လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေးကဏ္ဍ
၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှ စ၍ ရခိုင်နှင့် ကချင်ပြည်နယ် အခြေအနေများအား လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ တုန့်ပြန်မှုများကို ညှိနှိုင်းဆောင်ရွက်ရန် ကဏ္ဍအလိုက်-စုဝေးမှုစနစ်ကို မြန်မာနိုင်ငံတွင် ပြန်လည် အသက်သွင်းခဲ့သည်။ ကာကွယ် စောင့်ရှောက်ရေးကဏ္ဍသည် ရခိုင်နှင့် ကချင်ပြည်နယ်ရှိ ကာကွယ် စောင့်ရှောက် ရေးလုပ်ငန်းအဖွဲ့များအတွက် ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုများ ညှိနှိုင်းလုပ်ဆောင် နိုင်ရန်အတွက် အဓိကကျောရိုး နှင့် ပံ့ပိုးမှု ယန္တရားတစ်ခုအဖြစ် လုပ်ဆောင်ပေးသည်။
ကာကွယ် စောင့်ရှောက်ရေးကဏ္ဍတွင် အဓိက ဦးစားပေး ၄ ချက်ရှိပြီး UNHCR မှ ဦးဆောင် ဦးရွက်ပြု လှုပ်ရှားဆောင်ရွက်သည်။
၁) စံသတ်မှတ်ချက် (မူဝါဒနှင့်လမ်းညွှန်)
၂) ပူးတွဲစည်းရုံးလှုံ့ဆော်ခြင်းနှင့်နောက်ဆက်တွဲလုပ်ဆောင်ခြင်း
၃) သတင်းအချက်အလက်စီမံခန့်ခွဲမှု
၄) အလှူရှင်ဆက်ဆံရေး
ကာကွယ် စောင့်ရှောက်ရေးကဏ္ဍသည် ကဏ္ဍခွဲ ၂ ခုကို ကြီးကြပ်ရာတွင် ကျား၊ မရေးရာ အခြေပြုအကြမ်းဖက်မှု GBV ကဏ္ဍခွဲ the Gender-Based Violence (GBV) Sub-Sector ကို UNFPAမှ ဦးဆောင်ပြီး အမျိုးသားအဆင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး CP ကဏ္ဍခွဲ the national Child Protection (CP) Sub-Sector ကို UNICEF မှ ဦးဆောင်သည် ။
ကာကွယ် စောင့်ရှောက်ရေးကဏ္ဍနှင့် ၎င်း၏ ကဏ္ဍခွဲ ၂ ခုတွင် မြန်မာနိုင်ငံရှိ ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်း အေဂျင်စီများ၊ စွမ်းဆောင်ရည်နှင့် / သို့မဟုတ် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ နယ်ပယ်၌ စိတ်ဝင်တစား ဆောင်ရွက်နေကြသော အေဂျင်စီများ ပါဝင်သည်။ ကာကွယ် စောင့်ရှောက်ရေးကဏ္ဍ၊ GBV ကဏ္ဍခွဲနှင့် CP ကဏ္ဍခွဲတို့သည် ရန်ကုန်တွင် လစဉ် တွေ့ဆုံကြသည်။
ကာကွယ်စောင့်ရှောက်ရေးကဏ္ဍ သတင်းအချက်အလက်အတွက် ကာကွယ်စောင့်ရှောက်ရေးကဏ္ဍ စာမျက်နှာ Protection Sector ကို ကျေးဇူးပြု၍ ကြည့်ပါ။

လက်ရှိအခြေအနေ
ရခိုင်
ရခိုင်ပြည်နယ်တွင် ဒုက္ခသည်များနှင့် ပဋိပက္ခကြောင့် ထိခိုက်နစ်နာသူများ၏ အခြေအနေကို ခြိမ်းခြောက်မှုများနှင့် အကြမ်းဖက် ခြိမ်းခြောက်မှုများ ရှိနေဆဲဖြစ်သည်။ နေရပ်စွန့်ခွာ တိမ်းရှောင်သူ အများစုအတွက် လွတ်လပ်စွာ သွားလာခွင့်ကို ကန့်သတ်ခြင်းသည် မရှိမဖြစ် လိုအပ်သော ဝန်ဆောင်မှုများကို ရယူနိုင်ရန် အတားအဆီး ဖြစ်နေသည်။ ထို့အပြင် လှုပ်ရှားသွားလာမှုအပေါ် ကန့်သတ်ချက်များသည် လူတို့အား အသက်မွေး၀မ်းကျောင်း လုပ်ငန်းများ လုပ်ကိုင်ခွင့်ကို ငြင်းပယ်လိုက်ပြီး လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများအပေါ် မှီခိုနေရစေသည်။
