခဲ့လျှင်သော်လည်း ကုလသမဂ္ဂနှင့် ၎င်း၏တွဲဖက်များသည် မည်သည့်တိုက်ရိုက်၊ သွယ်ဝိုက်၊ ဖြစ်ရပ်၊ အထူး သို့မဟုတ် နောက်ဆက်တွဲ ထိခိုက်ပျက်စီးမှုများအတွက် တာဝန်မရှိပေ။
     
၈.၃  
အသုံးပြုသူသည် ကုလသမဂ္ဂနှင့် MIMU မှ အခြားအသုံးပြုသူတစ်ဦးတစ်ယောက်၏ အပြုအမူအတွက် တာဝန် မရှိသည်ကို အထူးအသိအမှတ်ပြုသည်။
     
၈.၄  
ဤဝက်ဘ်ဆိုဒ်တွင် တတိယပါတီ ဝက်ဘ်ဆိုဒ်များသို့ ချိတ်ဆက်မှုများနှင့် ရည်ညွှန်းချက်များ ရှိနိုင်သည်။ ချိတ်ဆက်ထားသော ဆိုဒ်များသည် MIMU ၏ ထိန်းချုပ်မှုအောက်တွင် မရှိကြပါ။ MIMU နှင့် ကုလသမဂ္ဂတို့သည် ချိတ်ဆက်ထားသော မည်သည့် ဆိုဒ်၏ ပါ၀င်မှုအကြောင်းအရာ သို့မဟုတ် ချိတ်ဆက်ထားသော ဆိုဒ်၏ လင့်ခ် အတွက် တာဝန် မရှိပါ။ MIMU သည် ၎င်းဆက်သွယ်မှုများကို အဆင်ပြေစေရန်သာ ပံ့ပိုးပေးခြင်းဖြစ်သည်။ လင့်ခ် တစ်ခု သို့မဟုတ် ရည်ညွှန်းမှုတစ်ခု ထည့်သွင်းခြင်းသည် MIMU သို့မဟုတ် ကုလသမဂ္ဂမှ ချိတ်ဆက်ထားသော ဆိုဒ်ကို ထောက်ခံချက် ပေးသည်ဟု မဆိုလိုပေ။
     
၈.၅  
ဤ၀က်ဘ်ဆိုဒ်နှင့် ဤMIMU ထုတ်ကုန်များအားလုံးကို အသုံးပြုခြင်း အခြေအနေတစ်ခု၌ အသုံးပြုသူများ အားလုံးသည် ဤ၀က်ဘ်ဆိုဒ်အား အသုံးပြုခြင်းမှ ထွက်ပေါ်လာသော အချက်အလက်များပေါ် စွပ်စွဲပြောဆိုမှုများ အပါအ၀င် အသုံးပြုသူများမှ အသုံးပြုမှုဆိုင်ရာ စည်းကမ်းချက်များကို ဖောက်ဖျက်သည်ဟု စွပ်စွဲခြင်းများ ပါဝင်သည့် လုပ်ဆောင်ချက်အားလုံး၊ တောင်းဆိုမှုများ၊ ဆုံးရှုံးမှုများ၊ ပျက်စီးဆုံးရှုံးမှုများ၊ (ရှေ့နေများ၏ သင့်တင့်မျှတသော အခကြေးငွေများအပါအဝင်)ကို MIMU၊ ကုလသမဂ္ဂနှင့် ၎င်း၏တွဲဖက်များအား လျော်ကြေးပေးရန် သဘောတူသည်။

