Provider Name: 

Internews

Start Date: 

16-Feb-2025

Remark: 

အကျပ်အတည်းကာလများတွင် သတင်းအချက်အလက်များသည် အသက်ကယ်တင်နိုင်ပါသည်။ တစ်ချိန်တည်းမှာပင် မှန်ကန်တိကျသော သတင်းအချက်အလက်ကို လုံခြုံစိတ်ချစွာနှင့် အဓိပ္ပာယ်ရှိရှိ ရယူအသုံးပြုခွင့် မရှိခြင်းသည် ထိခိုက်ခံစားရသည့် ရပ်ရွာအသိုင်းအဝိုင်းများအပေါ် အန္တရာယ်များကို ပိုမိုဆိုးရွားစေနိုင်ပြီး အန္တရာယ်အသစ်များကိုလည်း ဖြစ်ပေါ်စေနိုင်သည်။ ဤကိုယ်တိုင်လေ့လာနိုင်သော မီဒီယာနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကျွမ်းကျင်သူများအတွက် အွန်လိုင်းသင်တန်းက ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ အန္တရာယ်များနှင့် ၎င်းတို့သည် သတင်းအချက်အလက်နှင့် မည်သို့ဆက်စပ်နေကြောင်း သင့်အား မိတ်ဆက်ပေးပါသည်။ သင်သည် ဤနယ်ပယ်တစ်ခု သို့မဟုတ် နှစ်ခုလုံးအတွင်း ယခုမှအသစ်စတင်သူတစ်ဦး ဖြစ်နေပါက စိတ်ပူစရာမလိုပါ – ဤသင်တန်းကို သင့်အတွက် ရည်ရွယ်ရေးဆွဲထားခြင်းဖြစ်ပါသည်။ သင်သည် အသိပညာအချို့ရှိပြီးသားဖြစ်ပါက ဤသင်တန်းသည် လုပ်ကြံသတင်းဖြန့်ဖြူးခြင်း၊ သတင်းအချက်အလက် ရယူအသုံးပြုခွင့်ကို ပိတ်ပင်ခြင်း သို့မဟုတ် လုံခြုံစိတ်ချရသော အစီအစဉ်ရေးဆွဲခြင်းတို့ကို အသေးစိတ်ကျကျ ပိုမိုနက်နဲစွာ နားလည်စေရန်နှင့် လေ့လာစူးစမ်းနိုင်ရန် အထောက်အကူပြုပါလိမ့်မည်။ သင်၏ရည်မှန်းချက်များပေါ်မူတည်၍ သင့်လုပ်ငန်းကို မြှင့်တင်ပေးမည့် အသိပညာနှင့် နည်းလမ်းများ ပေးစွမ်းနိုင်ပြီး သင့်လုပ်ငန်းကို ပိုမိုထိရောက်စေမည့် သီးခြားမိုဂျူးများကို ရွေးချယ်နိုင်ပါသည်။ ဤသင်တန်းကို တက်ရောက်ရန်အတွက် https://studio.internews.org/login/signup.php?tenant=public&lang=my တွင် Internews Studio ပလက်ဖောင်း၌ ပရိုဖိုင်တစ်ခု ဖွင့်ရန်လိုအပ်ပါသည်။ ဤသို့ပြုလုပ်ခြင်းဖြင့် Internews ၏ သင်တန်းအပြည့်အစုံကိုလည်း ရယူနိုင်စေပါသည်။ အကောင့်ဝင်ရောက်ပြီးပါက ဤတိုက်ရိုက်သင်တန်းလင့်ခ်ကို အသုံးပြု၍ စာရင်းသွင်းနိုင်ပါသည် – https://studio.internews.org/course/view.php?id=220