နှစ်ပေါင်းများစွာ နေရပ်စွန့်ခွာ တိမ်းရှောင်မှုများသည် အချို့သော အသိုင်းအဝိုင်းများကို ပိုမိုနက်ရှိုင်းစွာ အထီးကျန်စေခဲ့ပြီး ဥပမာ GBV များဖြစ်သည့် အိမ်တွင်းအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုနှင့် အရွယ်မတိုင်ခင် လက်ထပ်ထိမ်းမြားမှု စသည့် ဆိုးကျိုးများကို တစ်ပတ်လည်စေသည့် ယန္တရားပုံစံများသို့ ပြန်လည် ရောက်ရှိလာနိုင်သည်။ အမျိုးသမီးများ၊ မိန်းကလေးများနှင့် ဆယ်ကျော်သက်အရွယ် ယောက်ျားလေးများနှင့် မိန်းကလေးငယ်များသည် အန္တရာယ်များသော အုပ်စုများအဖြစ် သတ်မှတ်ခံရသည်။ အန္တာရာယ်ရှိသည့် အခြားအုပ်စုများမှာ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများနှင့် ကလေးများဖြစ်သည်။ ဘေးဒဏ်သင့်ပြည်သူများသို့ လူသားချင်းစာနာမှုအခွင့်အလမ်းများ ရရှိနိုင်မှု အကန့်အသတ်ရှိခြင်းသည် ပုံမှန် စောင့်ကြည့်ကြီးကြပ်မှုနှင့် အရည်အသွေးကာကွယ်စောင့်ရှောက်ရေး ၀န်ဆောင်မှုပေးခြင်းကို ထိခိုက်စေသည်။
ရပ်ရွာလူထု သိုင်းအဝိုင်းများ၏ တင်းမာမှုများနှင့် အုပ်စုနှစ်ခုကွဲခြင်းသည် ငြိမ်းချမ်းစွာ အပြန်အလှန် ဆောင်ရွက်မှုကို တားဆီးပြီး ပဋိပက္ခများ၏ ဖြစ်နိုင်ခြေကို တိုးမြှင့်စေနိုင်သည်။ ထို့အပြင် လူများသည် တရားမဝင်သော မရေရာသည့် ရေကြောင်းမှ ထွက်ခွာြခင်း ကဲ့သို့ အန္တရာယ်များသော အခြားနည်းလမ်းများကို အသုံးပြုနေကြခြင်းသည် ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုကို အန္တရာယ် ဖြစ်စေခြင်း၊ မိသားစု ခွဲခွာရမှုကို ဖြစ်စေခြင်းနှင့် ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရရန် အားနည်းချက်များ တိုးလာစေခြင်းတို့ ဖြစ်စေနိုင်သည်။ အပြစ်ပေး အရေးယူ ခံရခြင်းမရှိသည့် အခြေအနေတွင် အရပ်သားများနှင့် စစ်တပ်မှ လူ့အခွင့်အရေး ချိုးဖောက်မှုများသည် ရန်လို နေသော အခြေအနေကို ပိုမိုဆိုးရွားစေသည်။
ကချင်
ဆက်လက် ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခသည် ကချင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နေထိုင်သူများ အတွက် အဓိကခြိမ်းခြောက်မှု တစ်ခုဖြစ်သည်။ များစွာသောသူတို့သည် နေရပ်စွန့်ခွာ တိမ်းရှောင်ကြရပြီး အချို့မှာမူ ကြာရှည်စွာ ရွှေ့ပြောင်းခံနေရရသည်။ အချိန်ကြာမြင့်စွာ နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူများအတွက် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ မရရှိခြင်း၊ ပညာရေးနှင့်သက်မွေးဝမ်းကျောင်း အခွင့်အလမ်းများ မရရှိခြင်းသည် လက်တွဲဖော်အပေါ် အကြမ်းဖက်မှုအန္တရာယ်များ တိုးလာစေခြင်း၊ စွန့်စားရသော ရွှေ့ပြောင်း လုပ်ကိုင်မှု အလေ့အထများ တိုးလာစေခြင်း၊ မကြာခဏ အတင်းအဓမ္မနှင့် / သို့မဟုတ် အရွယ်မတိုင်ခင် လက်ထပ်ထိမ်းမြားမှုများ ဖြစ်စေခြင်းနှင့် မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် အကြမ်းဖက်မှုများ တိုးပွားလာ သောကြောင့် ဆယ်ကျော်သက်များကြား အပျက်သဘောဆောင်သော ဖြေရှင်းမှုနည်းများ တိုးပွားလာစေသည်။
ကာလကြာရှည် အိုးအိမ်မဲ့ဖြစ်ခြင်းနှင့် ပဋိပက္ခများ ဖြစ်ပွားနေသော ကာလအတွင်း အကြမ်းဖက်မှုများသည် အမျိုးသမီးများနှင့် ကလေးငယ်များအပေါ် အချိုးအစားမမျှတသည့် အကျိုးသက်ရောက်မှု ရှိသည်။ ကလေးသူငယ်များအား တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်တို့မှ စစ်သားစုဆောင်းမှုများ ဆက်လက်ဖြစ်ပွားနေသည်။ ထို့အပြင် ပဋိပက္ခဒဏ် ခံစားခဲ့ရသော ဒေသများသည် အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အန္တရာယ် သိသိသာသာ တိုးပွားစေပြီး နေရပ်စွန့်ခွာ တိမ်းရှောင်သူများနှင့် စစ်ရေးစခန်းများ၏ နီးကပ်မှုရလဒ်အဖြစ် ယေဘုယျအားဖြင့် လုံခြုံမှုကင်းမဲ့သော ခံစားချက် ဖြစ်ပေါ်စေသည်။ ပုံမှန်ဖြစ်စဥ် ဖြစ်နေသည့် မိုင်းအန္တရာယ်များသည်လည်း အထူးစိုးရိမ်စရာဖြစ်သည်။
အချို့ဒေသများတွင် ဆက်လက် ဖြစ်ပွားနေသော ပဋိပက္ခများရှိနေသော်လည်း တာရှည်ခံသော ဖြေရှင်း နည်းများအတွက် အခွင့်အလမ်းများ တဖြည်းဖြည်း ပေါ်ထွက်လာပြီး အချို့ကို အစိုးရက ပံ့ပိုးပေးကာ အချို့ကို IDP များက အကြံပြုထားသည်။ IDP များအား IDP အသိုင်းအဝိုင်းအပါအ၀င် သက်ဆိုင်သူအားလုံးနှင့် အတူ ရှေ့ဆက်ရေး စီမံကိန်းများ ရေးဆွဲရှာဖွေနိုင်စေရန်နှင့် တာရှည်ခံသော ဖြေရှင်းနည်းများကို မိမိတို့ဘာသာ ရွေးချယ်နိုင်စေရန် သင့်လျော်သော စံနှုန်းများကို အသိပေးရန် များစွာ လိုအပ်သည်။ အခြားမိတ်ဖက်များနှင့်အတူ ကာကွယ်စောင့်ရှောက်ရေးကဏ္ဍသည် တိကျသော ပြန်လည်နေထိုင်မှုများနှင့် ပြန်လည်ပြောင်းရွှေ့သည့် နေရာများကို ဆက်လက် အကဲဖြတ်ခြင်း၊စောင့်ကြည့်ကြီးကြပ်ခြင်းများ ပြုလုပ်ပြီး အစိုးရ၊ လူသားချင်း စာနာမှုဆိုင်ရာအဖွဲ့များနှင့် မိတ်ဖက်များအား တာရှည်ခံသော ဖြေရှင်းနည်းစံနှုန်းများ နှင့်ပတ်သက်၍ အကြံဥာဏ်များနှင့် သင်တန်းများ ပေးသည်။
ကာကွယ်စောင့်ရှောက်ရေးကဏ္ဍ၏ ၂၀၁၅ အတွက် ရည်ရွယ်ချက်များ
ကာကွယ်စောင့်ရှောက်ရေး ကဏ္ဍ၏ ၂၀၁၅ အတွက် အလုံးစုံရည်မှန်းချက်သည် ဘေးဒဏ်သင့်သူများအတွက် ကာကွယ်စောင့်ရှောက်ရေး ပတ်ဝန်းကျင် တိုးတက်စေရန်နှင့် ကာကွယ်စောင့်ရှောက်ရေး ၀န်ဆောင်မှုများ လက်လှမ်းမီမှုနှင့် အရည်အသွေး တိုးတက်စေရန် ဖြစ်သည်။ ကဏ္ဍနှစ်ခု၏ ရည်မှန်းချက်များမှာ-