၉။  

တားမြစ်ထားသော လုပ်ဆောင်ချက်များ
     
၉.၁  
ဤ၀က်ဘ်ဆိုဒ်သည် မြန်မာနိုင်ငံရှိ လူသားချင်း စာနာထောက်ထားရေး၊ ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးကို ဦးတည်သည့် လုပ်ဆောင်မှုများကို ပံ့ပိုးပေးရန်အတွက် ဖြစ်ရာ ဤအရာများမှလွဲ၍ အခြား မည်သည့် ရည်ရွယ်ချက်အတွက်မဆို ဆိုဒ်အသုံးပြုခြင်းအား တားမြစ်သည်။ မည်သည့် ကူးသန်းရောင်းဝယ်ရေး ကြိုးပမ်းမှုများ သို့မဟုတ် စီးပွားဖြစ်ရည်ရွယ်ချက်များအတွက် ဆိုဒ်ကို အသုံးပြု၍ မရပါ။
ဝက်ဘ်ဆိုဒ်ကို အသုံးပြုသူအနေဖြင့် အောက်ပါတို့ကို မပြုလုပ်ရန် သဘောတူသည် -
              
●  
ဝက်ဘ်ဆိုဒ် အကြောင်းအရာများကို မူလအခြေအနေနှင့် ဆန့်ကျင်အောင် သို့မဟုတ် ၎င်းတို့၏ မူလရည်ရွယ်ချက်နှင့် ကွဲလွဲစေအောင် လိုသလို ဖျက်တောက်ခြင်း၊ ပြောင်းလဲခြင်း သို့မဟုတ် ပြုပြင်ခြင်း။
              
●  
MIMU ၏ တရား၀င်ခွင့်ပြုထားသော ကိုယ်စားလှယ်ထံမှ ရေးသားထားသော ခွင့်ပြုချက်မရှိဘဲ အချက်အလက် သို့မဟုတ် အခြားအကြောင်းအရာများကို တိုက်ရိုက် ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ စုစည်းရန် သို့မဟုတ် ဖန်တီးရန်အတွက် စုဆောင်းခြင်း၊ စုစည်းခြင်း နှင့် ဆိုဒ်မှ အချက်အလက်များကို စနစ်တကျပြန်လည်ရယူခြင်း။
              
●  
မလိုလားသော အီးမေးလ်များပေးပို့ရန် အလိုအလျောက်နည်းလမ်းများဖြင့် သို့မဟုတ် အခြားနည်းလမ်းများဖြင့် အသုံးပြုသူ၏ သုံးစွဲသူအမည်နှင့် / သို့မဟုတ် အီးမေးလ်လိပ်စာများကို စုဆောင်းခြင်း၊ သို့မဟုတ် မစစ်မှန်သော အယောင်ဆောင်မှုဖြင့် အကောင့်များ ပြုလုပ်ရန်အတွက် ဝက်ဘ်ဆိုဒ်ကို ခွင့်ပြုချက်မရှိဘဲ သုံးစွဲခြင်း။
              
●  
ကုန်ပစ္စည်းများနှင့် ၀န်ဆောင်မှုများကို ရောင်းချရန်အလို့ငှာ ကြော်ငြာခြင်း (သို့) ကမ်းလှမ်းခြင်းအတွက် ဆိုဒ်ကို အသုံးပြုခြင်း။
              
●  
မည်သည့် အကြောင်းအရာကို မဆို ကူးယူခြင်းကို တားဆီးသည့် သို့မဟုတ် ကန့်သတ်သည့် အင်္ဂါရပ်များ သို့မဟုတ် ဆိုဒ်အသုံးပြုမှုနှင့် ဆိုဒ်တွင် ပါ၀င်သည့် အကြောင်းအရာများအပေါ် ကန့်သတ်ပြဌာန်းခြင်းများ အပါအဝင် ဆိုဒ်၏ လုံခြုံရေးနှင့် သက်ဆိုင်သော အင်္ဂါရပ်များကို ရှောင်ရှားခြင်း၊ ပိတ်ခြင်း သို့မဟုတ် အခြား တစ်နည်းနည်းဖြင့် ၀င်ရောက်စွက်ဖက်ခြင်း။
              
