MIMU Advanced Excel သင်တန်းအရင်းအမြစ်များ

MIMU Advanced Excel Training မှ ကြိုဆိုပါသည်။ MIMU Advanced Excel သင်တန်းသည် Microsoft Excel ဆော့ဖ်ဝဲလ် (Desktop Version 2016၊ 2019၊ Office 365) အသုံးပြုခြင်းဆိုင်ရာ အဆင့်မြင့်သင်တန်းတစ်ခု ဖြစ်ပြီး စာရင်းဇယားဆော့ဖ်ဝဲလ်နှင့် ပတ်သတ်လျှင် နေရာအနှံအပြားတွင် အသုံးအများဆုံး ဆော့ဖ်ဝဲလ်တစ်ခုဖြစ်ပြီး အချက်အလက်များကို ရုပ်လုံးပေါ်မြင်သာအောင် ပြုလုပ်ခြင်းနှင့် ခွဲခြမ်းစိတ်ဖြာ၊ လေ့လာဆန်းစစ်ခြင်း တို့ပြုလုပ်ရာ တွင် အစွမ်းထက်သော ကိရိယာတစ်ခုလည်း ဖြစ်သည်။ ဤသင်တန်းတွင် Essential Skills, Data Grouping and Subtotal, Data Consolidation, Working with Table and Name, Advanced Functions and Formulas, Conditional Formatting, What-If-Analysis, Power Query and PowerPivot, Securing Excel File, Workbook and Worksheet and Sharing Workbook to collaborate ကဲ့သို့သော ခေါင်းစဉ်များ ပါဝင်ပါသည်။

ဤစာမျက်နှာတွင် MIMU Advanced Excel သင်တန်း အတွက် MIMU မှ ဖန်တီးထားသော ဗီဒီယိုများ၊ မှတ်စုစာစောင်များနှင့် လေ့ကျင့်ခန်းများကဲ့သို့သော သင်ထောက်ကူပစ္စည်းများကို ကြည့်ရှုနိုင်ပါသည်။ ကျေးဇူးပြု၍ လူကြီးမင်း အနေနှင့် သင်ခန်းစာများကို မည်သို့ တွေ့ရှိသည်၊ အထူးသဖြင့် လူကြီးမင်း၏ အလုပ်ကို မည်သို့ အထောက်အပံ့ ဖြစ်စေခဲ့သည်တို့နှင့်ပတ်သက်၍ MIMU Training Feedback Form မှတဆင့် ကျွန်ုပ်တို့အား ပြန်လည် အကြံပြုချက်ပေးနိုင်ပါသည်။

ဤသင်တန်းသည် သင်ယူသူများ Excel တွင် အခြေခံအဆင့် ကျွမ်းကျင်မှုရှိမည်ဟူသော ယူဆချက်ဖြင့် ဒီဇိုင်းရေးဆွဲထားသောကြောင့် Excel အခြေခံအဆင့်ကျွမ်းကျင်မှု မရှိသေးပါက MIMU အခြေခံ Excel သင်တန်း အရင်းအမြစ်များကို ဦးစွာရှာဖွေလေ့လာရန် တိုက်တွန်းလိုပါသည်။ အခြားတစ်ဖက်တွင် လူကြီးမင်းသည် ၎င်းအား မွမ်းမံသင်တန်းတစ်ခုအဖြစ် အမြဲတမ်းအသုံးပြုနိုင်ပါသည်။

Introduction and Training Materials

ဤကဏ္ဍတွင် သင်တန်း မိတ်ဆက်ခြင်း၊ သင်တန်း လက်စွဲစာအုပ် နှင့် သင်တန်းတွင် အသုံးပြုသော အချက်အလက်ဖိုင် များ ပါဝင်သည်။

Excel Essential Skills

ဤသင်ခန်းစာသည် နေ့စဉ်အလုပ်များကို ပိုမိုမြန်ဆန်ပြီး သေသပ်စွာ ပြုလုပ်နိုင်စေရန် သိသင့်သိထိုက်သော Excel functions နှင့် features များကို လေ့လာလိုသော သုံးစွဲသူများအတွက် ရည်ရွယ်ပါသည်။ ၄င်းတွင် အောက်ပါ အကြောင်းအရာများပါဝင်သည်။

