လာမည့် MIMU Orientation သို့ စာရင်းပေးသွင်းရန်
MIMU ၏ မြေပုံများ၊ ဒေတာများနှင့် ဝန်ဆောင်မှုများကို စိတ်ဝင်စားသည့် အတွက် ကျေးဇူးတင်ပါသည်။ MIMU Orientation ကို Zoom မှတစ်ဆင့် လစဉ် ကျင်းပလျက်ရှိပြီး စိတ်ဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ပါသည်။
မြန်မာနိုင်ငံသို့ ရောက်ရှိလာခါစ ဖြစ်သူများ၊ အဖွဲ့အစည်းအသစ်တွင် စတင်လုပ်ကိုင်သူများနှင့် Information Management၊ M&E၊ Programme၊ Coordination စသည့် ဒေတာနှင့် မြေပုံများကို နေ့စဉ်အသုံးပြုရသည့် ဝန်ထမ်းများအတွက် အထူးအကျိုးရှိပါမည်။ သုတေသီများ၊ ကျောင်းသားများနှင့် မြန်မာနိုင်ငံဆိုင်ရာ သတင်းအချက်အလက်များကို ပိုမိုနားလည်လိုသူများလည်း လာရောက်နိုင်ပါသည်။
Orientation တွင် အောက်ပါအကြောင်းအရာများကို ဆွေးနွေးသွားမည် ဖြစ်ပါသည်။
- MIMU ၏ အခန်းကဏ္ဍနှင့် လူသားချင်းစာနာထောက်ထားမှု၊ ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းများကို MIMU က မည်သို့ ပံ့ပိုးကူညီနေသည်
- မြေပုံများ၊ HDP Nexus 5W၊ Place Codes နှင့် အခြားဒေတာများကို လက်တွေ့ အသုံးချပုံ
- MIMU ဝက်ဘ်ဆိုက်တွင် လိုအပ်သည့် အချက်အလက်နှင့် အရင်းအမြစ်များကို လွယ်ကူစွာ ရှာဖွေနည်း
- MIMU Networks နှင့် Mailing Lists များတွင် ပါဝင်နည်းနှင့် MIMU ထံမှ နည်းပညာပိုင်းနှင့် အခြားအကူအညီများ တောင်းခံနည်း
- MIMU အဖွဲ့နှင့် တိုက်ရိုက် မေးမြန်းဆွေးနွေးနိုင်မည့် အချိန်
စာရင်းပေးသွင်းပြီးသူများထံ Orientation မတိုင်မီ Zoom လင့်ခ်နှင့် လိုအပ်သည့် အချက်အလက်များကို ပေးပို့ပေးပါမည်။ ကျေးဇူးတင်ပါသည်။
