၂၀၁၄ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အခြေခံအချက်အလက်များ
နှစ်ပေါင်း ၃၀အတွင်း ပထမ ဦးဆုံး အကြိမ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူခြင်း ကို ၂၀၁၄ခုနှစ် မတ်လ (၃၀) မှ ဧပြီလ (၁၀)ရက်နေ့ အထိ UNFPA ၏ ကူညီ ပံ့ပိုးမှုဖြင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဆောင်ရွက် ခဲ့ပါသည်။ နိုင်ငံတော်မှ ဆောင်ရွက်လျက် ရှိသော ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များ၊ ဖွံ့ဖြိုးရေး လျာထားချက် များနှင့် ကောင်းမွန်သော အုပ်ချုပ်ရေး စနစ်များ အတွက် ရည်သန်လျက် သန်းခေါင် စာရင်း ကောက်ခံသူ ပေါင်း ၉၀၀ တို့သည် အိမ်ထောင်စု ပေါင်း ၁၂သန်းကျော်ကို သွားရောက်ပြီး လူနှင့် အိမ်ထောင်စု ဆိုင်ရာ လူမူရေး၊ စီးပွားရေးနှင့် လူဦးရေ အချက်အလက်များ ကို ကောက်ခံခဲ့ပါသည်။ သုံးသပ် လေ့လာမှု အဆင့် အလိုက် ရရှိလာသော အဖြေများကို အချိန်နဲ့တစ်ပြေးညီ လူထု ထံသို့ ဖော်ပြသွားမည် ဖြစ်ပြီး ကနဦး ရလဒ်များအား ၂၀၁၄ သြဂုတ်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ပါမည်။ ၎င်း အချက်အလက်များ အား အစိုးရ၊ တက္ကသိုလ် နှင့် သုတေသန ဌာနများ၊ အရပ်ဘက်နှင့် ဖွံ့ဖြိုးရေး အဖွဲ့အစည်းများ အပါအဝင် မြန်မာနိုင်ငံရှိ ပြည်သူလူထု၏ လူနေမှု အဆင့်အတန်း မြှင့်တင်ရေး ဖော်ဆောင်ရန် အတွက် အထောက်အကူ ပြုသည့် မူဝါဒနှင့် စီမံကိန်းများ ဖြစ်ပေါ်လာရန် လုပ်ဆောင်နေသော သူများမှ သုံးစွဲနိုင်မည် ဖြစ်ပါသည်။ ထပ်မံ သိရှိ လိုသော သတင်း အချက်အလက်များ အတွက် http://www.dop.gov.mm/en နှင့် https://myanmar.unfpa.org/en/census တွင် ဝင်ရောက် ကြည့်ရှု နိုင်ပါသည်။
လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းပြ Dashboard
(ယေဘုယျအချက်များ အခြေခံသည့် လူဦးရေ)
http://themimu.info/Census_2014_SR_dashboard
လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းပြ Dashboard
(စီးပွားရေးလုပ်ဆောင်ချက်များအရ ၁၀ နှစ်နှင့် ၁ဝနှစ်အထက် လူဦးရေ)
http://themimu.info/Economic_Activity