ဆင်းရဲမွဲတေမှု နှင့် ထိခိုက်လွယ်မှု အခြေအနေ
၂၀၁၇ မြန်မာနေထိုင်မှု စစ်တမ်းအရ လူဦးရေ ၏ လေးပုံတပုံ နီးပါး ဆင်းရဲမွဲတေ သည့် အနေအထား တွင် ရှိနေပြီး ဖွံ့ဖြိုးတိုးတက်မှု နောက်အကျဆုံး နိုင်ငံများစာရင်း တွင် ပါဝင်နေပါသည်။ ထိုကဲ့သို့အခြေအနေ မှပင် ၂၀ဝ၅ နှင့် ၂၀၁၇ ကြား တွင် ဆင်းရဲမှု ကို ထက်ဝက် လျှော့ချနိုင်ခဲ့ခြင်း ဟူသည့် သိသာသော တိုးတက်မှုများ ရှိခဲ့သည်။ သို့သော်လည်း မြို့ပြ နှင့် ကျေးလက် ကြား၊ မြို့နယ်များ အကြား ဆင်းရဲ ချမ်းသာ ကွာဟ မှု မှာ ကျယ်ပြန့် နေသေးသည်။ လက်ရှိတွင် မဆင်းရဲသည့် လူများထဲမှ သုံးပုံတစ်ပုံ ခန့် သည် အချိန်မရွေး ဆင်းရဲသွားနိုင်သည့် ထိခိုက်လွယ် အနေအထား တစ်ခုတွင် ရှိနေသည်။
၂၀၂၀ - ၂၀၂၁ တွင် ထွက်ထားသော လောလောလတ်လတ် အစီရင်ခံစာ များ တွင် COVID-19 ကပ်ဘေး နှင့် ၂၀၂၁ အခြေအနေ များကြောင့် ဆင်းရဲ မွဲတေမှုနှုန်း ထောင်တက် သွားနိုင်ကြောင်း တွေ့ရသည်။ မကြာသေးမီ က UNDP အစီရင်ခံစာ တွင် ဤပြသာနာ နှစ်ခု ကို မဖြေရှင်းနိုင် ပါက ၁၂ သန်း မှ ၂၅ သန်း (လူဦးရေ တစ်ဝက် နီးပါး) ဆင်းရဲ သွားနိုင်ကြောင်း သတိပေးထားသည်။
ဤစာမျက်နှာ တွင် ဆင်းရဲမွဲတေမှု နှင့် ထိခိုက်လွယ်မှု အခြေအနေ နှင့် ပတ်သက်သည့် အစီရင်ခံစာများ၊ အချက်အလက်များ နှင့် အခြား ကောင်းနိုးရာရာများ ကို စုစည်းတင်ပြထားပါသည်။ သင့် အနေ ဖြင့် ပါသင့်သည် ဟု ယူဆသော အချက်အလက်များ ရှိပါက [email protected] သို့ ဆက်သွယ်ပြောကြား နိုင်ပါသည်။
Core Documents
မြန်မာနိုင်ငံရှိ ထိခိုက်လွယ်မှု အခြေအနေ သုံးသပ်ချက်
မြန်မာနိုင်ငံရှိ ထိခိုက်လွယ်မှု အခြေအနေ သုံးသပ်ချက် - လိုအပ်ချက်များ၊ လွှမ်းခြုံမှုများနှင့် ကွာဟချက်များ အပေါ် ဆင့်ပွား အချက်အလက်များအား သုံးသပ်မှု ကို လူသားချင်း စာနာ ထောက်ထားမှု အကူအညီ နှင့် ပြန်လည် ထူထောင်နိုင်စွမ်း ထောက်ပံ့မှု အစီအစဉ် (HARP-F) နှင့် မြန်မာ သတင်း အချက်အလက် စီမံခန့်ခွဲရေး ယူနစ် (MIMU) တို့မှ ပြုစုရေးသား ထားပါသည်။ ထို အဖွဲ့အစည်း နှစ်ခုစလုံးသည် မြန်မာနိုင်ငံတွင် လူသားချင်း စာနာ ထောက်ထားမှုနှင့် ဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ်များကို တက်ကြွစွာ ပံ့ပိုးကူညီနေသည့် အဖွဲ့များ ဖြစ်ကြသည်။ ဆက်လက်ကြည့်ရှုရန် ...