မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းများ
မြန်မာနိုင်ငံတွင် ကုလသမဂ္ဂ (UN) သည် တိုင်းပြည် လွတ်လပ်ရေး ရရှိပြီးချိန် မှစ၍ ရှိနေခဲ့ပါသည်။ UN ဌာနေ/ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ ညှိနှိုင်းရေးမှူးသည် လူသားချင်း စာနာ ထောက်ထားမှု၊ ပြန်လည် ထူထောင် ရေး နှင့် ဖွံ့ဖြိုးရေး ဆိုင်ရာ လုပ်ငန်းများအတွက် မြန်မာနိုင်ငံရှိ ထိပ်တန်း UN အရာရှိဖြစ်ပါသည်။ UN တိုင်းပြည် အဆင့် ညှိနှိုင်းမှု လုပ်ငန်းကို UN ဌာနေအဖွဲ့က စီမံခန့်ခွဲ ဆောင်ရွက်ပါသည်။
ပူးပေါင်းဆောင်ရွက်မှုများ - | |
![]() |
UN RC/HC – UN ဌာနေ/ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး က UN နှင့် မိတ်ဖက် အဖွဲ့အစည်းများ၏ ဖွံ့ဖြိုးရေးနှင့် လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ လုပ်ငန်းများ နှင့် အကောင်အထည် ဖော် ဆောင်ရွက်နေသော လုပ်ငန်းများ၏ စွမ်းရည် ပြည့်ဝမှုနှင့် ထိရောက်မှု ရှိမှု တိုးတက် ကောင်းမွန် စေရေး တို့ကို ညှိနှိုင်း ဆောင်ရွက်ပေးသည်။
|
![]() |
UNOCHA – ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံးသည် အခြေခံမူများနှင့်အညီ ညှိနှိုင်းနှိုးဆော်တိုက်တွန်းခြင်း၊ မူဝါဒချမှတ်ခြင်း၊ သတင်း အချက်အလက် စီမံခန့်ခွဲခြင်း၊ လူသားချင်းစာနာမှုရန်ပုံငွေပံ့ပိုးခြင်း ဆိုင်ရာလုပ်နည်းလုပ်ဟန်နှင့် ဝန်ဆောင်မှုများပေးခြင်းတို့ကို မိတ်ဖက်များနှင့်အတူဆောင်ရွက်ပါသည်။
|
![]() |
UNIC – ကုလသမဂ္ဂပြန်ကြားရေးဌာနများသည် ကုလသမဂ္ဂအဖွဲ့၏ ရည်မှန်းချက်များနှင့် လှုပ်ရှားမှုများကို လူအများ ပိုမို သိရှိနားလည်နိုင်ရန်နှင့် အားပေး ထောက်ခံလာရန် အတွက် တာဝန်ယူဆောင်ရွက်ပြီး၊ အဖွဲ့ကြီးမှ ဆောင်ရွက်နေမှုသတင်းအချက်အလက်များကို နေရာတိုင်း အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများရှိ လူများအတွက် ဖြန့်ဝေပေးပါသည်။
|
![]() |
MIMU – MIMU သည် လူသားချင်း စာနာထောက်ထားမှု နှင့် ဖွံ့ဖြိုးရေးဆိုင်ရာ စီမံကိန်းများ လုပ်ဆောင်လျက် ရှိကြသည့် အဖွဲ့အစည်းများ အတွက် အသုံးဝင်သော သတင်း အချက်အလက်များ ဖလှယ်ခြင်း ဆိုင်ရာ လုပ်ငန်းရပ်များ ကို လုပ်ဆောင်ပေးသည့် ဋ္ဌာနဖြစ်ပြီး သတင်း အချက်အလက်များ စုစည်းခြင်း၊ အဆင့်ဆင့်ခွဲခြမ်း စိတ်ဖြာသုံးသပ်ခြင်း၊ ပြန်လည် ဖြန့်ဖြူးခြင်းများအားဖြင့် အဖွဲ့အစည်းများ အကြား ပေါင်းစပ် ညှိနှိုင်းခြင်းကို အထောက် အကူပြုနိုင် စေရန် ဆောင်ရွက် ပေးပါသည်။
|
![]() |
