စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ
စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ/ SDG များကို ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်များ ဟုလည်း လူသိများပြီး ၂၀၀၀ နှင့် ၂၀၁၅ အကြား အောင်မြင်ရန် ကမ္ဘာကြီးက ကတိပြုခဲ့သည့် ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက် (MDGs) ရှစ်ခုကို အခြေခံသည်။ MDGsနှင့် ပတ်သက်၍ တစ်ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စဥ်သည် ရှင်းလင်းသော ရည်မှန်းချက်များနှင့် မျှော်မှန်းချက်များ ပါ၀င်သော ပေါင်းစည်းရေး အစီအစဉ်၏ တန်ဖိုးကို ပြသနေသော်လည်း လူတိုင်းအတွက် ဆင်းရဲနွမ်းပါးမှု၏ အရှိန်အဟုန်ကို အဆုံးသတ်ရန် များစွာ ဆောင်ရွက်ရဦးမည် ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် ကုလသမဂ္ဂ အထွေထွေညီလာခံမှ နိုင်ငံပေါင်း ၁၉၃ သည် SDGs နှင့် ၂၀၃၀ အစီအစဉ်၏ စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို လက်ခံခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက် (၁၇) ခုတွင်ရည်မှန်းချက် (၁၆၉) ခုရှိပြီး ဆင်းရဲနွမ်းပါးမှု၏ အခြေခံအကြောင်းရင်းများနှင့် လူတိုင်းအတွက်၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကမ္ဘာလုံးဆိုင်ရာ လိုအပ်ချက်ကို ဖြည့်ဆည်းခြင်းအားဖြင့် MDG ထက်များစွာ ပိုမို ခရီးရောက်နိုင်သည်။၎င်းသည် ငြိမ်းချမ်းရေး၊ သာယာဝပြောမှုနှင့် ချမ်းသာသုခအတွက် ရည်မှန်းချက်များကို ပြည့်မီစေပြီး ကျွန်ုပ်တို့၏ ကမ္ဘာဂြိုဟ်ကိုလည်း ထိန်းသိမ်းပေးနိုင်သည်။ ဤရည်မှန်းချက်များ အောင်မြင်စေရန် မျှော်မှန်းချက်များစွာနှင့် မတူညီသော မိတ်ဖက်များအကြား တိုးတက်မှုကို ပံ့ပိုးမြှင့်တင်ရန် ဘက်ပေါင်းစုံချဉ်းကပ်မှု လိုအပ်သည်။ အရေးအကြီးဆုံးမှာ မြန်မာအစိုးရအနေဖြင့် အောင်မြင် အောင်ဆောင်ရွက်မည့် ရည်မှန်းချက်များ သတ်မှတ်ဖော်ထုတ်ရာတွင် ဦးဆောင် ပေးရမည်ဖြစ်သည်။
ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်များမှာ
၁။ ဆင်းရဲနွမ်းပါးမှု - ဆင်းရဲနွမ်းပါးမှုကို နေရာတိုင်းတွင် အဆုံးသတ် တိုက်ဖျက်ရန်
၂။ အစားအစာ - ငတ်မွတ်ခေါင်းပါးမှုကို အဆုံးသတ်ရန်၊ စားနပ်ရိက္ခာဖူလုံရေး၊ အာဟာရတိုးမြှင့်ရေးနှင့် ရေရှည်တည်တံ့ ခိုင်မြဲသော စိုက်ပျိုးရေးကို မြှင့်တင်ရန်
၃။ ကျန်းမာရေး - ကျန်းမာသော ဘဝကို ရရှိစေရန်နှင့် အသက်အရွယ်မရွေး လူတိုင်းအတွက် သာယာဝပြောရေးကို မြှင့်တင်ရန်
၄။ ပညာရေး - အားလုံးပါဝင်နိုင်ပြီး တန်းတူညီမျှသော ၊အရည်အသွေးရှိသော ပညာရေးကို သေချာစေရန်နှင့် လူအားလုံးအတွက် တစ်သက်တာ သင်ယူမှုအခွင့်အလမ်းများ မြှင့်တင်ရန်
