Shelter / NFI / CCCM Cluster

မြန်မာနိုင်ငံရှိ Cluster ပုံစံ လုပ်ဆောင်မှုသည် ပဋိပက္ခနှင့် အကြမ်းဖက်မှု များကြောင့် ရွှေ့ပြောင်းရသူများကို အမိုးအကာ၊ အစားအသောက် မဟုတ်သော အထောက်အကူ ပြုပစ္စည်းများ (NFI)၊ စခန်း စီမံခန့်ခွဲမှုနှင့် စခန်းတွင်း ညှိနှိုင်းဆောင်ရွက်မှု (CCCM)တို့အပြင် ရေနှင့် သန့်ရှင်းရေး (WASH) လုပ်ငန်းများဖြင့် အထောက်အကူ ပြုနိုင်ရန် ညှိနှိုင်း ဆောင်ရွက်ပေးခြင်း ဖြစ်ပါသည်။

အခြား လူသားချင်း စာနာ ထောက်ထားမှု အကူအညီများကို အခြား သော ဖွဲ့စည်းမှု ပုံစံများ အားဖြင့် ညှိနှိုင်း ဆောင်ရွက်သည်။

လုပ်ငန်း အဖွဲ့ အတွင်းရှိ မိတ်ဘက်များနှင့် လက်တွဲ၍ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်ရှိ အကြမ်းဖက်မှုနှင့် ပဋိပက္ခများကြောင့် ထိခိုက် ခံစားရသူများ အတွက် Shelter၊ NFI နှင့် CCCM တို့ကို စုဖွဲ့ ထောက်ပံ့ ခြင်းဖြင့် ဘေးကင်း လုံခြုံ၍ဂုဏ်သိက္ခာ ရှိရှိဖြင့် နေထိုင်နိုင်သည့် ဝန်းကျင်ကို ဖန်တီးပေးရန် UNHCR မှ ဦးစီး ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် လက်သင့် ခံနိုင်ဖွယ်ရာဖြေရှင်းချက်များကို ရှာဖွေ ဖော်ထုတ်နေစဉ် အတွင်း မရှိမဖြစ် လိုအပ်သော ဝန်ဆောင်မှုများကို လက်လှမ်း မီနိုင်အောင်လည်း ညှိနှိုင်း ဆောင်ရွက် ပေးလျက် ရှိသည်။ လုပ်ငန်း အဖွဲ့၏ အဓိက လုပ်ဆောင်ချက်များမှာ (၁) လိုအပ်လျက်ရှိသည့် အကူအညီများနှင့် ပေးအပ် ပြီးစီးခဲ့သည့် အကူအညီများနှင့် ပတ်သက်သည့် နောက်ဆုံးရ သတင်း အချက်အလက်များ ထုတ်ပြန် ပေးခြင်း၊ (၂) နည်းပညာ ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုနှင့် လေ့လာသင်ယူမှုများ၊ (၃) သဘော တူညီထားသည့် စံသတ် မှတ်ချက်များနှင့် ယေဘုယျ မဟာ ဗျူဟာများ၊ (၄) ရန်ပုံငွေ အထောက်အပံ့နှင့် ပတ်သက်သည့် သတင်း အချက်အလက်များ၊ (၅) လက်ရှိ အစီအစဉ်များကို ကနဦး ပြန်လည် ထူထောင်ရေး လုပ်ငန်းများ၊ အရေး ပေါ် အစီအမံနှင့် ဘေးအန္တရာယ် လျှော့ချရေး လုပ်ငန်းများနှင့် ချိတ်ဆက ်လုပ်ဆောင်မည့် အကြံဉာဏ်များ၊ (၆) Shelter၊ NFI နှင့် CCCM ကဏ္ဍအတွက် မူဝါဒ တင်ပြခြင်း စသည်တို့ ပါဝင်လျက် ရှိသည်။  