UNDSS – ကုလသမဂ္ဂ ဘေးကင်းရေးနှင့် လုံခြုံရေးဌာန သည် တာဝန် ပေးအပ်ထားသော အရာရှိ၊ မြန်မာ့ လုံခြုံရေး စီမံခန့်ခွဲမှု အဖွဲ့၊ UN အေဂျင်စီများ၊ အစီအစဉ်များ နှင့် ရန်ပုံငွေအဖွဲ့များ၊ INGO များနှင့် UN ၏ အကောင်အထည် ဖော်ရေး မိတ်ဖက် အဖွဲ့အစည်းများသို့ လုံခြုံရေးဆိုင်ရာ အကြံဉာဏ်များပေးအပ်ပါသည်။
|
အစီအစဉ်များနှင့်ရန်ပုံငွေများ - | |
![]() |
UNICEF – ယူနီဆက်သည် နိုင်ငံနှင့် နယ်မြေပေါင်း ၁၉၀ ကျော်တွင် ကလေးငယ်များ၏ အသက်ကို ကယ်တင်ရန်၊ ကလေးသူငယ် အခွင့်အရေးများကို ကာကွယ်ရန်နှင့် ငယ်ရွယ်စဉ် ကလေးဘဝမှ လူငယ်ဘဝအထိ ၎င်းတို့၏ အလားအလာများကို ဖြည့်ဆည်းပေးနိုင်ရန် လုပ်ဆောင်နေပါသည်။ ဘယ်တော့မှ လက်လျှော့သွားမှာလဲ မဟုတ်ပါ။
|
![]() |
UNDP – UNDP သည်နိုင်ငံနှင့်နယ်မြေ၁၇၀ခန့်တွင် ဆင်းရဲနွမ်းပါးမှုပပျောက်ရေးအတွက်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံများ၏တိုးတက်မှုများ ရေရှည်တည်တံ့နိုင်ရန်အတွက်ခိုင်မာသည့်မူဝါဒများ ရေးဆွဲနိုင်ရန်ကျွမ်းကျင်မှုများမိတ်ဖက်ပြုမှုများ တည်ဆောက်နိုင်ရန်နှင့် အဖွဲ့အစည်းများတည်ထောင်နိုင်ရန် ကူညီပေးလျက်ရှိသည်။
|
![]() |
UNHCR – ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီသည် ဒုက္ခသည်များ၊ ဖိအားပေးရွှေ့ပြောင်းစေသည့်လူမှုအသိုက်အ၀န်းများနှင့် နိုင်ငံမဲ့သူများ၏ အသက်များကိုကယ်တင်ရန်၊ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်နှင့်ပိုမိုကောင်းမွန်သောအနာဂတ်တစ်ခုကို တည်ဆောက်ပေးရန်ရည်ရွယ်ဖွဲ့စည်းထားသော ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။
|
![]() |
UN-HABITAT – ယူအန်ဟက်ဘိတက်သည်ပိုမိုကောင်းမွန်သောမြို့ပြအနာဂတ်ဆီသို့ ဦးတည်လုပ်ဆောင်နေသည့်ကုလသမဂ္ဂအဖွဲ့ဖြစ်သည်။၎င်း၏ရည်မှန်းချက်မှာ လူမှုရေးနှင့်ပတ်ဝန်းကျင်ဆိုင်ရာအချက်များမြှင့်တင်ပြီးရေရှည်တည်တံ့သောလူသားအခြေချနေထိုင်မှုများဖွံ့ဖြိုးတိုးတက်ရေးနှင့်လူတိုင်းအတွက်လုံလောက်သည့်အိုးအိမ်ရရှိစေရန်ဖြစ်သည်။
|
![]() |
UNODC – ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာရုံးသည်တရားမ၀င်မူးယစ်ဆေးဝါးနှင့်နိုင်ငံတကာမှုခင်းများကိုတိုက်ဖျက်ရာတွင်ကမ္ဘာ့ဦးဆောင်အဖွဲ့အစည်းဖြစ်သည်။ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာရုံးသည်ကမ္ဘာ့နယ်ပယ်အသီးသီးရှိကျယ်ပြန့်သောဒေသရုံးများကွန်ယက်မှတစ်ဆင့်ကမ္ဘာ့ဒေသအားလုံးတွင်လည်ပတ်ဆောင်ရွက်လျက်ရှိသည်။
|
![]() |
