မြန်မာ့ ညမြင်ကွင်း (၁၉၉၂-၂၀၂၂)
၃၀ နှစ် တာ ကို ခဏ ပြန်ပြောင်းကြည့်ခြင်း
ညဘက် ဂြိုလ်တုဓာတ်ပုံများ သည် ကမ္ဘာ့ မျက်နှာပြင် ကို ဂြိုလ်တုများမှ တနှစ်ပတ်လုံး ရိုက်ကူး ထားသော ဓာတ်ပုံများ ကို သုံး၍ တည်ဆောက်ထားခြင်း ဖြစ်သည်။ အာကာသ ထဲမှနေ၍ လူလုပ်အလင်း ကို မှတ်တမ်းတင်ထားသော အချက်အလက် အမြောက်အမြား ရှိ ပြီး ၎င်း တို့ကို အသုံးချထားသော သုသေသန လေ့လာမှု လည်း အများအပြား ရှိသည်။ လူတို့၏ နေ့စဉ်လှုပ်ရှားမှု များ နှင့် လူမှုရေး စီးပွါးရေး၊ လျှပ်စစ်မီးသုံးစွဲမှု၊ အလင်းညစ်ညမ်းမှု၊ သဘာဝ ဓာတ်ငွေ့ လောင်ကျွမ်းမှုများ၊ ငါးဖမ်းလုပ်ငန်း၊ မြို့ပြကျယ်ပြန့်လာမှု အစရှိသည့် ကဏ္ဍ ပေါင်းစုံ ကို လေ့လာနိုင်ပါသည်။
အောက်ပါ ဂြိုလ်တု နှစ်လုံး မှ ပုံများကို သုံး၍ မြန်မာ နှင့် အိမ်နီးချင်း နိုင်ငံများ ၏ ၁၉၉၂ ခုနှစ် နှင့် ၂၀၂၂ ခုနှစ် ကြားအတွင်း ညဘက် ဂြိုလ်တုဓာတ်ပုံများ ကို MIMU မှ စုစည်းတင်ပြထားပါသည်။
- Defense Meteorological Satellite Program - Operational Linescan System (DMSP – OLS) – Space and Missile Systems Center (SMC) မှ ၁၉၉၂ မှ ယနေ့ ထိ လုပ်ဆောင်နေသော ဂြိုလ်တုစနစ် ဖြစ်သည်။
- Visible Infrared Imaging Radiometer Suite Day/Night Band (VIIRS – DNB) – NASA နှင့် NOAA တို့ ၏ ပူးပေါင်းမှု ဖြင့် ၂၀၁၂ မှ စတင်ခဲ့ သော ဂြိုလ်တုစနစ် ဖြစ်သည်။
Nightlights Videos
Nightlights Map

Nightlights ဆောင်းပါးများ
- မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများရှိ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု- ညအလင်းရောင်များမှ အထောက်အထားများ - 18 စက်တင်ဘာ 2020
၂၀၁၃-၂၀၁၉ ခုနှစ် ကာလအတွင်း မြန်မာ နယ်စပ် ဒေသများတွင် ညအလင်းရောင်များ ဆင့်ကဲ ပြောင်းလဲလာမှု သည် တရုတ် နှင့် ထိုင်း နယ်နိမိတ် ထိစပ်နေသော မြို့ပြ များတွင် ဝင်ငွေ တိုးလာ သော်လည်း အဆိုပါ မြို့များ အကြား နှင့် နယ်စပ် မြို့များ ဆီသို့ သွားသော အဓိက လမ်းမကြီး များ ဘေး မှ ကျေးလက် ဒေသ များ များတွင် တိုးတက်ခြင်းမရှိခဲ့ပါ။ အိန္ဒိယနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ဒေသများသည် ဤကာလတွင် ညအလင်းရောင် လျော့နည်းသွားသည်ကို တွေ့ခဲ့ရသည်။ မြန်မာနိုင်ငံဘက်ခြမ်းထက် အိမ်နီးချင်းနိုင်ငံဘက်တွင် အလင်းရောင်ရရှိမှုက ပိုများနေသေးပြီး မြန်မာနယ်စပ်ဒေသရှိ ပြည်သူများသည် ဤကာလအတွင်း လွတ်လပ်သော နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုမှ ပေးဆောင်သည့် အခွင့်အလမ်းများမှ အပြည့်အဝ အကျိုးခံစားခွင့်မရနိုင်ဟု အကြံပြုထားသည်။ - ၂၀၁၂-၂၀၁၈ ခုနှစ် ညအလင်း ဆိုင်ရာ ဂြိုလ်တုဒေတာအသုံးပြု၍ လေ့လာသော မြန်မာနိုင်ငံ လျှပ်စစ်မီးရရှိရေး - ၂၀၁၉ ဒီဇင်ဘာ ၁၁
မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲမှု စုစုပေါင်းမှာ ဗဟိုဓာတ်အားလိုင်းဖြင့် ဝန်ဆောင်မှုပေးသည့် ဧရိယာတွင် အဓိကအားဖြင့် တိုးမြင့်လာသော်လည်း ဗဟိုဓာတ်အားလိုင်းဖြင့် ဆောင်ရွက်ပေးခြင်းမရှိသည့် ဧရိယာများနှင့် အမြင့်ပိုင်းတွင် လျှပ်စစ်ဓာတ်အားရရှိမှုမှာ နောက်ကျကျန်နေပါသည်။ ၂၀၁၈ ခုနှစ်တွင် မဟာဓာတ်အားလိုင်းမှ ဆောင်ရွက်ပေးသည့် ဒေသများတွင် တစ်ဦးချင်း ပျမ်းမျှလျှပ်စစ်ဓာတ်အား သုံးစွဲမှုမှာ လူတစ်ဦးလျှင် 543 kWh နှင့် off-grid ဧရိယာများတွင် 68 kWh/person ဖြစ်သည်။ သို့တိုင်၊ လျှပ်စစ်ဓာတ်အားလိုင်းဧရိယာရှိ လူဦးရေ၏ 41% နှင့် off-grid area တွင် 87% တို့သည် စွမ်းအင်ဆင်းရဲနွမ်းပါးမှုအောက် (<120 kWh/person) အောက်တွင် နေထိုင်ကြသည်ကို တွေ့ရှိရပါသည်။ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး မြောက်ပိုင်းနှင့် မြောက်ပိုင်း/ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် အချို့သော လျှပ်စစ်ဓာတ်အားသုံးစွဲမှု နှုန်းထားများမှာ နိုင်ငံအတွင်း အမြင့်ဆုံးလျှပ်စစ်ဓာတ်အားသုံးစွဲမှုနှုန်းထားများဖြစ်ကြောင်း တွေ့ရှိရပါသည်။ Amperes မှ ဖန်တီးထားသော ခွဲခြမ်းစိတ်ဖြာခြင်း