မြန်မာနိုင်ငံတွင် သောက်ရေ အရင်းအမြစ် များ ပြောင်းလဲလာခြင်း ( ၂၀၁၄ - ၂၀၁၉ ) ဆိုင်ရာ MIMU ဆန်းစစ်လေ့လာမှု အကျဉ်း ထုတ်ပြန်ခြင်း

MIMU ဆန်းစစ်လေ့လာမှု အကျဉ်းချုပ် များ သည် မြန်မာနိုင်ငံ ရှိ လူသားချင်း စာနာထောက်ထားမှု နှင့် ဖွံဖြိုးမှု ဆိုင်ရာ ထောက်ပံ့မှု ဖြစ်စဉ်များ နှင့် ဆက်စပ်နေကာ ပေါ်ပေါက်လာသော လူသိ‌နည်းနေသေး သည့် ပြသာနာများ ကို ရနိုင်သမျှ သတင်းအချက်အလက်များ ကိုသုံး၍ လေ့လာဆန်းစစ်သော နည်းဖြင့် မီးမောင်း ထိုးပြရန် ရည်ရွယ်ပါသည်။ MIMU ၏ ပထမဆုံးဖြစ်‌‌ သော ဤ အကျဉ်းချုပ်တွင် ယခင်က အချက်အလက် လွန်စွာ နည်းပါးခဲ့သော မြန်မာနိုင်ငံ ရှိ သောက်ရေရရှိမှု အကြောင်း ကို အဓိက ဖော်ပြထားပါသည်။ ၂၀၁၄ မှ ၂၀၁၉ ခုနှစ်များ အတွင်း သောက်ရေ ရရှိမှု ပမာဏ များ အကြား နှိုင်းယှဉ်လေ့လာ သုံးသပ်မှု ကို ပထမဆုံး ပြုလုပ်ခြင်း ဟုလည်း ဆိုနိုင်ပါသည်။ ယခု ထုတ်ဝေမှု တွင် မြန်မာဘာသာ နှင့် အင်္ဂလိပ်ဘာသာ အစီရင်ခံစာ နှင့် သရုပ်ပြပုံ သာမက သင် ကိုယ်တိုင် အချက်အလက် များ ကို အသေးစိတ်လေ့လာ ရှာဖွေနိုင်ရန် Dashboard တစ်ခု နှင့် အတူ စုစည်းပေးထားသော data အချက်အလက် များ လည်းပါ၀င်ပါသည်။

ရှိပြီးသား အချက်အလက် များ ထဲမှ ယခုကဲ့သို့ အသေးစိတ် လေ့လာ သုံးသပ်စေလို သော အကြောင်းအရာများ ရှိပါက [email protected] သို့ ဆက်သွယ်နိုင်ပါသည်။