ကလေးများ အတွက် တိုင်းရင်းသားဘာသာ ၉၀ ဖြင့် ထပ်မံထုတ် ထားသော ပုံပြင်စာအုပ်များ

မိခင်ဘာသာစကား ကို အခြေခံသော ပညာရေး သည် တိုင်းရင်းသားဘာသာ စကား ပြော၍ ကြီးပြင်းလာသော ကလေးများ အတွက် ပညာရေး စနစ်ကို အသားကျ စေရန်နှင့် ရလဒ်ကောင်းများ ရစေရန် ကူညီပေးနိုင်ပါသည်။ MIMU ၏ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးအရင်းအမြစ်များ စာမျက်နာ တွင် တိုင်းရင်းသားဘာသာ ၉၀ ဖြင့် ပုံပြင်စာအုပ် ၃၆၀ သာမက နာမည်ကြီး ပုဂ္ဂိုလ်များ ဖတ်ပြ ထားသော Video များလည်း ထပ်ထည့် ထားပေးပါသည်။ ဤ ပုံပြင်စာအုပ် များ သည် ကလေးငယ်များ မိခင်ဘာသာစကား နှင့် အတူ မြန်မာဘာသာစကား ကို သင်ယူနိုင်ရန်၊ စကားလုံး ကြွယ်ဝစေရန်၊ စာဖတ်ချင်စိတ် ကို နှိုးဆွပေးရန် ရည်ရွယ်သည်။ UNICEF နှင့် အခြား တွဲဖက်အဖွဲ့များ ပေါင်း၍ ဖန်တီးထားပါသည်။

လိုအပ် နေသူတွေ ဆီ ရောက် အောင် သေချာလေး share ပေးကြပါနော်။