●  
ဝက်ဘ်ဆိုဒ်ကို ခွင့်ပြုချက်မရှိဘဲ ပုံစံချခြင်းနှင့် ချိတ်ဆက်ခြင်း။
              
●  
ကျွန်ုပ်တို့နှင့် အခြားသုံးစွဲသူများကို အထူးသဖြင့် အသုံးပြုသူ၏ စကားဝှက်များကဲ့သို့ အထိခိုက်မခံသော အကောင့်အချက်အလက်များကို လေ့လာရန်အတွက် ပရိယာယ်ဆင်ခြင်း၊ လှည့်စားခြင်း သို့မဟုတ် အထင်အမြင်မှားစေခြင်းကဲ့သို့ ကြိုးပမ်းအားထုတ်ခြင်း။
              
●  
ကျွန်ုပ်တို့ ပံ့ပိုးပေးထားသည့် ဝန်ဆောင်မှုများကို မလျော်မကန် အသုံးချခြင်း သို့မဟုတ် အလွဲသုံးခြင်း သို့မဟုတ် လက်မခံနိုင်သော အပြုအမူဆိုင်ရာ မှားယွင်းသော အစီရင်ခံစာများ တင်သွင်းခြင်း။
              
●  
ဇာတ်ညွှန်းကဲ့သို့အရာများကို မှတ်ချက်များ သို့မဟုတ် မက်ဆေ့ခ်ျများ ပို့ရန် အသုံးပြုခြင်း၊ သို့မဟုတ် အချက်အလက်များ တူးဖော်ခြင်း၊ စက်ရုပ်များ သို့မဟုတ် အလားတူ အချက်အလက် စုဆောင်းခြင်းနှင့် အချက်အလက် ထုတ်ယူသော ကိရိယာများ သုံးခြင်း စသည်တို့ကဲ့သို့သော စနစ်တစ်ခု၏ အလိုအလျောက် လုပ်ဆောင်ချက်များကို အသုံးပြုခြင်း။
              
●  
ဆိုဒ် သို့မဟုတ် ၎င်းနှင့်ချိတ်ဆက်ထားသော ကွန်ယက်များ သို့မဟုတ် ၀န်ဆောင်မှုများကို ၀င်ရောက် စွက်ဖက်ခြင်း၊ နှောင့်ယှက်ခြင်း၊ သို့မဟုတ် ဝန်ပိစေရန် လုပ်ဆောင်ဖန်တီးခြင်း။
              
●  
အခြားအသုံးပြုသူ သို့မဟုတ် လူတစ်ဦးတစ်ယောက်၏ အယောင်ဆောင်ခြင်း၊ သို့မဟုတ် အခြားအသုံးပြုသူ၏ အမည်ကို အသုံးပြုရန် ကြိုးစားခြင်း။
              
●  
သင်၏ ကိုယ်ရေးရာဇဝင်ကို ရောင်းချခြင်း (သို့) အခြားနည်းဖြင့် လွှဲပြောင်းခြင်း။
              
●  
အခြားသူကို အနိုင်ကျင့်ရန်၊ အလွဲသုံးစားရန် သို့မဟုတ် ထိခိုက်စေရန် ဆိုဒ်မှ ရရှိသော မည်သည့် သတင်းအချက်အလက်ကိုမဆို အသုံးပြုခြင်း။
              
●  
၀က်ဘ်ဆိုဒ်ကို MIMU ၏ လှုပ်ဆောင်မှုများနှင့် ယှဉ်ပြိုင်ရန် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အသုံးပြုခြင်း သို့မဟုတ်ပါက ၀င်ငွေရရှိသည့် ကြိုးပမ်းမှု သို့မဟုတ် စီးပွားဖြစ် စီးပွားရေးလုပ်ငန်းများအတွက် ဆိုဒ်နှင့် / သို့မဟုတ် ဆိုဒ်တွင် ပါ၀င်သည့်အကြောင်းအရာများကို အသုံးပြုခြင်း။
              
