MIMU Client Survey ၂၀၂၂ ကို မြန်မာနိုင်ငံရှိ လူသားချင်းစာနာထောက်ထားမှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ငြိမ်းချမ်းရေးကို အဓိကထားလုပ်ဆောင်သည့် လှုပ်ရှားမှုများကို ပိုမိုကောင်းမွန်စွာ ပံ့ပိုးကူညီရန် MIMU ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ အသုံးပြုခြင်းအကြောင်း ပိုမိုလေ့လာရန် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ပြုလုပ်ခဲ့ပါသည်။ ဝဘ်ဆိုက်မှတဆင့် အင်္ဂလိပ်နှင့် မြန်မာဘာသာများဖြင့် မေးထားသည့် အမည်မဖော်ပြသော အွန်လိုင်းမေးခွန်းလွှာမှတဆင့် အသုံးပြုသူ ၃၅၀ မှ တုံ့ပြန်ချက်များ ပေးခဲ့သည်။
ဖြေဆိုသူများမှ ၈၉% သည် MIMU ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအတွက် စိတ်ကျေနပ်မှု သို့မဟုတ် အလွန်စိတ်ကျေနပ်မှုရှိကြောင်း တွေ့ရှိခဲ့သည်။ ဤရလဒ်များကို MIMU ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအသုံးပြုမှုဆိုင်ရာ စာရင်းအင်းများနှင့်အတူ MIMU Client Survey ၂၀၂၂ အစီရင်ခံစာတွင် ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်တွင် ယခုထွက်ရှိနေပြီဖြစ်သည်။