နေရာအညွှန်းသင်္ကေတများ (Pcodes)
Pcodes သည် “နေရာသင်္ကေတကုဒ်” အတွက် အတိုချုပ်အသုံးအနှုံးဖြစ်သည်။ ၎င်းသည် zip သင်္ကေတကုဒ် သို့မဟုတ် စာတိုက် သင်္ကေတ ကုဒ်နှင့်တူပြီး၊ မြန်မာနိုင်ငံတစ်ဝှမ်းရှိ နေရာဒေသပေါင်း ၇၁,ဝဝဝ ဝန်းကျင်ခန့်ကို သီးခြား ရည်ညွှန်း သင်္ကေတကုဒ်များအဖြစ် သတ်မှတ်ပေးသော အချက်အလက် စီမံခန့်ခွဲမှုစနစ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ သုတေသနနှင့် လူသားချင်း စာနာ ထောက်ထားမှုနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ အဖွဲ့အစည်းများ အပါအဝင် အရင်းအမြစ်မျိုးစုံမှ စုဆောင်း ကောက်ယူထားသော သတင်း အချက်အလက်များ အပေါ်တွင် အခြေခံသော မြန်မာနိုင်ငံအတွက် Pcodes စနစ်ကို MIMUမှ ပြုစုထိန်းသိမ်းထားရှိပါသည်။ အရင်းအမြစ် တစ်ခုထက် မကသော နေရာများမှ အချက်အလက်များကို စုစည်းဖော်ပြနိုင်ရန်အတွက် စနစ်တကျ သတ်မှတ်ထားသော Pcode System မရှိပဲ ဆောင်ရွက်နိုင်မည်မဟုတ်ပေ။
Pcodes သည် သတင်းအချက်အလက် ပံပိုးပေးသူများနှင့်အသုံးပြုသူများကို အစိုးရဌာနများ၊ မြန်မာနိုင်ငံတွင် လုပ်ကိုင် ဆောင်ရွက်နေကြသော ကုသမဂ္ဂအဖွဲ့အစည်းများ၊ အလှူရှင်များ၊ ဒေသန္တရနှင့် နိုင်ငံတကာ NGOs များက ဆောင်ရွက်သော ဆန်းစစ်ချက်များ နှင့် ကွင်းဆင်း လေ့လာမှုများ အမျိုးမျိုးတို့မှ အချက်အလက်များ အပါအဝင် ကျယ်ပြန့်များပြားလှသော ရင်းမြစ်မျိုးစုံတို့မှ ရရှိနိုင်သည့် သတင်းအချက်အလက်များကို ဖလှယ်ရန်၊ ချိတ်ဆက်ရန် နှင့် မြေပုံများ ထုတ်ယူရရှိနိုင်စေရန် အထောက်အကူပြုပါသည်။ Pcode စနစ်ကို အသုံးပြုခြင်းဖြင့် အဖွဲ့အစည်းများသည် ၎င်းတို့၏ သက်ဆိုင်ရာ လုပ်ငန်းများအတွက် အချက်အလက်များကို မိမိတို့ အသုံးတည့်သည့် အတိုင်း လွယ်ကူစွာ ထုတ်ယူ ရရှိနိုင်မှာ ဖြစ်သလို၊ အခြား အဖွဲ့အစည်းများ အလွယ်တကူ အသုံးပြုနိုင်စေရန် လည်း လုပ်ဆောင်နိုင်မှာ ဖြစ်ပါသည်။
မြန်မာနိုင်ငံရှိ ပြည်ထောင်စု နယ်မြေ၊ ပြည်နယ်/ တိုင်းဒေသကြီးများ၊ ခရိုင်များ၊ မြို့နယ်များ၊ မြို့များ၊ ရပ်ကွက်များ၊ ကျေးရွာအုပ်စုများ နှင့် ကျေးရွာများ အလိုက် Pcodes များရရှိနိုင်ပါသည်။ ဒုက္ခသည် စခန်းများမှ ကောက်ယူရရှိသော သတင်းအချက်အလက် မျှဝေခြင်းကို အထောက်အကူ ပြုစေရန် အဆိုပါနေရာများ အတွက်လည်း ထပ်ဆောင်း Pcodes အစုတစ်ခုကို လည်း သတ်မှတ်ထားပါသည်။ Pcode တစ်ခုစီတွင် အဆိုပါ နေရာကို လူအများ သိရှိသည့်အမည်၊ စံနှုန်းကိုက်စနစ် တစ်ခုအပေါ်တွင် အခြေခံလျက် အင်္ဂလိပ်ဘာသာ အက္ခရာ အဖြစ်သို့ ပြောင်းလဲထားသော အမည် နှင့် လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ ပံ့ပိုးကူညီမှု လိုအပ်သော ပဋိပက္ခ အခြေအနေများတွင် လျာထားချက်များ ရေးဆွဲခြင်း၊ ညှိနှိုင်း ဆောင်ရွက်ခြင်းနှင့် ကျေးရွာ၏ တည်နေရာများကို ဖော်ထုတ်ခြင်း တို့အတွက် ကျေးရွာ တစ်ခုစီ၏ တိကျသော မြေပုံရေးဆွဲခြင်းက ဆောင်ရွက်နိုင် စေရန် GPS စနစ် အသုံးပြုထားသည့် တည်နေရာ ဆိုင်ရာ အချက်အလက်များ လည်း ပါဝင်ပါသည်။
Pcode စနစ်တွင် ရင်ဆိုင်နေရဆဲ အခက်အခဲများ
-
Pcode စာရင်းတွင် ပါဝင်မနေသော ကျေးရွာများ - ဤပြဿနာသည် သွားရောက်ရန် ခက်ခဲသော ဒေသများ သို့မဟုတ် တည်နေရာ ပြောင်းသွားသော ကျေးရွာများတွင် ဖြစ်ပေါ်နိုင်ပါသည်။ MIMU သည် အဆိုပါ ကျေးရွာ၏ တည်ရှိသည့် နေရာကို အတည်ပြုနိုင်ရန် လိုအပ်သော သတင်းအချက်အလက် ရရှိသည် နှင့်တပြိုင်နက် Pcodes အသစ်များကို စာရင်းသွင်း ပေးပါသည်။ “မြန်မာနိုင်ငံ တစ်ဝှမ်းရှိ ကျေးရွာများအား မြေပုံပေါ်တွင် ဖော်ပြပေးနိုင်မှု လက်ရှိအနေအထား” ဟူသည့် မြေပုံကို လေ့လာကြည့်လျှင် မြို့နယ်အလိုက် ယေဘူယျ အားဖြင့် ရေးဆွဲ ဖော်ပြပေးနိုင်သည့် ကျေးရွာ ရာနှုန်းများကို သိရှိနိုင်ပါသည်။
-
GPS တည်နေရာမရရှိခြင်း - လက်ရှိအချိန်တွင် Pcodes များရှိသော ကျေးရွာများ၏ ၇၉% သာလျှင် မြေပုံ ရေးဆွဲ ဖော်ပြနိုင်ပါသည်။ MIMU သည် ကျန်ရှိ နေသေးသော ကျေးရွာများ အတွက် တိကျသော GPS အညွှန်း (လတ္တီတွဒ်/ လောက်ဂျီ်ကျု)များ ရရှိရန် GIS ပညာရှင်များ ပေါင်းစုအဖွဲ့၊ အဖွဲ့အစည်းများနှင့် အစိုးရဌာနများ ၏ ပံ့ပိုးမှုများဖြင့် ဆက်လက် ကြိုးပမ်းလျက်ရှိပါသည်။
-
နာမည် တစ်မျိုး မက ရှိသော ကျေးရွာများ - ဤကဲ့သို့သော အခြေအနေသည် ဘာသာစကား အမျိုးမျိုး အသုံးပြုသော နေရာဒေသ များတွင် ဖြစ်ပွားလေ့ရှိပါသည်။ MIMU ၏ Pcodes စာရင်းသည် ကျေးရွာများ၏ (နိုင်ငံတော်မှ ခေါ်ဝေါ်သော အမည်များ အပြင်) ဒေသ သုံး အခြား အမည်များ ကိုလည်း ထည့်သွင်းဖော်ပြနိုင်ပါသည်။
-
ကွဲပြား ခြားနားသော အုပ်ချုပ်ရေး ဆိုင်ရာ ဖွဲ့စည်းပုံ – ဤပြဿနာသည် ကွဲပြား ခြားနားသည့် အုပ်ချုပ်ရေး ဆိုင်ရာ ဖွဲ့စည်းပုံ အသုံးပြုနေသော ဒေသများ အထူးသဖြင့် ဝ နှင့် ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများတွင် တွေ့ရနိုင်ပါသည်။
မြန်မာနိုင်ငံအုပ်ချုပ်ရေးဆိုင်ရာဖွဲ့စည်းပုံ
၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလ အထိ စာရင်းများအရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကို ပြည်နယ်နှင့်တိုင်း ဒေသကြီး ၁၄ ခု၊ ပြည်ထောင်စုနယ်မြေ ၁ ခု၊ ခရိုင် ၇၅ ခု ၊ မြို့နယ် ၃၃ဝ ခု၊ မြို့ ၄၆၉ ခု၊ ရပ်ကွက် ၃,၄၇၀ ခု၊ ကျေးရွာအုပ်စု ၁၃,၅၉၀ ခု နှင့် ရွာပေါင်း ၆၃,၂၁၄ ရွာတို့နှင့် ဖွဲ့စည်းထားပါသည်။ (၂ဝဝ၈ ခုနှစ်) ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ ၆ ခုရှိပြီး၊ ၎င်းတို့တွင် တစ်နိုင်ငံလုံးရှိ မြို့ နယ် ၃၃ဝ အနက်မှ ၁၈ မြို့နယ်ပါဝင်ပါသည်။ အစိုးရနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများ အထူးသဖြင့် ဝ ၊ ကိုးကန့်ဒေသတို့ကြား မြို့နယ်၊ မြို့၊ ကျေးရွာအုပ်စု၊ ကျေးရွာတို့နှင့် ပတ်သက်သည့် အုပ်ချုပ်ရေးဆိုင်ရာအဓိပ္ပါယ် ဖွင့်ဆိုချက်များတွင်မူ ကွဲပြားခြားနားမှုအချို့ရှိပါသည်။
Pcodes ကို ဘယ်လိုအသုံးပြုမလဲ
Pcodes တွင် စာလုံးပေါင်းများ၊ ကွဲပြားခြားနားသော ဘာသာစကားများ နှင့် ရေးနည်း ရေးဟန်များ၊ နှင့် နာမည် တူနေခြင်းများ စသည့် အခက်အခဲများ ရှိနေသည့် ဒေသများကို ထည့်သွင်း စဉ်းစားပြီး မြို့ရွာ သင်္ကေတကုဒ် အသီးသီး သတ်မှတ် ပေးထားခြင်းဖြင့် ဖြေရှင်း ပေးထားပါသည်။ Pcode စနစ်သည် မြန်မာနိုင်ငံရှိ လုပ်ကိုင် ဆောင်ရွက် နေကြသူ အားလုံးတို့က နိုင်ငံတဝှမ်းလုံးရှိ နေရာဒေသ များအား ရည်ညွှန်း အသုံးပြုရာတွင် စံနှုန်းတစ်ခုဖြစ်စေပါသည်။ သက်ဆိုင်ရာ ပါဝင်ဆောင်ရွက်သူ အားလုံးတို့က သဘောတူ လက် ခံထားသော နေရာဆိုင်ရာ အချက်အလက် စံနှုန်းများသည် Pcodes စနစ် ကို အသုံးပြုသူများကြား အချက်အလက် များ လွတ်လပ်စွာ ဖလှယ်မှုကို ဖြစ်စေပြီး၊ တည်နေရာများနှင့် ပတ်သက်ပြီး ရည်ညွှန်း ပြောဆိုရာတွင်လည်း တစ်ခုတည်းသော စုစည်း ညီညွတ်သည့် စံစနစ်တစ်ခုကို ဖန်တီးပေး ပါသည်။
များသောအားဖြင့် Pcodes များကို အဖွဲ့အစည်းတစ်ခု၏ အချက်အလက် စီမံခန့်ခွဲမှုစနစ် အတွင်းသို့ လွယ်ကူစွာ ပေါင်းစပ် ထည့်သွင်း နိုင်ပါ သည်။ MIMU ၏ Pcoder ဆော့ဖ်ဝဲသည် အဖွဲ့အစည်း/ ဋ္ဌာနများမှ ၎င်းတို့ ခေါ်ဝေါ်သုံးစွဲနေသည့် ကျေးရွာအမည်များ ပါသည့် ဖိုင်အတွင်း Pcode စနစ်တွင် သတ်မှတ် ထားသည့် ကျေးရွာ အမည်များဖြင့် စစ်ဆေးပေးပြီး အဆိုပါ အချက်အလက်ဖိုင်၏ ဇယားကွက်တွင် ကော်လံအကွက် ပိုတစ်ခုအားဖြင့် ထပ်ပေါင်းဖော်ပြပေးပါသည်။ MIMU သည် Pcodes စနစ်နှင့် ပတ်သက်၍ မိတ်ဆက် တင် ပြခြင်းနှင့် နိုင်ငံ အနှံ့အပြားရှိ ကျေးရွာတည်နေရာများ အားလုံးကို ဖော်ပြပေးနိုင်သည့် မြေပုံများ ရေးဆွဲ ပြီးမြောက်ရန် အတွက် ကျေးရွာ ဒေသများ၏ လောင်ဂျီကျု လတ္တီတွဒ်များ ကောက်ယူ မှတ်တမ်းတင်ပုံ သင်တန်းများကိုလည်း ပို့ချပေးပါသည်။ Pcode အချက်အလက် စုဆောင်း ရယူရန်ဖြစ်စေ၊ Pcodes ကို သင်၏ လက်ရှိ အချက်အလက်စနစ် အတွင်းသို့ ထပ်ပေါင်း ထည့်ရန်ဖြစ်စေ နည်းပညာ ပံ့ပိုးမှု လိုအပ်ပါက MIMU သို့ ဆက်သွယ်နိုင်ပါသည်။