●  
ဆိုဒ်၏ အစိတ်အပိုင်းတစ်ခု သို့မဟုတ် ပါ၀င်သော မည်သည့် ဆော့ဝဲလ်ကိုမဆို ဝှက်စာဖော်ခြင်း၊ ခွဲထုတ်ခြင်း ဖြုတ်ထုတ်ခြင်း သို့မဟုတ် အင်ဂျင်အား ပြောင်းပြန် ဖြစ်စေခြင်း။
              
●  
ဆိုဒ်ကို ဝင်ရောက်ခြင်းကို တားဆီးရန် သို့မဟုတ် ကန့်သတ်ရန် ဒီဇိုင်းပြုလုပ်ထားသော ဝက်ဘ်ဆိုဒ်၏ မည်သည့်အစီအမံကို မဆို ရှောင်ရှားရန် ကြိုးပမ်းခြင်း။
              
●  
ကျွန်ုပ်တို့၏ ၀န်ထမ်းများ သို့မဟုတ် မည်သည့်၀န်ထမ်းကိုမဆို ၀က်ဘ်ဆိုဒ်၏ အစိတ်အပိုင်းတစ်ခုကို သင့်အားပေးအပ်စေရန် နှောင့်ယှက်ခြင်း၊ စိတ်အနှောက် အယှက်ပေးခြင်း၊ ခြိမ်းခြောက်ခြင်း သို့မဟုတ် ကြိမ်းမောင်းခြင်း။
              
●  
မည်သည့် အကြောင်းအရာကိုမှ မဆို မူပိုင်ခွင့် သို့မဟုတ် ထုတ်ကုန်အခွင့်အရေးဆိုင်ရာ အသိပေးချက်ကို ဖျက်ပစ်ခြင်း။
              
●  
Flash၊ PHP, HTML, JavaScript သို့မဟုတ် အခြားကုဒ်များ အပါအ၀င် ဆိုဒ်၏ ဆော့ဖ်ဝဲကို ကူးယူခြင်း။
              
●  
အခြားသူများ၏ ဆိုဒ်ကို အနှောက်အယှက်မရှိ ကောင်းမွန်စွာ အသုံးပြုမှုကို နှောင့်ယှက်စေသော ဗိုင်းရပ်စ်များ၊ ထရိုဂျန်ဟော့ Trojan horses သို့မဟုတ် အခြားပစ္စည်းများ (စာလုံးအကြီးများ အလွန်အမင်း အသုံးပြုခြင်းနှင့် မေးလ်များ၊ စာများ ထပ်ခါထပ်ခါပို့ခြင်း အပါအ၀င် (စာများ အကြိမ်ကြိမ် အဆက်မပျက် ပေးပို့ခြင်း) စသည်များကို ဆိုဒ်သို့ တင်ခြင်း သို့မဟုတ် ပေးပို့ခြင်း ( တင်ရန် သို့မဟုတ် ပေးပို့ရန် ကြိုးပမ်းခြင်း) သို့မဟုတ် ပြုပြင်ခြင်း၊ ချို့ယွင်းစေခြင်း၊ ပြတ်တောက်စေခြင်း၊ ပြောင်းလဲခြင်း သို့မဟုတ် ဆိုဒ်အသုံးပြုမှု ၊ အင်္ဂါရပ်များ၊ လုပ်ဆောင်ချက်များ၊ လည်ပတ်မှု သို့မဟုတ် ဆိုဒ် ပြုပြင်ထိန်းသိမ်းမှုများကို နှောက်ယှက်ခြင်း။
              