၅။ အမျိုးသမီးများ - ကျား၊ မတန်းတူညီမျှမှုကို ရရှိရန်နှင့် အမျိုးသမီးများနှင့် မိန်းကလေးများအားလုံးကို စွမ်းဆောင်ရည်မြှင့်တင်ရန်
၆။ ရေ - လူတိုင်းအတွက် ရေနှင့် ပတ်ဝန်းကျင် သန့်ရှင်းမှုရရှိနိုင်မှုနှင့် ရေရှည်တည်တံ့ခိုင်မြဲသော စီမံခန့်ခွဲမှု သေချာစေရန်
၇။ စွမ်းအင် - အားလုံးအတွက် စျေးနှုန်းချိုသာသော၊ ယုံကြည်စိတ်ချရသော၊ ရေရှည်တည်တံ့ခိုင်မြဲသော ခေတ်မီ စွမ်းအင် ဖြစ်စေရန်
၈။ စီးပွားရေး - ရေရှည်တည်တံ့ခိုင်မြဲသည့် အားလုံးပါ၀င်သော၊ စဥ်ဆက်မပြတ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးပြီး အားလုံးအတွက် ဖြစ်ထွန်းကောင်းမွန်သည့် အလုပ်အကိုင်များ ပေါ်ပေါက်စေရန်
၉။ အခြေခံအဆောက်အအုံ - ဒဏ်ခံနိုင်သော အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်း၊ အားလုံးပါ၀င်ပြီး ရေရှည်တည်တံ့ ခိုင်မြဲသော စက်မှုလုပ်ငန်းကို မြှင့်တင်ခြင်းနှင့် ဆန်းသစ်တီထွင်မှုကို မြှင့်တင်ရန်
၁၀။ မညီမျှမှု - နိုင်ငံများအတွင်းနှင့် နိုင်ငံအလိုက် မညီမျှမှုကို လျှော့ချရန်
၁၁။ နေရာထိုင်ခင်း - မြို့များနှင့် လူနေထိုင်ရာနေရာများကို ဘေးကင်းလုံခြုံမှု၊ ဒဏ်ခံနိုင်မှုနှင့် ရေရှည်တည်တံ့ခိုင်မြဲမှု ရှိစေရန်
၁၂။ စားသုံးမှု - ရေရှည်တည်တံ့သော စားသုံးမှုနှင့် ထုတ်လုပ်မှုပုံစံများကို သေချာစေရန်
၁၃။ ရာသီဥတု - ရာသီဥတုပြောင်းလဲခြင်းနှင့် ယင်း၏သက်ရောက်မှုများကို တိုက်ဖျက်ရေးအတွက် အရေးပေါ်လုပ်ဆောင်ရန်
၁၄။ အဏ္ဏဝါဂေဟစနစ် - ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုအတွက် သမုဒ္ဒရာ၊ ပင်လယ်နှင့် အဏ္ဏဝါအရင်းအမြစ်များကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ရေရှည်တည်တံ့စွာ အသုံးပြုရန်
၁၅။ ဂေဟစနစ် - ကုန်းတွင်းပိုင်း ဂေဟစနစ်များအား ရေရှည်တည်တံ့ခိုင်မြဲသော အသုံးပြုမှုကို ကာကွယ်ရန်၊ ပြန်လည်ထူထောင်ရန်နှင့် မြှင့်တင်ရန်၊ သစ်တောများအား ရေရှည်တည်တံ့အောင် စီမံခန့်ခွဲရန်၊ သဲကန္တာရများကို တိုက်ဖျက်ရန်
၁၆။ အဖွဲ့အစည်းများ - ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုအတွက် ငြိမ်းချမ်းပြီး အားလုံးပါ၀င်သော လူ့အဖွဲ့အစည်းများအား မြှင့်တင်ရန်၊ လူတိုင်းအတွက် တရားမျှတမှုရရှိစေရန်နှင့် အဆင့်အားလုံးတွင် ထိရောက်သော၊ တာဝန်ခံမှုရှိသော အဖွဲ့အစည်းများ ဖြစ်စေရန်
၁၇။ ရေရှည်တည်တံ့ခိုင်မြဲမှု - ရေရှည်တည်တံ့ ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုအတွက် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းမှုကို အကောင်အထည် ဖော်ရန် နည်းလမ်းများကို အားဖြည့်ပေးရန်နှင့် ခိုင်မာအားကောင်းစေရန်

စာရွက်စာတမ်းများ
.