မြေပုံနှင့်အချက်အလက် တောင်းခံချက်
MIMU သည် အောက်ပါနည်းလမ်းများဖြင့် လိုအပ်ချက်အရ သီးသန့် ရေးဆွဲပေးသောမြေပုံများနှင့် ထပ်မံအချက်အလက်တောင်းခံမှုများကို ပေးဆောင်ပါသည်။
MIMU မြေပုံများကို GIS Resources Page တွင် ဒေါင်းလုဒ်လုပ်နိုင်ပါသည်။ သင်လိုအပ်သော မြေပုံကို ရှာဖွေရန် ခက်ခဲပါက [email protected] သို့ ဆက်သွယ်နိုင်ပါသည်။
လိုအပ်ချက်အရသီးသန့်ဆွဲပေးသောမြေပုံများတောင်းခံချက်
စီမံကိန်း ရေးဆွဲခြင်း နှင့် ညှိနှိုင်းခြင်း လုပ်ငန်းများကို ပံ့ပိုးပေးရန် လိုအပ်သော မြေပုံများကို MIMU က ပြုလုပ် ပေးနိုင်ပါသည်။ ပြုပြင် ဆောင်ရွက်မှု အချိန်သည် အလုပ်လုပ်ရက် ၁ဝ ရက် ကြာမြင့်မည်ဖြစ်သည်။ ဤကဲ့သို့သော မြေပုံများကို ပြီးပြည့်စုံအောင် ဆောင်ရွက်ရန် လိုအပ်သော အချက်အလက်များ အားလုံးသည် MIMU တွင် အဆင်သင့် မရရှိနိုင်ပါက တောင်းခံသော အဖွဲ့အစည်းမှ ဖြည့်ဆည်းပေးရန် လိုအပ်မည် ဖြစ်သည်။ အောက်ပါ အွန်လိုင်းပုံစံကို ဖြည့်စွက်ပါ သို့မဟုတ် သီးသန့် မြေပုံတောင်းခံချက် ပုံစံကို download ကူးယူ ဖြည့်စွက်ပြီး [email protected] သို့ ပြန်လည် ပေးပို့ပါ။