UNFPA – လိင်မှုနှင့် မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အစည်း UNFPA သည် အမျိုးသမီးတိုင်း မိမိဆန္ဒအလျောက် ရင်သွေးရယူခွင့်ရှိပြီး ကိုယ်ဝန်ဆောင်မိခင်တိုင်း အန္တရာယ်ကင်းစွာ မွေးဖွားနိုင်ရေးနှင့် လူငယ်တိုင်း မိမိစွမ်းရည်ရှိသလောက် ဆောင်ရွက်စေနိုင်ရေးကို ရှေးရှုပါသည်။
|
![]() |
WFP – ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်သည် လူသားချင်းစာနာမှုဆိုင်ရာ ဦးဆောင်အဖွဲ့အစည်းဖြစ်သည်။ ကယ်ဆယ်ရေး၊ လူ့ဘဝအခြေတိုးတက်ပြောင်းလဲစေရေး၊ အရေးပေါ်အခြေအနေတွင် စားနပ်ရိက္ခာများပေးအပ်ရေး၊ အာဟာရမြှင့်တင်ရေးနှင့် လူထုကြံ့ကြံ့ခံနိုင်စွမ်းတည်ဆောက်ရေးအတွက် လူမှုအသိုင်းအဝိုင်းများနှင့် လက်တွဲဆောင်ရွက်လျက်ရှိသည်။
|
အထူးအေဂျင်စီများ - | |
![]() |
UNESCO – ယူနက်စကို (UNESCO) ၏ ရည်မှန်းချက်မှာ ပညာရေး၊ သိပ္ပံ၊ ယဉ်ကျေးမှု၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်များမှတဆင့် ငြိမ်းချမ်းရေးတည်ဆောက်ရေး၊ ဆင်းရဲမွဲတေမှုပပျောက်ရေး၊ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အပြန်အလှန်ဆွေးနွေးမှုများတွင် ပါဝင်ကူညီရန်ဖြစ်သည်။
|
![]() |
FAO – FAO သည်ငတ်မွတ်ခေါင်းပါးမှု တိုက်ဖျက်ရာတွင် နိုင်ငံတကာကြိုးပမ်းအားထုတ်မှုများကို ဦးဆောင်သည့် ကုလသမဂ္ဂ၏အထူးပြုအဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။ ကျွန်ုပ်တို့၏ ပန်းတိုင်မှာ လူသားထုတစ်ရပ်လုံးစားနပ်ရိက္ခာဖူလုံ၍ ကျန်းမာရွှင်လန်းသည့် လူမှုဘဝများရရှိနိုင်ရန် အရည်အသွေးပြည့် အစားအစာများကို လက်လှမ်းမီရရှိစေရန်ဖြစ်သည်။
|
![]() |
UNIDO – UNIDO မှ စက်မှူလုပ်ငန်းများ ဖွံဖြိုးတိုးတက်မှုကို စဉ်ဆက်မပြတ် လုပ်ဆောင်ခြင်းအားဖြင့် ဆင်းရဲမွဲတေမှုကို လျော့ချပေးနေပါသည်။
|
![]() |
ILO – အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့သည် လူမှုရေးတရားမျှတမှု၊ နိုင်ငံတကာအသိအမှတ်ပြု လူ့အခွင့်အရေးနှင့်အလုပ်သမားအခွင့်အရေး တို့ ကိုလေးစားလိုက်နာကြရန် အားပေးပြီး ထာဝရငြိမ်းချမ်းရန် လူမှုရေးတရားမျှတရန် မရှိမဖြစ် လိုအပ်သည်ဟုယုံကြည်ကာ၎င်း၏ အထူးတာဝန်ကို ထမ်းဆောင်လျက်ရှိသည်။
|
![]() |
WHO – ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် ကမ္ဘာအနှံ့အပြားရှိ လူသားအားလုံး ပိုမိုကောင်းမွန်သော ကျန်းမာသော အနာဂတ်ကို တည်ဆောက်ပေးလျက် ရှိပါသည်။
|
Other Entities and Associate Agencies: | |
![]() |
