ကျား၊ မရေးရာ အခြေပြုအကြမ်းဖက်မှု ကဏ္ဍခွဲ (GBV)
GBV ကဏ္ဍခွဲ သည် ကာကွယ်စောင့်ရှောက်ရေးကဏ္ဍအတွင်းရှိ နည်းပညာဆိုင်ရာ အုပ်စုများအနက်မှ တစ်ခုဖြစ်ပြီး ကျားမအခြေပြုအကြမ်းဖက်မှု (GBV) နှင့်သက်ဆိုင်သော ထိရောက်သည့် ကြိုတင်ကာကွယ်ရေးနှင့် ဘေးအန္တရာယ်လျှော့ချရေး မဟာဗျူဟာများနှင့် အရေးပေါ် လူသားချင်းစာနာထောက်ထားရေး ဝန်ဆောင်မှု များကို ကိုင်တွယ်ဖြေရှင်းရန် ရည်ရွယ်သည်။ GBV ကဏ္ဍခွဲသည် တိုက်ရိုက်ပံ့ပိုးပေးသော ၀န်ဆောင်မှုများ တိုးမြှင့်ခြင်း၊ ပိုမိုလုံခြုံစိတ်ချရသော ပတ်၀န်းကျင်များ အထူးသဖြင့် အမျိုးသမီးများနှင့်မိန်းကလေးများ (GBVတွင် အထိခိုက်လွယ်ဆုံးသူများ)အတွက် လုပ်ဆောင်ပေးလျက်ရှိပြီး ရှိပြီးသား GBV ယန္တရားများကို ခိုင်မာစေရန်၊ ကမ္ဘာလုံးဆိုင်ရာ ကောင်းမွန်သောအလေ့အကျင့်များဖြင့် ၄င်းတို့ကိုမြှင့်တင်ရန်၊ GBV ကြားဝင်ဆောင်ရွက်မှုများ၏ ပထဝီဝင် အနေအထားအရ ရောက်ရှိနိုင်မှုများနှင့် ပရိုဂရမ်အစီအစဉ်အရ ရောက်ရှိနိုင်မှုများကို တိုးမြှင့်ပေးရန် ဖွဲ့စည်း ဆောင်ရွက်လျက်ရှိသည်။ GBV ကဏ္ဍခွဲသည် ကဏ္ဍပေါင်းစုံအစီအစဉ်ရေးဆွဲခြင်း လုပ်ငန်းစဉ်များ အကောင်အထည်ဖော်မှုကို ညှိနှိုင်းဆောင်ရွက်ရန်အတွက် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့်တွင် ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ် ဒေသများ၌ ဆောင်ရွက်သွားမည်ဖြစ်သည်။ ၎င်းတွင် GBV ကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် ဆောင်ရွက်သူများ၏ နည်းပညာစွမ်းရည်ကို မြှင့်တင်ပေးခြင်း၊ ပြည့်စုံသော တုန့်ပြန်မှု ဖြစ်စေရန်အတွက် ဝန်ဆောင်မှုအဆင့် ကွာဟချက်များကို ဖြည့်ဆည်းခြင်း၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အရေးယူဆောင်ရွက်မှု အားလုံးတွင် GBV အန္တရာယ် လျှော့ချရေးအတွက် ပံ့ပိုးပေးခြင်းနှင့် အမျိုးသားအဆင့်နှင့် တိုင်းဒေသကြီးအဆင့်တွင် ရှင်သန်ကျန်ရစ်သူများအတွက် (လုံခြုံမှု ဖြစ်စေရန်) လွှဲပြောင်းပေးသည့် စနစ်များ တည်ထောင်ခြင်း တို့ပါဝင်သည်။
ရှင်သန်ကျန်ရစ်သူကို ဗဟိုပြုသည့်၊ အခွင့်အရေးကို အခြေခံသည့် ချဉ်းကပ်နည်းကို အသုံးပြုပြီး GBV ကဏ္ဍခွဲ၏ ရည်ရွယ်ချက်များနှင့် လုပ်ဆောင်ချက်များသည် ထိရောက်သော GBV ကာကွယ်ခြင်းနှင့် တုန့်ပြန်မှုအတွက် လူသားချင်း စာနာမှုဆိုင်ရာ တာ၀န်ရှိသူများ၏ လုပ်ဆောင်မှုများကို အတက်နိုင်ဆုံး မြှင့်တင်ပေးမည် ဖြစ်သည်။ ၄င်းတို့သည် ကျားမရေးရာ ခွဲခြမ်းစိတ်ဖြာမှု၊ ပါ၀င်ဆောင်ရွက်မှု၊ ပွင့်လင်းမြင်သာမှု၊ လက်တွဲဆောင်ရွက်မှုနှင့် ရှင်သန်ကျန်ရစ်သူ ဗဟိုပြုအခြေခံမူ အပေါ် အခြေခံပြီး အားပေးမြှင့်တင်မှုတစ်ခုအား မူဘောင်အတွင်း လှုပ်ရှား ဆောင်ရွက်သွားရန် တာဝန်ရှိသည်။
စာရွက်စာတမ်းများ
Meetings & Presentations
Due to COVID-19, meetings currently take place online. If you would like to join the GBV CWG meetings, please contact the GBV CWG.