●  
အကန့်အသတ် မထားသော ရှင်းလင်းသည့် ပုံရိပ်ဖလှယ်မှုပုံစံများ (“gifs”)၊ ၁×၁ ပစ်ဇယ်များ၊ အသုံးပြုသူတို့၏ အပြုအမူကို စောင့်ကြည့်သည့် ဝက်ဘ်ပေါ်ရှိ ဖိုင်စနစ်များ၊ ကွတ်ကီးများ (သို့) အခြားအလားတူကိရိယာများ (တစ်ခါတစ်ရံ “စပိုင်ဝဲ” သို့မဟုတ် “အသုံးပြုသူမသိအောင် အချက်အလက် စုဆောင်းသော ယန္တရားများ” သို့မဟုတ် “pcms”ဟု ညွှန်းဆိုကြသည်) အပါအဝင် အသုံးပြုသူမသိအောင် သတင်းအချက်အလက် စုဆောင်းခြင်း သို့မဟုတ် အသုံးပြုသူဆီ ခွင့်တောင်းစာဖြင့် သတင်းအချက်အလက်စုဆောင်းခြင်း သို့မဟုတ် ထုတ်လွှင့်ခြင်း ယန္တရားအနေဖြင့် လုပ်ဆောင်သော မည်သည့်ပစ္စည်းကိုမဆို ဆိုဒ်သို့ တင်ခြင်း သို့မဟုတ် ပေးပို့ခြင်း ( တင်ရန် သို့မဟုတ် ပေးပို့ရန် ကြိုးပမ်းခြင်း)။
              
●  
စံရှာဖွေရေးအင်ဂျင် သို့မဟုတ် အင်တာနက်ဘရောင်ဇာ အသုံးပြုခြင်းမှလွဲ၍ မည်သည့် အလိုအလျောက်စနစ်ကိုမဆို အသုံးပြုခြင်း၊ မိတ်ဆက်ခြင်း၊ ဖွံ့ဖြိုးစေခြင်း၊နှင့် ဖြန့်ဖြူးခြင်း အပါအဝင် ကန့်သတ်မထားသော အလိုအလျောက် စနစ်ဖြင့် ရှာဖွေခြင်း၊ ယင်းသို့ရှာဖွေနိုင်သည့် စက်ရုပ်နည်းပညာ၊ လိမ်ညာသုံးစွဲမှု၊ ဆိုဒ်မှ သတင်းအချက်အလက် စုဆောင်းသည့် ဆော့ဖ်လ်ဝဲ (သို့) အော့ဖ်လိုင်းစာဖတ်သူ အပါအဝင် မည်သည့် အလိုအလျောက်စနစ်ကိုမဆို အသုံးပြုခြင်း၊ သို့မဟုတ် ခွင့်ပြုချက်မရှိသော အညွှန်းစာများ သို့မဟုတ် အခြား ဆော့ဖ်လ်ဝဲ တစ်ခုခုကို အသုံးပြုခြင်း သို့မဟုတ် ဖွင့်ခြင်း။
              
●  
MIMU / သို့မဟုတ် ဆိုဒ်တွင် ကျွန်ုပ်တို့၏ ထင်မြင်ယူဆချက်ကို ချိုးချိုးနှိမ်နှိမ်ပြောဆိုခြင်း၊ ဂုဏ်သတင်းမှေးမိန်စေခြင်း၊ သို့မဟုတ် တစ်နည်းနည်းဖြင့် ထိခိုက်စေခြင်း။
              
●  
အကျုံးဝင်သော ဥပဒေများ သို့မဟုတ် စည်းမျဉ်းများနှင့် မကိုက်ညီသော နည်းလမ်းဖြင့် ဆိုဒ်ကို အသုံးပြုခြင်း။

၁၀။ 

ကိုယ်ရေးကိုယ်တာအချက်အလက်ဆိုင်ရာ မူဝါဒ
     
၁၀.၁ 
ဤဆိုဒ်သည် ကွတ်ကီး (Cookies) များကို အသုံးပြုသည်။ ကွတ်ကီး (Cookies) အသုံးပြုမှုမှ ရရှိသော အသုံးပြုသူ အချက်အလက်များကို တတိယပါတီများနှင့် မျှဝေမည်မဟုတ်ဘဲ ဝက်ဆိုဒ်အသုံးပြုသူ၏ အတွေ့အကြုံနှင့် ဆီလျှော်ကိုက်ညီမှု ရှိစေရန်၊ အရည်အသွေး မြှင့်တင်ရန်အတွက်သာ MIMUမှ အသုံးပြုမည် ဖြစ်သည်။
     
