ဘုန်းတော်ကြီးသင်ပညာရေး ဒတ်ရှ်ဘုတ်ကို စတင်မိတ်ဆက်ခြင်း

ဘုန်းတော်ကြီးသင်ပညာရေး ဒတ်ရှ်ဘုတ် (Dashboard) The Monastic Education Dashboard သည် သာသနာရေးနှင့် ယဉ်ကျေးမှု၀န်ကြီးဌာန၊ သာသနာမြှင့်တင်ရေးနှင့် ပြန့်ပွားရေးဦးစီးဌာနမှ မျှဝေထားသော သတင်းအချက်အလက်များအရ မြန်မာနိုင်ငံရှိ ဘုန်းတော်ကြီးသင်ပညာရေးကို အပြန်အလှန် ကြည့်ရှု လေ့လာနိုင်စေမည် ဖြစ်သည်။ ပြည်နယ် / တိုင်း ဒေသကြီးနှင့် မြို့နယ်အဆင့်တွင် ၂၀၁၄ မှ ၂၀၁၈ အထိ ကျောင်းအရေအတွက်၊ ကျောင်းသားနှင့် ဆရာအရေအတွက် စသည့် သတင်းအချက်အလက်များကို ဒတ်ရှ်ဘုတ်မှ ဖော်ပြပေးနိုင်သည်။