မကြာခဏ မေးလေ့မေးထ ရှိသော မေးခွန်းများ - MIMU စွမ်းဆောင်ရည် တည်ဆောက်ခြင်း / နည်းပညာ ပံ့ပိုးမှု

ဤစာမျက်နှာတွင် MIMU နှင့် MIMU ၏ ထုတ်ကုန်များ နှင့် ပတ်သတ်၍ မကြာခဏ မေးလေ့မေးထ ရှိသော မေးခွန်းများကို စုစည်းတင်ပြထားပါသည်။ MIMU ၏ ထုတ်ကုန်များတွင် တည်နေရာဆိုင်ရာ အချက်အလက်များ၊ မြေပုံများ၊ HDP Nexus 5W ထုတ်ကုန်များ၊ အခြေခံဒေတာများသာမက နိုင်ငံအဝှမ်းရှိ လူသားချင်း စာနာထောက်ထားမှု၊ ဖွံ့ဖြိုးရေး နှင့်  ငြိမ်းချမ်းရေး လုပ်ငန်း များကို အထောက်အကူပြု‌သော အခြားအရင်းအမြစ်များလည်း ပါရှိပါသည်။ အကြံပြုချက်များနှင့် မှတ်ချက်များအား ကြိုဆိုလျက်ရှိပြီး [email protected] သို့ ပေးပို့ ဆက်သွယ်နိုင်ပါသည်။

MIMU တွင် မည်သည့် သင်တန်းအမျိုးအစားများ ပို့ချပေးပါသနည်း။

MIMU ၏ အရေးကြီးသော အစိတ်အပိုင်းမှာ လူသားချင်းစာနာမှု၊ ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးနှင့် ပတ်သက်သော လှုပ်ရှားမှုများတွင် ဆုံးဖြတ်ချက် ချခြင်းဆိုင်ရာ သတင်း အချက်အလက်များကို ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲရန် အေဂျင်စီများ၏ စွမ်းဆောင်ရည်ကို တည်ဆောက်ခြင်း ဖြစ်သည်။

ကျွန်ုပ်တို့၏ နည်းပညာဆိုင်ရာ သင်တန်းများကို MIMU အဖွဲ့က ပြုလုပ်ခဲ့ပြီး မြန်မာဘာသာဖြင့် သင်ကြားပေး သည်။ ၎င်းတို့မှာ ပထဝီဝင် တည်နေရာ အကွာအဝေး အချက်အလက် စီမံခန့်ခွဲမှုနှင့် မြေပုံရေးဆွဲခြင်း (QGIS နှင့် GPS သင်တန်း)တွင် အချက်အလက်များ စီမံခန့်ခွဲခြင်း (Excel လေ့ကျင့်ခြင်း) စွမ်းရည်နှင့် ဆုံးဖြတ်ချက် ချမှတ်ခြင်းအတွက် သတင်း အချက်အလက်များကို စီမံခန့်ခွဲခြင်းနှင့် ပုံဖော်ခြင်း (သတင်း အချက်အလက် စီမံခန့်ခွဲမှုနှင့် Power BI သင်တန်း) တို့ကို အဓိကထား လုပ်ဆောင်ပေးသည်။ MIMU သည် ကျွန်ုပ်တို့၏ အနီးကပ်သင်ကြားမှု သင်တန်းများနှင့် အဝေးရောက် သင်တန်းများတွင် တက်ရောက် အောင်မြင်သူများကို သင်တန်းဆင်း လက်မှတ်များ ပေးအပ်ပါသည်။

သင်တန်းများကို ဘာသာရပ်နှင့် အကြောင်းအရာပေါ်  မူတည်၍ ပုံစံအမျိုးမျိုးဖြင့် သင်ကြားပေးသည်။

  • လူပုဂ္ဂိုလ် သို့မဟုတ် အွန်လိုင်းလက်တွေ့သင်တန်း (အခြေခံနှင့် အလယ်အလတ်တန်းစား QGIS၊ အခြေခံနှင့် အလယ်အလတ်အတန်းစား Excel၊ သတင်းအချက်အလက် စီမံခန့်ခွဲမှုနှင့် Power BI အလုပ်ရုံဆွေးနွေးပွဲ)၊
  • အဝေးရောက် သင်ကြားခြင်း (Basic Excel)၊
  • ကိုယ်ပိုင် လေ့လာမှုအတွက် အွန်လိုင်းအစီအစဉ်များ (Basic QGIS နှင့် Basic Excel သင်တန်း)