၁၀.၂ 
၀က်ဘ်ဆိုဒ်၏ လုပ်ဆောင်ချက်အချို့တွင် အသုံးပြုသူများ တင်သွင်းသော သတင်းအချက်အလက်များကို ပုံမှန်မွမ်းမံရန် အသုံးပြုသူမှ စာရင်းသွင်းမှတ်ပုံတင်မှု လိုအပ်သည်။ (ဥပမာအားဖြင့် ဆက်သွယ်ရန် အချက်အလက်၊ အကဲဖြတ် စစ်ဆေးခြင်း၊ အလုပ်အကိုင်နှင့်အဆိုပြုလွှာတင်ခြင်း) ဤမှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်မှ ရရှိသော ကိုယ်ရေးကိုယ်တာ အချက်အလက်များကို MIMU အတွင်းတွင်သာ အသုံးပြုပြီး ထိုရည်ရွယ်ချက်အပြင် ထုတ်ဝေခြင်း၊ လိုင်စင်ပေးခြင်း သို့မဟုတ် တတိယပါတီများသို့ ထုတ်ဖော်ခြင်း မပြုပါ။ သို့သော်လည်း MIMU သည် ဤအချက်အလက်များ၏ လုံခြုံရေးအတွက် တာ၀န်မရှိပါ။ အကယ်၍ ကျွန်ုပ်တို့အနေနှင့် အသုံးပြုသူအမည်များသည် မသင့်လျော်ခြင်း၊ ညစ်ညမ်းခြင်းနှင့် ကန့်ကွက်စရာ ဖြစ်စေခြင်း စသည့် အချက်များကို တွေ့ရှိပါက ကျွန်ုပ်တို့ တစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့် MIMU သည် သင်ရွေးချယ်သော အသုံးပြုသူအမည်ကို ဖယ်ရှားခြင်း၊ ပြန်လည်ထုတ်ပစ်ခြင်း သို့မဟုတ် ပြောင်းလဲခြင်းများ လုပ်ပိုင်ခွင့်ရှိသည်။
     
၁၀.၃ 
MIMU ထုတ်ကုန်အချို့တွင် အသုံးပြုသူ / သက်ဆိုင်ရာ အေဂျင်စီမှ သတင်းအချက်အလက်များ၏ တစ်စိတ်တစ်ပိုင်းကိုသာ အများပြည်သူကို မျှဝေပေးမည့် “ကန့်သတ်ထားသော” သတင်းအချက်အလက် မျှဝေခြင်း ကိစရပ်များလည်း ပါဝင်သည်။ MIMU သည် ထိုကဲ့သို့သော ကန့်သတ်ထားသော သတင်း အချက်အလက်များကို လျှို့ဝှက်စွာ အပြည့်အဝ ထိန်းသိမ်းပြီး အသုံးပြုသူမှ ကြိုတင် သဘောတူထားသည့် အတိုင်းအဆကိုသာ မျှဝေမည်ဖြစ်သည်။
     
၁၀.၄ 
ဝက်ဘ်ဆိုဒ်မှ အင်တာနက်ပရိုတိုကော (အိုင်ပီ) လိပ်စာများ၊ ဒေါင်းလုပ်ကူးယူခြင်းဆိုင်ရာ အသေးစိတ်အချက်အလက်များ၊ ဝက်ဘ်ဆိုဒ်မှတစ်ဆင့် သွားလာလှည့်ပတ်မှု ပုံစံများ၊ ဝက်ဘ်ဆိုက် အသုံးပြုချိန်များနှင့် အခြား အလားတူ သတင်းအချက်အလက်များ ကဲ့သို့သော ဤ၀က်ဘ်ဆိုဒ် အသုံးပြုသူများနှင့်ပတ်သက်သော သတင်းအချက်အလက်များကို စောင့်ကြည့်လေ့လာခြင်းအတွက် MIMU ဆာဗာတွင် သိမ်းဆည်းလိမ့်မည်။ ၎င်းသည် အသုံးပြုသူအား မည်သူမည်ဝါဖြစ်ကြောင်း အထူး ဖော်ပြလိမ့်မည် မဟုတ်ပါ။

