MIMU ၏ ရင်းမြစ်များအတွက် အမြန်လမ်းညွှန်ချက်များ

အပ်ဒိတ်လုပ်ထားသော MIMU Bulletin မေ၊ ၂၀၂၂
MIMU Bulletins သည် MIMU ၏ လုပ်ဆောင်ချက်များ၊ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများနှင့် အောင်မြင်မှုများကို  သရုပ်ဖော်ပြီး interactive ပုံစံဖြင့် ပံ့ပိုးပေးကာ MIMU Catalogue of Activities & Achievements ကို ဖြည့်စွက်ပေးပါသည်။ ဤထုတ်ဝေမှုတွင်၊ ၂၀၂၀ မှ ၂၀၂၁ ခုနှစ်အထိ ကာလကို လွှမ်းခြုံထားပြီး လူသားချင်းစာနာမှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ငြိမ်းချမ်းရေးကို အဓိကထားလုပ်ဆောင်မှုများနှင့် virtual လုပ်ငန်းခွင်အခြေအနေများ၏ ကောင်းကျိုးများကို သုံးထားသော ပိုမိုခိုင်မာသော အစပျိုးမှုများတွင် MIMU ၏ ဆက်လက်ပံ့ပိုးကူညီမှုများကို မီးမောင်းထိုးပြထားပါသည်။

MIMU Online Orientation
လစဉ် ပြုလုပ်သော MIMU Orientation နှင့် New Products Updates sessions များကို  MIMU Online Orientation မှ ဖြည့်စွက်ပြည့်စုံစေပါသည်။ ၎င်းသည် interactive ပုံစံဖြင့် ကိုယ်တိုင် လေ့လာနိုင်ပြီး MIMU မှ  မည်သည်ကို ကမ်းလှမ်းထားသည်များကို အတိုချုပ်မိတ်ဆက်ပေးထား‌ခြင်း ဖြစ်သည်။
 

MIMU ကို လူမှုကွန်ယက်များတွင် လိုက်လံ ဖတ်ရှုလေ့လာပါ
MIMU ၏ TwitterLinkedinin နှင့် Youtube ချန်နယ်များကို ချိတ်ဆက်ထားစေချင်ပါသည်။ နောက်ဆုံးထုတ်ကုန်များနှင့် ဝန်ဆောင်မှုများနှင့် ကျွန်ုပ်တို့၏ အသုံးဝင်သော အခြားထုတ်ကုန်များအကြောင်း သတိပေးကြေငြာချက်များကို လွတ်မသွားစေရန် Twitter နှင့် Linkedin တို့မှ နောက်ဆုံးအပ်ဒိတ်များကို ပုံမှန် အသိပေး နေပါလိမ့်မည်။ MIMU Youtube ချန်နယ်တွင် QGIS နှင့် Tableau တို့ကဲ့သို့သော တောင်းဆိုမှု မြင့်မားသည့် အွန်လိုင်း သင်ရိုး ရုပ်သံဖိုင်များနှင့် အတူ ကျွန်ုပ်တို့၏ ပါတနာအဖွဲ့အစည်းများမှ ပေးသော ရုပ်သံဖိုင်များကိုလည်း လွှင့်တင်ထားပါသည်။