သင်တန်း လျှောက်ထားသူများကို ၎င်းတို့၏ အဖွဲ့အစည်း / ဌာနမှ တင်ပြပေးရမည်ဖြစ်ပြီး လေ့ကျင့်သင်ကြားမှု ခံယူပြီးနောက် သင်ကြားရသော ကျွမ်းကျင်မှုများကို ၎င်းတို့၏ အလုပ်ခွင်တွင် မည်သို့အသုံးပြုနိုင်မှုအပေါ် အခြေခံ၍ စဉ်းစားပေးမည် ဖြစ်သည်။

MIMU သင်တန်း အစီအစဉ်များတွင် အောက်ပါတို့ ပါဝင်သည်-

နေရာအကွာအဝေး အချက်အလက် စီမံခန့်ခွဲမှု / ပထဝီသတင်း အချက်အလက်စနစ်များ

  • အခြေခံ GPS လမ်းညွှန် - ၎င်းကို သီးခြား သင်တန်းတိုတစ်ခု (၁-၂ နာရီ) အနေဖြင့်သော်လည်းကောင်း သို့မဟုတ် ပို့ချပြီးသားသင်တန်းများတွင် ပေါင်းစပ်၍ သော်လည်းကောင်း လုပ်ဆောင်ပေးနိုင်သည် (ဥပမာ - စစ်တမ်းများပြင်ဆင်မှုအတွက် လေ့ကျင့်ရေးအစီအစဉ်များ)
  • အခြေခံ QGIS သင်တန်း - ၅ ရက်ကြာ သင်တန်းကို လူကိုယ်တိုင်သာမက၊ အွန်လိုင်းဖြင့်ပါ ပို့ချပေးသည်။ အသုံးပြုသူများအား ကိုယ်ပိုင်အချက်အလက်နှင့် MIMU အခြေခံအချက်အလက်အသုံးပြုပြီး ရိုးရှင်းသော မြေပုံများကို ထုတ်လုပ်ရန် ခွင့်ပြုသည့် အခမဲ့ကိရိယာ တစ်ခုဖြစ်သည့် QGIS အသုံးပြုခြင်းဆိုင်ရာ အခြေခံကျွမ်းကျင်မှုများကို ပံ့ပိုးပေးသည်။ ဤသင်တန်းအတွက် သင်ထောက်ကူပစ္စည်းများအား ကိုယ်ပိုင်လေ့လာမှုအတွက် MIMU ဝက်ဘ်ဆိုက်၏ သင်တန်းစာမျက်နှာမှတဆင့် ရရှိနိုင်သည် - MIMU Training Resources page တွင် ကြည့်ပါ။

ဒေတာနှင့်ဒေတာဘေ့စ် စီမံခန့်ခွဲမှု

  • အခြေခံ Excel သင်တန်း: လူကိုယ်တိုင် တက်ရောက်နိုင်သည့် ၅ ရက်သင်တန်း၊ အဝေးရောက် သင်ယူမှုအတွက် ရက်သတ္တပတ် ၇ ပတ် သင်တန်းအဖြစ် ပို့ချပေးသည်။ Excel စတင် လေ့လာသူတို့အတွက် အလယ်အလတ်အဆင့် ထိရောက်သွားစေနိုင်သည့် ကျွမ်းကျင်မှုတို့ကို ပံ့ပိုးပေးသည်။ ဖိုင်စီမံခန့်ခွဲမှုနှင့် ကွန်ပျူတာ အသုံးပြုမှုတွင် အခြေခံအဆင့်ရှိရန် လိုအပ်ပါသည်။
  • အလယ်အလတ်အဆင့် Excel သင်တန်း လူကိုယ်တိုင် တက်ရောက်နိုင်သည့် ၅ ရက်သင်တန်းအဖြစ် ပို့ချပေးသည်။ သင်ယူသူတို့အတွက် အဆင့်မြင့် အဆင့်ထိ ရောက်သွားစေနိုင်သည့် ကျွမ်းကျင်မှုတို့ကို ပံ့ပိုးပေးသည်။
  • အခြေခံ Microsoft Access သင်တန်း  လူကိုယ်တိုင် တက်ရောက်နိုင်သည့် ၅ ရက်သင်တန်းအဖြစ် ပို့ချပေးသည်။