- ကာကွယ်စောင့်ရှောက်ရေး ၀န်ဆောင်မှုများ တိုးတက်လာစေခြင်း၊ကျယ်ပြန့်လာစေခြင်းနှင့် ပိုမို လက်လှမ်းမီလာစေခြင်း၊
- စိတ်ပိုင်ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနှင့် တရားဥပဒေဆိုင်ရာ လုံခြုံမှုကို ခြိမ်းခြောက်နေမှုများအား လျှော့ချခြင်းဖြင့် ကာကွယ်စောင့်ရှောက်ရေး ပတ်ဝန်းကျင်ကို ပိုမိုကောင်းမွန်စေခြင်း။
Updates
Title | Format | Size | Uploaded |
---|---|---|---|
Sitep_Farming together to overcome fear_UNHCR_Dec2014.pdf |
pdf |
129.8 KB | 26-Jan-2015 |
Sitrep_Stitch by stitch towards greater protection_UNHCR_Oct2014.pdf |
pdf |
162.68 KB | 26-Jan-2015 |
Sitrep_Don't forget us, says displaced farmer_UNHCR_Jun2014.pdf |
pdf |
111.2 KB | 26-Jan-2015 |
Sitrep_As thousands continue to flee Myanmar_UNHCR_Jun2014.pdf |
pdf |
105.34 KB | 26-Jan-2015 |
စာရွက်စာတမ်းများ
ToR
Title | Format | Size | Uploaded |
---|---|---|---|
ToR_Protection Sector_Aug2014.pdf |
pdf |
26.43 KB | 02-Sep-2014 |
Strategy & Plans
Title | Format | Size | Uploaded |
---|---|---|---|
Infographic_HNRP 2025 Protection Cluster at a Glance.pdf |
pdf |
5.44 MB | 16-Dec-2024 |
Joint Advocacy Statement_Shelter-CCCM-Protection_Cluster_23Jan2024.pdf |
pdf |
289.99 KB | 29-Jan-2024 |
Core Doc_Data Protection Tip Sheet for Humanitarian Actors_Mar2017.pdf |
pdf |
101.11 KB | 23-Jun-2021 |
Core Doc_Periodic Monitoring Report_Jun2014.pdf |
pdf |
307.46 KB | 02-Sep-2014 |
အရင်းအမြစ်များ
Title | Format | Size | Uploaded |
---|---|---|---|
Checklist_WASH - Floods Adapted Protection.doc |
doc |
63.5 KB | 09-Oct-2015 |
Checklist_WASH - Floods Adapted Protection_MMR.doc |
docx |
23.19 KB | 09-Oct-2015 |
Checklist_Shelter - Floods Adapted Protection_MMR.doc |
docx |
24.3 KB | 09-Oct-2015 |
Checklist_Shelter - Floods Adapted Protection.doc |
doc |
68 KB | 09-Oct-2015 |
Checklist_Food Distribution - Protection.doc |
doc |
57 KB | 25-Aug-2015 |
Checklist_Health - Protection.doc |
doc |
58 KB | 25-Aug-2015 |
Checklist_Shelter - Protection.doc |
doc |
66.5 KB | 25-Aug-2015 |
Checklist_WASH - Protection.doc |
doc |
60.5 KB | 25-Aug-2015 |
