HDP Nexus ရှိ အရင်းအမြစ်များ

အွန်လိုင်းသင်တန်းများ၊ ကိုးကားချက်စာရွက်စာတမ်းများနှင့် ပုံနှိပ်ထုတ်ဝေမှုများအပါအဝင် လူသားချင်းစာနာထောက်ထားမှု-ဖွံ့ဖြိုးတိုးတက်ရေး-ငြိမ်းချမ်းရေး (HDP) Triple Nexus အရင်းအမြစ်များကို ဖော်ပြရန် MIMU ဝဘ်ဆိုဒ်တွင် စာမျက်နှာအသစ်ကို စတင်ထုတ်လွှင့်ထားပါသည်။ ၎င်းကို 'Country Information' Tab အောက်တွင် တွေ့နိုင်သည်။ HDP ချိတ်ဆက်မှုသည် ပြည်သူများ၏လိုအပ်ချက်များကို ပိုမိုထိရောက်စွာဖြည့်ဆည်းပေးနိုင်ရန်၊ ဘေးအန္တရာယ်များနှင့် အားနည်းချက်များကို လျော့ပါးသက်သာစေရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးဆီသို့ ဦးတည်သွားစေရန် HDP ကဏ္ဍများအကြား ပေါင်းစပ်ညှိနှိုင်းလုပ်ဆောင်မှုများကို ရည်ရွယ်ပါသည်။