မြန်မာနိုင်ငံအကြောင်း
မြန်မာနိုင်ငံသည် စုစုပေါင်း ဧရိယာ အကျယ်အဝန်း ၆၇၆၅၇၈ စတုရန်း ကီလိုမီတာ ရှိ၍ အရှေ့တောင် အာရှတွင် ဒုတိယ အကြီးဆုံးနိုင်ငံ ဖြစ်ပြီး တောင်ပိုင်း၌ မြေဆီသြဇာ ကောင်းသော အပူပိုင်း မြစ်ဝကျွန်းပေါ် ဒေသများနှင့် မြောက်ပိုင်းတွင် ဟိမဝန္တာ၏ အဆက် တောင်ဆွယ်တောင်တန်းများဖြင့် မညီညာသော မြေမျက်နှာသွင်ပြင် ရှိပါသည်။ မြောက်နှင့် အရှေ့ မြောက်ဘက်တွင် ကမ္ဘာ့လူဦးရေ၏ ၄၀% ကို ပိုင်ဆိုင်ထားသော တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ အရှေ့ဘက်နှင့် အရှေ့တောင် ဘက်တွင် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံ၊ အနောက်နှင့် အနောက် မြောက်ဘက် တွင် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့ဖြင့် နယ်နိမိတ်ချင်း ထိစပ်နေပါသည်။ ၂၈၀၀ ကီလိုမီတာ ရှည်လျားသည့် မြန်မာ့ ကမ်းရိုးတန်းသည် ပင်လယ် ရေကြောင်းနှင့် ရေနက် ဆိပ်ကမ်းများကို အသုံးပြုခွင့်ရစေပြီး စိုက်ပျိုးရန် ကောင်းမွန်သော မြေ၊ သစ်တောများ၊ သတ္တုများ၊ သဘာ၀ ဓာတ်ငွေ့၊ ရေချိုနှင့် ပင်လယ်ထွက်ပစ္စည်းများ အပါအဝင် သဘာ၀ သယံဇာတ ပေါကြွယ်ဝသောနိုင်ငံ ဖြစ်ပါသည်။ ဂျီဒီပီ၏ ၃၆% နှင့် အာရှဖွံ့ဖြိုးရေး ဘဏ်၏ ကိန်းဂဏန်း များအရ အလုပ်အကိုင် ၆၀% မှ ၇၀% အထိ ဖန်တီးပေးနိုင်သော လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းနှင့် စိုက်ပျိုးရေးနှင့် ဆက်စပ်နေသည့် လုပ်ငန်းများသည် နိုင်ငံ၏ အဓိက စီးပွားရေး ဖြစ်ပါသည်။ သဘာ၀ သယံဇာတများ ပေါကြွယ်၀ သော်လည်း တစ်ဦးချင်း၏ နှစ်စဉ် ပျမ်းမျှဝင်ငွေ သည် ၂၀၁၁ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၁၁၄၄ ရှိသည်ဟု ခန့်မှန်း တွက်ချက်ထားပါသည်။ ကာလ ကြာရှည် ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများသည် အဓိက စိန်ခေါ်မှု တစ်ရပ်အဖြစ် ရှိနေဆဲ ဖြစ်ပါသည်။
တိုင်းရင်းသား လူမျိုးစုပေါင်း ၁၃၅ မျိုးကျော် ရှိ၍ ယဉ်ကျေးမှုနှင့် ကိုးကွယ် ယုံကြည်မှုဆိုင်ရာ ထုံးတမ်း စဉ်လာများ ပေါကြွယ်ဝပြီး ရာဇဝင်သမိုင်း အချက်အလက်များ ပေါများလှသည့် မြန်မာနိုင်ငံသည် မတူ ကွဲပြားမှု အများဆုံး ရှိနေသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ လက်ရှိ လူဦးရေ ခန့်မှန်းချက်သည် ၄၈ သန်းမှ သန်း ၆၀ ကျော်အထိ ကျယ်ပြန့်စွာ ကွဲလွဲချက် များ ရှိနေပါသည်။ စုစုပေါင်း လူဦးရေ၏ သုံးပုံ နှစ်ပုံသည် ကျေးလက် ဒေသတွင် နေထိုင်ခြင်းနှင့် မြို့ပြ လူဦးရေ အများစုသည် ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် စုပြုံနေထိုင်ကြသည့် ကြီးမားသော ခြားနားချက် ရှိသော်ငြားလည်း အရှေ့တောင် အာရှ၏ လူဦးရေ သိပ်သည်းမှု အနိမ့်ဆုံး နိုင်ငံများတွင်ပါဝင်ပါသည်။
အုပ်ချုပ်မှု ပုံသဏ္ဌာန်အရ မြန်မာနိုင်ငံတွင် ပြည်နယ် ၇ ခု၊ တိုင်းဒေသကြီး ၇ ခုနှင့် နေပြည်တော် ပြည်ထောင်စု နယ်မြေ ဟူ၍ ပိုင်းခြားထားပါသည်။ ပြည်နယ်များ ဖြစ်သည့် ချင်း၊ ကချင်၊ ကယား၊ ကရင်၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ် တို့သည် အဓိက အားဖြင့် ကုန်းမြေ မြင့်ဒေသများ ဖြစ်၍ တိုင်းရင်းသား လူမျိုးစုများ၊ တိုင်းရင်းသား လူ့အဖွဲ့အစည်းများ အများအပြား နေထိုင် ကြပါသည်။ တိုင်း ဒေသကြီးများ ဖြစ်သည့် ဧရာဝတီ၊ ပဲခူး၊ မကွေး၊ မန္တလေး၊ စစ်ကိုင်၊ တနင်္သာရီနှင့် ရန်ကုန်တိုင်း ဒေသကြီး တို့သည် အများအားဖြင့် မြေပြန့် လွင်ပြင်များတွင် တည်ရှိ၍ ဗမာလူမျိုး အများစု နေထိုင်ကြပါသည်။
ဤစာမျက်နှာတွင် နိုင်ငံတစ်ဝန်း အရင်းအမြစ်များ ပါရှိပါသည်။ ပြည်နယ်များ/ တိုင်းဒေသကြီးများအလိုက် သို့မဟုတ် နိုင်ငံ အရှေ့တောင်ပိုင်းနှင့် အပူပိုင်းဇုန် စသည့် စိတ်ဝင်စားရာ ဒေသများအလိုက် ထပ်ဆောင်း အရင်းအမြစ်များကို အမြန်ရှာဖွေခြင်း (Fast Find) အကွက်တွင် ရှိသည့် နေရာဒေသ အလိုက်ရှာဖွေခြင်း (Search by Location) အားဖြင့် ရယူနိုင်သလို မူရင်းစာမျက်နှာ (Homepage) ပေါ်တွင်လည်း တွေ့ရှိနိုင်ပါသည်။
စာရွက်စာတမ်းများ
နိုင်ငံလုံးဆိုင်ရာ မြေပုံများ
မြေပုံများ
What | Format | Size | Uploaded |
---|---|---|---|
Report_Urban_Myanmar_IGC_2016.pdf |
pdf |
2.59 MB | 08-May-2017 |
Ref Doc_Post-Disaster Needs Assessment of Floods & Landslides WB 2015.pdf |
pdf |
11.07 MB | 09-Aug-2016 |
Map_Tourism Transparency_15Jan2013.pdf |
pdf |
5.2 MB | 01-Aug-2014 |