Ref Doc_Centrality of Protection - Humanitarian_IASC_2013.pdf |
pdf |
93.4 KB | 02-Sep-2014 |
Ref Doc_Protection Mainstreaming Training_GPC.pdf |
pdf |
1.59 MB | 29-Jan-2015 |
Ref Doc_Protection Mainstreaming Tips_GPC.docx |
docx |
128.73 KB | 26-Jan-2015 |
Ref Doc_Brief on Protection Mainstreaming_GPC.pdf |
pdf |
193.16 KB | 26-Jan-2015 |
Ref Doc_Protection Glossay.zip |
zip |
973.7 KB | 21-Apr-2015 |
အစီရင်ခံစာများနှင့် ထုတ်ဝေမှုများ
Myanmar
Title | Format | Size | Uploaded |
---|---|---|---|
Report_Trends in Child Labour in Myanmar 2021-2024_ILO_Oct2024.pdf |
pdf |
4.51 MB | 25-Oct-2024 |
Report_Access that Protects - An Agenda for Change_2022_Protection Cluster.pdf |
pdf |
11.25 MB | 27-Jan-2023 |
Report_Law and Policy on Internal Displacement - Implementing National Responsib... |
pdf |
39.81 MB | 27-Jan-2023 |
Report_Forcibly Displaced - Toward a Development Approach Supporting Refugees, t... |
pdf |
3.58 MB | 01-Apr-2019 |
Overview_Resources_for_Safe_Spaces_for_Children_in_Humanitarian_Settings_Jan2019... |
pdf |
1.42 MB | 01-Apr-2019 |
Case Study_Delivering Integrated Services for Gender-based Violence & Sexual... |
pdf |
7.9 MB | 07-Jun-2019 |
Report_Multiple Indicator Cluster Survey 2009-2010.pdf |
pdf |
5.94 MB | 04-Apr-2018 |
Report_Older people in Kachin_HelpAge_Nov2014.pdf |
pdf |
1.17 MB | 26-Jan-2015 |
Ref Doc_Durable Solutions_Kachin_HCT_2014.pdf |
pdf |
125.24 KB | 26-Jan-2015 |
Report_Advocacy Note_Kachin_09May2014.pdf |
pdf |
269.86 KB | 02-Sep-2014 |
International
Title | Format | Size | Uploaded |
---|---|---|---|
Highlight_Mixed Maritime Movements_UNHCR_Jul-Sep 2015.pdf |
pdf |
358.85 KB | 15-Dec-2015 |
နည်းပညာလမ်းညွှန်ချက်များနှင့် စာရွက်စာတမ်းများ
Useful Weblinks
- Global Protection Cluster (GPC)
- GPC - Protection Mainstreaming
- GPC - Age, Gender, Diversity
- GPC - Mine Action
- GPC - Housing, Land & Property
- Gender-based Violence Area of Responsibility
- Child Protection Working Group
- Humanitarian Response & Transformative Agenda
- UNHCR Myanmar information
- OHCHR and Special Rapporteur on Human Rights in Myanmar
- Security Council Reports