အချက်အလက်ပုံဖော်မှု

  • သတင်းအချက်အလက် စီမံခန့်ခွဲမှု အလုပ်ရုံဆွေးနွေးပွဲကို လူကိုယ်တိုင် သို့မဟုတ် အွန်လိုင်းတက်ရောက်နိုင်သည့် ၃ရက်-၄ရက် သင်တန်းအဖြစ် ပို့ချပေးသည်။ ဒေတာစီမံခန့်ခွဲမှု စွမ်းရည်ရှိသည့် ပုဂ္ဂိုလ်များအတွက် ရည်ရွယ်ထားခြင်းဖြစ်သည်။ သတင်း အချက်အလက် စီမံခန့်ခွဲခြင်းမှ သတင်း အချက်အလက်များကို စီစဉ်ခြင်းမှ သိုလှောင် သိမ်းဆည်းခြင်းအထိ စွမ်းဆောင်ရည် မြှင့်တင်ပေးသည်။
  • Power BI ပုံဖော်မှုဆိုင်ရာ ၃ရက်-၄ရက် သင်တန်းသည် အပြန်အလှန် အကျိုးသက်ရောက်သော ဒတ်ရှ်ဘုတ်များ၊ အချက်အလက် ပြင်ဆင်မှုနှင့် MIMU ၏ အခြေခံ အချက်အလက်များနှင့် အတူ ၎င်းတို့၏ ကိုယ်ပိုင်အချက်အလက်များကို အသုံးပြု၍ တုန့်ပြန်မှု အစီရင်ခံစာများ ဖန်တီးရန် အခြေခံ အလေ့အကျင့်များကို ပံ့ပိုးပေးသည်။
  • MIMU သင်တန်းအကြောင်း ပိုမိုသိရှိလိုပါက [email protected] သို့ ဆက်သွယ်ပါ။

MIMU ၏ သင်တန်း သို့မဟုတ် အထောက်အပံ့သည် မည်မျှ ကုန်ကျမည်နည်း။

အလှူရှင်များ၏ ရက်ရောစွာ ပံ့ပိုးမှုကြောင့် MIMU ၏ထုတ်ကုန်များနှင့် ၀န်ဆောင်မှုများကဲ့သို့ပင် MIMU သင်တန်း အခွင့်အလမ်းများနှင့် နည်းပညာ အထောက်အပံ့များကို အခမဲ့ပေးသည်။

MIMU သင်တန်းများကို ကျွန်ုပ်တို့ မည်သို့ တက်ရောက်နိုင်သနည်း။

သင်သည် မည်သည့်အချိန်တွင်မဆို MIMU ၏ အွန်လိုင်းသင်တန်းအစီအစဉ်များ (Basic Excel နှင့် Basic QGIS) တွင် ဝင်ရောက်လေ့လာနိုင်သည်။ ၎င်းတို့ကို MIMU သင်တန်း ရင်းမြစ်စာမျက်နှာ မှတဆင့် ကိုယ်ပိုင် လေ့လာမှု အတွက် မြန်မာဘာသာဖြင့် အလွယ်တကူ ရရှိနိုင်သည်။

အခြားသင်တန်း အစီအစဉ် အားလုံးအတွက် သင်တန်းတက်မည့် အချိန်တွင် လျှောက်လွှာတင်ရမည်။ MIMU ဝဘ်ဆိုက်တွင် လျှောက်ထားရန် ဖွင့်လှစ်ထားသော သင်တန်းများအကြောင်း သတင်း အချက်အလက်များကို တင်ထားသည်။ MIMU သည် သီးခြား အဖွဲ့အစည်းအမျိုးအစားမှ ရွေးချယ်ထားသော ပါ၀င်သူများ သို့မဟုတ် တိကျသော ပထဝီဝင်ဆိုင်ရာ သို့မဟုတ် အကြောင်းအရာအလိုက် အစီအစဉ်များကို သင်ကြားပို့ချပေးနိုင်သည်။