UNAIDS – ကုလသမဂ္ဂ အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ် ပူးပေါင်းအစီအစဉ် သည် အိပ်ချ်အိုင်ဗွီ ကာကွယ်ရေး၊ ကုသရေး၊ ပြုစုစောင့်ရှောက်ရေး နှင့် ပံ့ပိုးကူညီမှုတို့ကို လူတိုင်းလက်လှမ်းမီနိုင်စေရန် ညှိနှိုင်းလုပ်ဆောင်ပေးနေသော မိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည်။
|
![]() |
OHCHR – ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးသည် ကုလသမဂ္ဂမှ ချမှတ်ထားသော လူ့အခွင့်အရေးများ၊ နိုင်ငံတကာ လူအခွင့်အရေး ဥပဒေနှင့် သဘောတူ စာချုပ်များ အရ လူသားအားလုံး၏ လွတ်လပ် ပျော်ရွှင်မှု၊ ပြည့်ဝစွာ နားလည် သဘောပေါက်စေမှုတို့ကို မြှင့်တင်ပေးရန်နှင့် ကာကွယ်ပေးရန်ဖြစ်သည်။
|
![]() |
UNOPS – ကျွန်ုပ်တို့၏ အဓိကရည်မှန်းချက်မှာ ပြည်သူများအတွက် ပိုမိုကောင်းမွန်သည့် လူမှုဘဝများ ထူထောင်ပေးပြီး နိုင်ငံများအတွင်း ငြိမ်းချမ်းရေးနှင့် စဉ်ဆက်မပြတ်ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရန် ဖြစ်ပါသည်။
|
![]() |
UN WOMEN - ကုလသမဂ္ဂအမျိုးသမီးများအဖွဲ့သည် ကျား၊မတန်းတူညီမျှရေးနှင့် အမျိုးသမီး များအား စွမ်းရည် မြှင့်တင်ရေးအတွက် လုပ်ဆောင်နေသောအဖွဲ့အစည်းဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းရှိ အမျိုးသမီးနှင့် မိန်းကလေးငယ်များ၏ လိုအပ်ချက်များ ပြည့်မီနိုင်ရေးအတွက် စွမ်းစွမ်းတမံ ရပ်တည်ဆောင်ရွက်မည့် အဖွဲ့တစ်ခု အဖြစ် စတင်တည်ထောင်ခဲ့ပါသည်။
|
![]() |
IOM – ၁၉၅၁ ခုနှစ်၌ စတင်တည်ထောင်ခဲ့သော အိုင်အိုအမ်သည် ရွှေ့ပြောင်းသွားလာမှုဆိုင်ရာနယ်ပယ်တွင် ဦးစီးဆောင်ရွက်နေသော ထိပ်တန်းအဖွဲ့အစည်းတစ်ခုဖြစ်ပြီး လူသားဆန်သော စနစ်တကျရွှေ့ပြောင်းသွားလာခြင်းသည် ရွှေ့ပြောင်းသွားလာနေထိုင်သူများနှင့် လူ့အဖွဲ့အစည်းအား အကျိုးဖြစ်ထွန်းစေသည်ဆိုသော မူဝါဒဖြင့် ကတိပြုလုပ်ဆောင်နေပါသည်။
|
3W Dashboard - UN Organizations Only
ဤ Dashboard သည် UN အဖွဲ့အစည်းများတွင် Who (မည်သည့်အဖွဲ့အစည်းများ) က What (မည်သည့်စီမံကိန်းများ) ကို Where (မည်သည့်နေရာတွင်များ) တွင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့်ကို ပြည်နယ်/တိုင်းအလိုက်၊ မြို့နယ်အလိုက် ပေါ်လွင်အောင် ဆန်းစစ် လေ့လာမှုအား ဖော်ပြထားခြင်း ဖြစ်ပါသည်။ https://themimu.info/3w-un-dashboard
မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ
Title | Format | Size | Uploaded |
---|---|---|---|
Core Doc_The Essential UN_ENG.pdf |
pdf |
9.77 MB | 16-Feb-2022 |
Core Doc_UN System Chart_ENG.pdf |
pdf |
89.92 KB | 03-Feb-2022 |
