MIMU Excel Mapping Tool ဗားရှင်း 2.0 ထုတ်ပြန်ခြင်း

ဤမြေပုံထုတ်ကိရိယာ mapping tool သည် ပြည်နယ် / တိုင်းဒေသကြီးနှင့် မြို့နယ်များရှိ Excel စာရင်းဇယားများမှ အချက်အလက်များကို နှိုင်းယှဉ်နိုင်ရန်အတွက် ရိုးရှင်းသော 'အပူမြေပုံ' ကို ပြင်ဆင်ရန် MIMU နေရာသင်္ကေတကုဒ်များကို အသုံးပြုသည်။ ၎င်းသည် MIMU Baseline Dataset ကဲ့သို့သော ပိုမိုကြီးမားသည့် နိုင်ငံ့ဒေတာအစုများမှ ကွဲပြားခြားနားသော ညွှန်းကိန်းများကို နှိုင်းယှဉ်နိုင်ပြီး ကွဲပြားသောဒေသများမှ အေဂျင်စီများ၏ ကိုယ်ပိုင်သတင်းအချက်အလက်နှင့်လည်း အသုံးပြုနိုင်ပါသည်။

Excel မြေပုံကိရိယာအသစ် (ဗားရှင်း 2.0) new Excel Mapping Tool (version 2.0) သည် မြေပုံများပြုလုပ်ရန် Excel တွင် ထည့်သွင်းထားသော အင်္ဂါရပ်များကို သုံးမည့်အစား Leaflet JavaScript library ကို မိတ်ဆက်ပေးသည်။ ရလဒ်ကို ကြည့်ရှုရန် browser (ဥပမာ Firefox သို့မဟုတ် Google Chrome) လိုအပ်ပါသည်။