ပထဝီဝင်ဆိုင်ရာသတင်းအချက်အလက်စနစ် လုပ်ငန်းအဖွဲ့ (GIS WG)
MIMU သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ၊ ဖွံ့ဖြိုးရေးနှင့်ငြိမ်းချမ်းရေးကို ဦးစားပေး ဆောင်ရွက်သူများအကြား ညှိနှိုင်း ဆောင်ရွက်မှု နှင့် သတင်းအချက်အလက် မျှဝေခြင်းကို ခိုင်မာအားကောင်းစေရန် ဆောင်ရွက်လျက်ရှိပြီး GIS လုပ်ငန်းအဖွဲ့အား ဦးဆောင်နေသည်။ ယခု လက်ရှိ ကာလ GIS အလုပ်အဖွဲ့ရှိ အဖွဲ့ဝင် ၆၉ ဦးတွင် GIS အထူး ကျွမ်းကျင်သူများနှင့် ပညာရှင်များ ပါဝင်ပြီး ၎င်းတို့သည် NGO များ၊ တက္ကသိုလ်များ၊ အစိုးရ ဌာနများ၊ သုတေသနဌာနနှင့်ပုဂ္ဂလိက ကဏ္ဍ ကုမ္ပဏီများမှ ကိုယ်စားလှယ်များဖြစ်သည်။ Artificial Intelligence application ဉာဏ်ရည်တု နည်းပညာဆိုင်ရာ လုပ်ငန်းသုံးပရိုဂရမ်များ (စိုက်ပျိုးရေး) နှင့် အမျိုးသားအဆင့် လမ်းများဆိုင်ရာ အချက်အလက်များကို ပိုမို အားကောင်းလာစေရန် အာရုံစိုက်ကာ အစည်းအဝေးနှစ်ခု ကျင်းပခဲ့သည်။