Core Doc_UN System Chart_MMR.pdf |
pdf |
2.85 MB | 03-Feb-2022 |
Core Doc_Basic Facts about the UN_ENG.pdf |
pdf |
6 MB | 03-Feb-2022 |
မဟာဗျူဟာများနှင့် အစီအစဉ်များ
..
အစီရင်ခံစာများ
Title | Format | Size | Uploaded | Organization |
---|---|---|---|---|
Core Doc_Myanmar Crisis Response Plan 2020_IOM.pdf |
pdf |
149.02 KB | 10-Nov-2020 | International Organization for Migration |
RefDoc_A New Global Partnership - the Post-2015 Development Agenda.pdf |
pdf |
3.58 MB | 09-Dec-2014 | United Nations |
Ref_Doc_UN_Strategic_Framework_for_Myanmar_2012-2015.pdf |
pdf |
2.58 MB | 20-Feb-2014 | United Nations Development Programme |
RefDoc_UNMyanmar_WFP_Looking Forward (2013-2017).pdf |
pdf |
1.18 MB | 28-Jan-2014 | World Food Programme |
RefDoc_UNMyanmar_UNFPA_CountryProgrammeDocument (2012-2015).pdf |
pdf |
84.52 KB | 28-Jan-2014 | United Nations Populations Fund |
RefDoc_UNMyanmar_UNDP_Myanmar open new chapter of partnership.pdf |
pdf |
138.91 KB | 28-Jan-2014 | United Nations Development Programme |
အစီရင်ခံစာများ
Title | Format | Size | Uploaded |
---|---|---|---|
Report_UNCT Annual Report 2021_ENG.pdf |
pdf |
23.69 MB | 28-Sep-2022 |
Report_Independent Investigative Mechanism for Myanmar_UN_Jul2022.pdf |
pdf |
246.88 KB | 10-Aug-2022 |
Report_UNCT Annual Report 2020_ENG.pdf |
pdf |
6.22 MB | 03-Feb-2022 |
Report_Human Development Indices and Indicators_UNDP_2018.pdf |
pdf |
1.4 MB | 17-Sep-2018 |
Report_Myanmar Business Survery 2015_UNDP-CSO_Dec2016_MMR.pdf |
pdf |
3.98 MB | 24-Mar-2017 |
Report_Myanmar Business Survery 2015_UNDP-CSO_Dec2016_ENG.pdf |
pdf |
1.51 MB | 24-Mar-2017 |
Assessment_Readiness of Myanmar’s Official Statistics for SDG_UNDP-CSO_May2016_M... |
pdf |
714.85 KB | 24-Mar-2017 |
Assessment_Readiness of Myanmar’s Official Statistics for SDG_UNDP-CSO_May2016_E... |
pdf |
787.3 KB | 24-Mar-2017 |
Overview_Human Development Report_2016_UNDP.pdf |
pdf |
620.5 KB | 23-Mar-2017 |
Report_Human Development Report_2016_UNDP.pdf |
pdf |
2.82 MB | 23-Mar-2017 |