တိုင်းရင်းသားဘာသာစကားများဖြင့် အသိပညာပေး စာရွက်စာစောင်များ

မြန်မာနိုင်ငံသည် MIMU ၏ ဘာသာစကားများပြ မြေပုံတွင် သရုပ်ဖော်ထားသည့် အတိုင်း  ဘာသာစကားပေါင်း တစ်ရာခန့် နှင့်အတူ တိုင်းရင်းသား လူမျိုးများ စုံလင် ကွဲပြား မှု အတွက် လူသိများသော နိုင်ငံဖြစ်သည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အကျိုးခံစားခွင့်ရှိသူများ နှင့် ထိရောက်စွာ ထိတွေ့ဆက်ဆံနိုင်ရေးအတွက် ဤ အချက် ကို အသိအမှတ်ပြု ရန် အရေးကြီးပါသည်။

နှစ်များတစ်လျှောက်တွင် MIMU သည် ကျန်းမာရေး၊ မိခင်နှင့်ကလေးစောင့်ရှောက်မှု၊ COVID-19 တုံ့ပြန်မှု၊ သဘာဝဘေးအန္တရာယ်နှင့် ဆိုင်ကလုန်းကြိုတင်ပြင်ဆင်မှု/တုံ့ပြန်မှုစသည့် ခေါင်းစဉ်အကြောင်းအရာများကို တိုင်းရင်းသားဘာသာစကားများဖြင့် အသိပညာပေး၊ သတင်းအချက်အလက် နှင့် ဆက်သွယ်ရေး (IEC) စာရွက်စာစောင်များ များကို စုဆောင်းခဲ့သည်။ အဖွဲ့အစည်းအမျိုးမျိုးမှ ပံ့ပိုးပေးထားသည့် ဤသင်ထောက်ကူများ၊ ပိုစတာများ၊ သရုပ်ဖော်ပုံများ၊ လက်စွဲစာအုပ်များအပြင် အသံ/ဗီဒီယိုဖိုင်များလဲ ပါဝင်သည်။

၂၀၂၃ ခုနှစ် သြဂုတ်လအထိ၊ MIMU website ပေါ် တွင် တိုင်းရင်းသားဘာသာစကား ၂၄ မျိုးဖြင့် ဖိုင်ပေါင်း ၂၅၀ ကျော် ရှိနေပါသည်။  ဤစာမျက်နှာ သည် တိုင်းရင်းသား  လူထု အတွက် ပိုမို ထိရောက် သည့် အချက်အလက် စာစောင် များကို ဖန်တီးရန် လှုံ့ဆော်ပေး သည့် အပြင်  အလွယ်တကူ ဝင်ရောက်လေ့လာနိုင်သော နေရာ  တစ်ခုဖြစ်ရန် လည်း ရည်ရွယ်ပါသည်။