MIMU - Myanmar web မြေပုံ platform စတင်ခြင်း

ပထဝီ ဆိုင်ရာ အချက်အလက်များ ကို အသစ် ထွက်ထား သည့် MIMU - Myanmar web မြေပုံ စနစ် တွင် ပုံဖော် ကြည့်ရှုနိုင်ပါသည်။ သုံးစွဲသူ များ သည် မြေပုံ အလွှာများ ကို လေ့လာ ကြည့်ရှု၊ download ဆွဲ နိုင် သည့် အပြင် မြေပုံများ လည်း ကိုယ်တိုင် ဖန်တီးနိုင်ပါသည်။ ထို့ အပြင် အခြား မြေပုံ များ ကို လည်း ကြည့်ရှုနိုင်သလို အသေးစိတ် အချက်အလက် များ ဖြစ်သော လူဦးရေ၊ သဘာဝပတ်ဝန်းကျင်၊ မြေကြီး၊ သယ်ယူပို့ဆောင်ရေး၊ အုပ်ချုပ်ရေး၊ အခြေခံ အဆောက်အဦ၊ ဂြိုလ်တု ဓာတ်ပုံ နှင့် 3W အစရှိသည် တို့ကို လည်း လေ့လာ နိုင်သည်။ အခမပေးရသော open-source cloud-based MapX platform ပေါ် တွင်အခြေခံ၍ တည်ဆောက်ထားသည်။ Switzerland နိုင်ငံ Geneva မြို့ တွင် server များ ထားရှိကာ လိုင်း မကောင်းသော သုံးစွဲသူများ အတွက် အဆင်ပြေအောင် စီစဉ်ပေးထားပါသည်။ ဤ MIMU - Myanmar project ကို အခမဲ့ အသုံးပြုနိုင်ပြီး အချက်အလက် အသစ် များ ရလာ သည် နှင့် update လုပ်ပါမည်။