ခွဲခြမ်းစိတ်ဖြာမှုအကျဉ်းချုပ်အသစ်- မြန်မာနိုင်ငံရှိ အိမ်အသုံးအဆောင်ပစ္စည်းများ (၂၀၁၄-၂၀၁၉)

MIMU ခွဲခြမ်းစိတ်ဖြာမှုအကျဉ်းချုပ်များ ရရှိနိုင်သော အချက်အလက်များအား ခွဲခြမ်းစိတ်ဖြာ၍ မြန်မာနိုင်ငံ အတွင်း လူသားခြင်းစာနာထောက်ထားမှု၊ ဖွံဖြိုးတိုးတက်ရေး ထောက်ပံ့မှုတို့နှင့် သက်ဆိုင်သော လူသိများသည့် အကြောင်းအရာ များ၊ ပေါ်ပေါက်လာသော အကြောင်းအရာများ နှင့် ဖော်ထုတ်နေဆဲ အကြောင်းအရာ ပြဿနာများကို မီးမောင်းထိုးပြ ထားပါသည်။ ဤ တတိယအကြိမ် ခွဲခြမ်းစိတ်ဖြာမှုအကျဉ်းချုပ် သည် ၂၀၁၄ မှ ၂၀၁၉ နှစ်အထိ ငါးနှစ်တာ တစ်နိုင်ငံလုံး စစ်တမ်းများမှ ရရှိသော အချက်အလက်များ၏ သုံးသပ်ချက် ကို အခြေခံ၍ အိမ်အသုံးအဆောင်ပစ္စည်းများ၏ အခြေအနေများကို အလေးပြု ဖော်ပြထားပါသည်။  အိမ်အသုံးအဆောင်ပစ္စည်းများ အခြေအနေသည် ကျန်းမာရေး၊ ကုန်ထုတ်စွမ်းအားနှင့် လူမှုဘဝအရည်အသွေးတို့ကို သက်ရောက်စေသောကြောင့် ၎င်းသည် အိမ်ထောင်စု၏ လူနေမှု အခြေအနေတွင် အရေးကြီးသောတိုးတက်မှုအချို့ကို ဖော်ပြသည်။

အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာ နှစ်မျိုး ပါရှိသော ဒတ်ရှ်ဘုတ် ကို MIMU ဝဘ်ဆိုဒ် https://themimu.info/household-amenities-analysis တွင် တွေ့ရှိနိုင်ပါသည်။ ၎င်းတွင် အသုံးပြုသူများအား ၎င်းတို့၏ကိုယ်ပိုင် ထပ်ဆင့် ခွဲခြမ်း စိတ်ဖြာမှုကို လုပ်ဆောင်နိုင်စေရန် အသုံးပြုသည့် နည်းစနစ် ၏  အချက်အလက် နှင့် စာရွက်စာတမ်းများ ပါဝင်သည်။