Pcode အသစ်တစ်ခုကို သတ်မှတ်ခြင်း သို့မဟုတ် လက်ရှိ Pcode ကိုပြင်ဆင်ခြင်း
MIMU သည် နိုင်ငံတော် ပြန်တမ်း၊ အဖွဲ့အစည်း များ၏ ကွင်းဆင်း လေ့လာ ဆောင်ရွက်မှုများ၊ အစိုးရဌာန များ စသည့် ရင်းမြစ် အများအပြားမှ နောက်ဆုံးရ သတင်း အချက်အလက်များ အပေါ် အခြေခံလျက် Pcodes များကို ပြင်ဆင် ထည့်သွင်းပါသည်။
၁။ Pcode စာရင်းတွင် ပါဝင်ခြင်း မရှိသော ကျေးရွာများ အတွက် Pcodes အသစ်များကို သတ်မှတ်ပေးနိုင်ရန် ၎င်းရွာများ၏ သက်ဆိုင်သော သတင်း အချက်အလက် အချို့ကို ဖြည့်ဆည်း ပံ့ပိုးပေးရန် လိုအပ်ပါသည်။ (ပြည်နယ်/ တိုင်းဒေသကြီး အမည်၊ မြို့နယ် အမည်၊ ကျေးရွာ အုပ်စု အမည်၊ ကျေးရွာ အမည်၊ ကျေးရွာ၏ ခန့်မှန်းခြေ လူဦးရေ၊ ကျေးရွာ အတွင်းရှိ အိမ်ထောင်စု အရေးအတွက် ခန့်မှန်းခြေ၊ GPS အညွှန်း လတ္တီတွဒ် လောင်ဂျီ်ကျုများ)။
၂။ ပေးပို့လာသော အချက်အလက်များ အား မှန်ကန်ကြောင်း အတည်ပြု ပြီးလျှင် Pcodes များကို ပြင်ဆင်မှုများ ပြုလုပ် ပါသည်။ ပြင်ဆင်ချက်များတွင် GPS အညွှန်းများ ထည့်သွင်းခြင်း၊ တွင်ကျယ်စွာ ခေါ်ဝေါ် အသုံးပြုနေသည့် ဒေသသုံး ရွာအမည်များ ထည့်သွင်းခြင်းနှင့် အခြား အချက်အလက် အသစ်များ ထည့်သွင်းခြင်းတို့ ပါဝင်ပါသည်။
MIMU Pcode စာရင်းတွင် ပြင်ဆင်ရန် (သို့မဟုတ်) အသစ်ထည့်ရန် အတွက် PCode ပေးပို့သည့်ပုံစံ ကိုကူးယူ ဖြည့်စွက်ပြီး [email protected] သို့ ပြန်လည် ပေးပို့ပါ။
PCode Datasets
P-Coder
Pcoder ဆိုသည်မှာ နေရာဒေသအမည် (မြို့နယ်၊ ကျေးရွာအုပ်စု၊ ကျေးရွာ) များအား MIMU ၏ နာမည် စာလုံးပေါင်း အတိုင်း ကိုက်ညီစေရန် ယှဉ်တွဲဖေါ်ပြပေးခြင်းနှင့် MIMU Pcode အား အလိုအလျောက် ထည့်သွင်းပေးသည့် Microsoft Excel တွင် ထည့်သွင်းအသုံးပြုရသော အရာ ဖြစ်ပါသည်။
MIMU Pcoder Video
MIMU Pcoder and Guidlines
Title | Format | Size | Uploaded |
---|---|---|---|
MIMU_PCoder_9.6.zip |
zip |
41.89 MB | 07-Feb-2025 |
MIMU Pcoder Guildeline_12Mar2021_Eng.pdf |
pdf |
539.23 KB | 15-Mar-2021 |
MIMU Pcoder Guildeline_12Mar2021_MMR.pdf |
pdf |
636.07 KB | 15-Mar-2021 |
Fast Find
- Who, What, Where, When,
Whom (HDP Nexus 5W) - Current HDP Nexus 5W Maps
- HDP Nexus 5W Overview
Dashboard - HDP Nexus 5W Township
Dashboard - HDP Nexus 5W Village Tract
Dashboard - Southeastern Myanmar
HDP Nexus 5W Dashboard - HDP Nexus 5W Dashboard -
UN Agencies Only - အခြေခံအချက်အလက်များ
- မြို့ရွှာသင်္ကေတကုဒ်များ (Pcodes)