၁၁။ 

အထွေထွေပြဌာန်းချက်များ
     
၁၁.၁ 
MIMU သည် ဤ ၀က်ဘ်ဆိုဒ် သို့မဟုတ် မည်သည့် အပိုင်းကိုမဆို အသုံးပြုသူအား အသိပေးခြင်းမရှိဘဲ မိမိ၏ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် အသုံးပြုခွင့်ကို ငြင်းပယ်ပိုင်ခွင့်ရှိသည်။
     
၁၁.၂ 
MIMU၏ သက်ဆိုင်ရာအာဏာပိုင် ကိုယ်စားလှယ်မှ လက်မှတ်ရေးထိုးခြင်းထုတ်ပြန်ခြင်းမှလွဲ၍ ဤစည်းမျဉ်းစည်းကမ်းများအား MIMU မှ စွန့်လွှတ်မည် မဟုတ်ဘဲ မည်သည့်စည်းကမ်းချက်ကိုမဆို လိုက်နာရမည် ဖြစ်သည်။ MIMU သည် မည်သည့်အကြောင်းပြချက်ဖြင့်မဆို ၎င်း၏ MIMU ဝက်ဘ်ဆိုဒ် (သို့) အကြောင်းအရာများအား ပြောင်းလဲခြင်း၊ ကန့်သတ်ခြင်း၊နှင့် ဆက်လက်အသုံးမပြုစေခြင်းများ အပြည့်အဝ လုပ်ပိုင်ခွင့် ရှိသည်။
     
၁၁.၃ 
MIMUသည် မည်သည့်အသုံးပြုသူပင် ဖြစ်စေ ၎င်း၏ ဆက်သွယ်မှုနှင့်ပတ်သက်သော လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားရန် တာ၀န်မရှိပါ။ အသုံးပြုသူသည် ဤဝက်ဘ်ဆိုက်ရှိ မည်သည့်ပစ္စည်းကိုမဆို သို့မဟုတ် ယင်း၏ အသုံးပြုမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို မကျေနပ်လျှင် အသုံးပြုသူ၏ တစ်ခုတည်းသော ဖြေရှင်းနိုင်သည့် ကိစ္စရပ်မှာသည် ဆိုဒ်အသုံးပြုခြင်းကို ရပ်ဆိုင်းရန်သာ ဖြစ်သည်။ ဤနေရာတွင် ယင်းကဲ့သို့ ကိစ္စရပ်အား အထူးသဖြင့် ထိန်းသိမ်းထားသော ကုလသမဂ္ဂ၏ အခွင့်ထူးများနှင့် ကင်းလွတ်ခွင့်များကို ကန့်သတ်နေသည် သို့မဟုတ် ဖယ်ရှားနေသည်ဟူ၍ သတ်မှတ်ခြင်း သို့မဟုတ် စဉ်းစားခြင်းမပြုရ။
     
၁၁.၄ 
ဤစည်းမျဉ်းစည်းကမ်းများသည်အချိန်မရွေး ပြောင်းလဲနိုင်သည်။ ကျေးဇူးပြု၍ ပုံမှန် ပြန်လည်စစ်ဆေးပါ။ ဤဆိုဒ်ကို ဆက်လက် အသုံးပြုခြင်းအားဖြင့် သင်သည် ဤပြောင်းလဲမှုများကို လက်ခံနေကြောင်း နှင့် အသိအမှတ်ပြုနေကြောင်း ဖော်ပြနေသည်။