Data Grouping and Subtotal

ဤသင်ခန်းစာတွင် အချက်အလက်စာရင်းကို အုပ်စုဖွဲ့ပြီး အကျဉ်းချုံ့နည်းကို ပြသပေးပြီး subtotals (စာရင်းလက်ခွဲပေါင်းလဒ်)များနှင့် grand totals (စုစုပေါင်းရလဒ်)များကို အလိုအလျောက် မည်သို့ ပြုလုပ်ထည့်သွင်းရမည်ကို ပြသပေးပါသည်။ ၎င်းတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။

Data Consolidation

ဤသင်ခန်းစာတွင် Worksheet အသီးသီးရှိ အချက်အလက်များကို မာစတာ worksheet တွင် စုပေါင်းပြီး စုစုပေါင်းရလဒ် ပြုလုပ်ပုံကို ပြသပေးပါသည်။ ၄င်းတွင် အောက်ပါ အကြောင်းအရာများပါဝင်သည်။

Working with Table

ဤသင်ခန်းစာသည် Microsoft Excel တွင် Table အသုံးပြုပုံကို ပြသပေးပါသည်။ ၄င်းတွင် အောက်ပါ အကြောင်းအရာများပါဝင်သည်။

Working with Name

ဤသင်ခန်းစာတွင် ဖော်မြူလာများကို နားလည်ရန်၊ ထိန်းသိမ်းရန် လွယ်ကူစေသော Name များ ပြုလုပ် အသုံးပြုပုံကို ပြသပေးပါသည်။ ထို့အပြင် Lookup Table နှင့် Dynamic Dropdown List ပြုလုပ်အသုံးပြုပုံကိုလည်း လေ့လာရမည် ဖြစ်ပါသည်။ ၄င်းတွင် အောက်ပါ အကြောင်းအရာများပါဝင်သည်။

Functions and Formulas

ဤသင်ခန်းစာသည် Excel တွင် အသုံးအများဆုံး Functions နှင့် ဖော်မြူလာများကို လေ့လာလိုသူများအတွက် ရည်ရွယ်ပါသည်။ အဆင့်မြင့် functions နှင့် ဖော်မြူလာများ ဖြစ်သည့် OFFSET၊ INDIRECT၊ INDEX၊ MATCH၊ INDEX နှင့် MATCH ပေါင်းစပ်ရေးသားခြင်း နှင့် Dynamic Dependent Dropdown List ပြုလုပ်ခြင်းတို့လည်း ပါဝင်ပါသည်။ ၄င်းတွင် အောက်ပါ အကြောင်းအရာများပါဝင်သည်။

Conditional Formatting

ဤသင်ခန်းစာသည် Excel တွင် Conditional Formatting အသုံးပြုပုံကို ပြသပေးပါသည်။ ၄င်းတွင် အောက်ပါ အကြောင်းအရာများပါဝင်သည်။

What-If-Analysis

ဤသင်ခန်းစာသည် Excel တွင် What-if-Analysis အသုံးပြုပုံကို ပြသပေးပါသည်။ ၄င်းတွင် အောက်ပါ အကြောင်းအရာများပါဝင်သည်။

Power Query and Power Pivot

ဤသင်ခန်းစာတွင် Power Query Editor အသုံးပြုပုံ၊ Power Pivot တွင် calculated column နှင့် measure ပြုလုပ် အသုံးပြုပုံတို့ကို ပြသပေးပါသည်။ ၄င်းတွင် အောက်ပါ အကြောင်းအရာများပါဝင်သည်။

Securing Excel File, Workbook and Worksheet

ဤသင်ခန်းစာတွင် Excel File၊ Worksheet Elements နှင့် Workbook တို့ကို အခြား အသုံးပြုသူများ မိမိ၏ ခွင့်ပြုချက် မရှိဘဲ ဖွင့်ကြည့်ခြင်း၊ ပြင်ခြင်း၊ ဖျက်ခြင်း၊ အသစ်ပြုလုပ်ခြင်းများ မပြုလုပ်နိုင်စေရန် ကာကွယ်ခြင်းဆိုင်ရာ အကြောင်းအရာများကို ပြသပေးပါသည်။ ၄င်းတွင် အောက်ပါ အကြောင်းအရာများပါဝင်သည်။

Sharing Workbook to collaborate

ဤသင်ခန်းစာသည် Excel Workbook တစ်ခုကို အသုံးပြုသူများ တပြိုင်တည်း အသုံးပြုနိုင်ရန် မည်သို့မျှဝေ အသုံးပြုရမည်ကို ပြသပေးပါသည်။ ၄င်းတွင် အောက်ပါ အကြောင်းအရာများပါဝင်သည်။