သင်တန်း လျှောက်ထားသူများကို ၎င်းတို့၏ အဖွဲ့အစည်း / ဌာနမှ တင်ပြပေးရမည်ဖြစ်ပြီး လေ့ကျင့် သင်ကြားမှု ခံယူပြီးနောက် သင်ကြားရသော ကျွမ်းကျင်မှုများကို ၎င်းတို့၏ အလုပ်ခွင်တွင် မည်မျှ အသုံးဝင်နိုင်မှုအပေါ် အခြေခံ၍ စဉ်းစားပေးမည်ဖြစ်သည်။ ကျွန်ုပ်တို့၏ အချို့သော သင်တန်းများ၌ သင်တန်းနေရာ ၂၀ အတွက် လျှောက်လွှာပေါင်း ၃၀၀ လောက် ရှိနိုင်ကြောင်း သတိပြုပါ။ ထို့ကြောင့် ဖြစ်နိုင်သမျှ အွန်လိုင်း သင်ခန်းစာများကို စမ်းကြည့်ပေးပါ။

MIMU သင်တန်းအတွက် သင်တန်းဆင်းလက်မှတ် ရနိုင်ပါသလား။

MIMU သည် သင်တန်းတွင်ပို့ချမည့် သင်ခန်းစာများမှတဆင့် တက်ရောက်သူများ၏ လေ့လာသင်ယူမှုကို စစ်ဆေးနိုင်သောကြောင့် ကျွန်ုပ်တို့၏ လူကိုယ်တိုင် တက်ရောက်သော သင်တန်း နှင့်အဝေးရောက် သင်တန်းများကို အောင်မြင်စွာ ပြီးမြောက်သူများအတွက် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ပါသည်။

MIMU ၀က်ဘ်ဆိုက်မှတဆင့် ကိုယ်ပိုင်လေ့လာခြင်း အွန်လိုင်းသင်တန်းများ (Basic Excel နှင့် Basic QGIS သင်တန်း) အတွက် သင်တန်းဆင်းလက်မှတ် မရှိပါ။

MIMU သည် ကျွန်ုပ်တို့၏ ဒေတာစီမံခန့်ခွဲမှုနှင့် အခြားစနစ်များကို ကူညီပေးနိုင်ပါသလား။

ပေးနိုင်ပါသည် - MIMU သည် ကျွန်ုပ်တို့၏ မိတ်ဖက်အဖွဲ့အစည်းများအား ကျွန်ုပ်တို့၏ ကျွမ်းကျင်မှု နယ်ပယ်အလျှောက် နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုပေးနိုင်ပါသည်။

MIMU သည် မည်သည့် နည်းပညာ ပံ့ပိုးမှုများကို ပေးနိုင်သနည်း။

MIMU အဖွဲ့သည် မိတ်ဖက် အဖွဲ့အစည်းများ၊ ညှိနှိုင်းရေး အဖွဲ့များနှင့် နည်းပညာဆိုင်ရာ လုပ်ငန်း အဖွဲ့များကို အောက်ပါ ကဏ္ဍများအတွက် အကြံဥာဏ်နှင့် အကူအညီ ပေးနိုင်ပါသည် -

  • အချက်အလက် စီမံခန့်ခွဲမှုနှင့် ခွဲခြမ်းစိတ်ဖြာခြင်း
  • ဒေတာဘေ့စ်ဖွံ့ဖြိုးတိုးတက်မှုနှင့် စီမံခန့်ခွဲမှု
  • နေရာအကွာအဝေးဒေတာ စီမံခန့်ခွဲမှုနှင့်မြေပုံ
  • သတင်းအချက်အလက် စီမံခန့်ခွဲမှု
  • ဒေတာများ ပုံဖော်ခြင်း
  • အွန်လိုင်းစစ်တမ်းများ