Shelter၊ NFI နှင့် CCCM လုပ်ငန်း အဖွဲ့ ၏ အဓိက လုပ်ဆောင်မှု အပိုင်းများအနေဖြင့်  ညှိနှိုင်း ဆာင်ရွက်မှု အဖွဲ့များကို ရန်ကုန်၊ ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ် တို့တွင် ဖွဲ့စည်းထားပြီး ပေါင်းစပ် ညှိနှိုင်းခြင်း၊ သတင်း အချက် အလက် စီမံခန့်ခွဲမှုနှင့် နည်းပညာ ပိုင်းဆိုင်ရာ အထောက်အပံ့များကို ပေးလျက်ရှိပါသည်။ ၎င်းတို့အပြင် လူသားချင်း စာနာထောက်ထားမှု လုပ်ငန်းများ လုပ်ဆောင် လျက်ရှိကြသည့် တက်ကြွ လှုပ်ရှားသူ/ အဖွဲ့အစည်းများ အားလုံး တက်ရောက် နိုင်သည့် အမျိုးသား အဆင့်နှင့် တိုင်းဒေသအဆင့် အစည်းဝေးပွဲများ၊  နည်းဗျူဟာ ဆိုင်ရာ လမ်းညွှန်ချက်များ ပေးအပ်လျက်ရှိသည့် မဟာဗျူဟာ အကြံပေးအဖွဲ့၊ ကယ်ဆယ်ရေး အဆောက်အဦး ပုံစံ၊ ပညာရပ် ဆိုင်ရာ သတ်မှတ်ချက်များ၊ မြေယာ ကိစ္စရပ်များနှင့် ပြန်လည် ထူထောင်ရေး အစီအမံ ကဲ့သို့သော အရေး ကိစ္စများကို အလေးပေး ဆောင်ရွက် လျက်ရှိသည့် နည်းပညာပိုင်း ဆိုင်ရာ လုပ်ငန်းအဖွဲ့များ စသည်တို့ဖြင့် အကောင်အထည် ဖော်ဆောင် လျက်ရှိပါသည်။

လက်ရှိအခြေအနေ

 

နောက်ဆုံးရရှိထားသော အချက်အလက်များ

စာရွက်စာတမ်းများ

 

မဟာဗျူဟာနှင့်ယျာထားချက်များ

အရင်းအမြစ်များ

   

အစီရင်ခံစာများနှင့် ထုတ်ဝေမှုများ

 

နည်းပညာလမ်းညွှန်ချက်များနှင့် စာရွက်စာတမ်းများ

Title Format Size Uploaded
SOPs Cash-Based Interventions for Shelter and NFI_Apr2025.pdf pdf
3.52 MB 20-May-2025
Guidance on Emergency Shelter and NFI Earthquake Response _Apr2025.pdf pdf
2.83 MB 29-Apr-2025
Manual_Shelter Design Catalogue_ShelterCluster_Dec2023.pdf pdf
11.19 MB 15-Jan-2024
Manual_Shelter-NFI Cash and Voucher Assistance Initial Guidance_Dec2023.pdf pdf
5.01 MB 15-Jan-2024
Ref Doc_Shelter and Settlement Terminologies_Jun2022_MMR.pdf pdf
847.14 KB 17-Aug-2023
Guidance_8 Build Back Safer Key Messages_V2_MMR.pdf pdf
2.97 MB 20-Nov-2015
Guidance_8 Build Back Safer Key Messages_V2_Eng.pdf pdf
3.03 MB 20-Nov-2015
Guidelines_Gender Based Violence (Shelter)_IASC_2015.pdf pdf
1.7 MB 26-Feb-2016
Guidelines_Gender Based Violence (CCCM)_IASC_2015.pdf pdf
1.88 MB 26-Feb-2016
RefDoc_CCCM Cluster Role of Camp Committees-Camp Management Aug13.pdf pdf
445.58 KB 11-Feb-2014
Infographic_Working Safe Dignified Appropriate Living Conditions Jul13 MMR.pdf pdf
5.81 MB 11-Feb-2014
RefDoc_CCCM Cluster - Facets_Aug13.pdf pdf
262.75 KB 11-Feb-2014
Infographic_Working Safe Dignified Appropriate Living Conditions_Jul13.pdf pdf
707.32 KB 11-Feb-2014
RefDoc_CCCM Cluster Roles_ Responsibilities_June13.pdf pdf
411.22 KB 11-Feb-2014
RefDoc_Guidance Note on Land Issues Myanmar-UN.pdf pdf
1.87 MB 11-Feb-2014
RefDoc_Setting-up Complaints Mechanisms in Camps DRC.pdf pdf
569.82 KB 11-Feb-2014
Ref_Doc_Gender_in_CCCM_Tip_Sheet_IASC_2012.pdf pdf
188.56 KB 24-Feb-2014
Ref_Doc_Gender_in_Shelter_and_NFI_Interventions_Tip_Sheet_IASC_2012.pdf pdf
187.62 KB 24-Feb-2014

Camp Profiles Dashboard

or
or