သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (ICT) ကဏ္ဍ
လူသားချင်းစာနာမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ လုပ်ငန်းရပ်များတွင် ပေါင်းစပ်ညှိနှိုင်းခြင်း၊ သတင်းအချက်အလက် ဖြန့်ဝေခြင်း၊ အသိပညာနှင့် ဝန်ဆောင်မှုများအား ရယူနိုင်ခြင်း၊ စောင့်ကြည့် လေ့လာသုံးသပ်ခြင်း စသည့် ကဏ္ဍများအား လွယ်ကူ ထိရောက်စွာ ထောက်ကူ ပေးနိုင်ရန်အတွက် ICT ကို ကမ္ဘာ တဝှမ်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြပါသည်။ မြန်မာနိုင်ငံတွင် သတင်း အချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ (ICT) ကဏ္ဍ ထိုးဖောက် ဝင်ရောက်မှုမှာ နိမ့်ကျနေသေးသော်လည်း ကျယ်ပြန့်လာသည့် ကွန်ရက် အသုံးပြုမှုအတွက် လိုအပ်သော တာဝါတိုင်အသစ်များ တည်ဆောက်ရန်လျာထားခြင်း၊ လျှပ်စစ်မီးရရှိမှု တိုးတက်လာခြင်း စသည့် လက္ခဏာရပ်များသည် ICT ကဏ္ဍအား ဝေးလံ ခေါင်ဖျားသောဒေသ များအပါအဝင် လူဦးရေ အများစု လက်လှမ်းမီလာစေမည့် ကနဦးပြယုဂ်ဖြစ်ပါသည်။ ICT၊ လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးရေးကဏ္ဍများတွင် အလွှာပေါင်းစုံ ပါဝင်လာကြရာ နိုင်ငံတော် အစိုးရမှအစ နိုင်ငံတကာ အဖွဲ့အစည်းများ၊ NGOများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် ၎င်းတို့နှင့်သက်ဆိုင်ရာ အလွှာအလိုက် ဦးစားပေးကဏ္ဍများ၊ အတွေ့အကြုံအမြင်များအားဖြင့် သက်ဝင်လှုပ်ရှား ဆောင်ရွက်လာကြပါသည်။
မြန်မာနိုင်ငံရှိပြည်သူများဘဝအား ထိထိရောက်ရောက်ပိုမိုတိုးတက်ရန်အလို့ငှာ အထောက်အကူပြုဆောင်ရွက်နေသည့် လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ICT အသုံးပြုပြီး ပေါင်းစပ်ညှိနှိုင်းမှု ဆိုင်ရာကဏ္ဍများအား တိုးတက်ကောင်းမွန်စေရေး၊ အတွေ့အကြုံကောင်းများ ဖလှယ်ရေးနှင့် သတ်မှတ်ထားသည့် စံနှုန်းများအသုံးပြုရေးစသည်တို့အား မြှင့်တင်ရန်အတွက် ICT လုပ်ငန်းအဖွဲ့ကို ၂၀၁၄ခုနှစ်မေလတွင် သတင်းအချက်အလက် စီမံခန့်ခွဲမှုကွန်ရက်မှတဆင့် စတင်ဖွဲ့စည်းခဲ့ပါသည်။ ၎င်းလုပ်ငန်းအဖွဲ့သည် လ၏နောက်ဆုံးအပါတ် ဗုဒ္ဓဟူးနေ့တွင် ပုံမှန်အစည်းအဝေးကျင်းပပြီး ဖွံ့ဖြိုးရေးကဏ္ဍ၏ ICT လုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်နေကြသည့် NGOများ၊ ကုလသမ္မဂ္ဂရုံးများ၊ အလှူရှင်အဖွဲ့အစည်းများ၊ ဋ္ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းများ စသည့် အလွှာအသီးသီးမှ ကိုယ်စားလှယ်များ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာနိုင်ရန် ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိပါသည်။
လက်ရှိအခြေအနေ
Title | Format | Size | Uploaded |
---|---|---|---|
Report_Digital 2019 Myanmar_Kepios_Jan2019.pdf |
pdf |
10.07 MB | 14-Feb-2019 |
စာရွက်စာတမ်းများ
၎င်းကဏ္ဍတွင် အဖွဲ့အစည်း အချင်းချင်း ညှိနှိုင်း ဆောင်ရွက်မှု ပုံသဏ္ဍာန်နှင့် သက်ဆိုင်သော သတင်း အချက်အလက်များ၊ နိုင်ငံလုံး ဆိုင်ရာ နည်းဗျူဟာများ၊ စီမံချက်များနှင့် အခြား ညှိနှိုင်း ဆောင်ရွက်ခြင်း ၊ စီမခံချက် ရေးဆွဲခြင်း နှင့် အရင်း အမြစ်များ ခွဲဝေပေးခြင်းတို့နှင့် သက်ဆိုင်သော အဓိက အချက်အလက် များ ပါဝင်ပါသည်။
သတ်မှတ်တာဝန်နှင့် လုပ်ပိုင်ခွင့်များ
Title | Format | Size | Uploaded |
---|---|---|---|
ToR_ICT4D_WG_30Jul2014.pdf |
pdf |
24.73 KB | 04-Aug-2014 |
အစည်းအဝေးများ၏ အစီရင်ခံစာများ
အရင်းအမြစ်များ
ဆန်းစစ်ချက်များ
Title | Format | Size | Uploaded |
---|---|---|---|
Assessment_Ending the Gender Digital Divide in Myanmar_IREX_2017.pdf |
pdf |
7.35 MB | 09-Mar-2017 |
အစီရင်ခံစာများနှင့် ပုံနှိပ်ထုတ်ဝေမှုများ
၎င်းကဏ္ဍတွင် သတင်း အချက်အလက် (သို့မဟုတ်) လက်တွေ့ လုပ်ဆောင်ချက်များ နှင့် သက်ဆိုင်သော အသေးစိတ် အစီရင်ခံစာများ ပါဝင်ပြီး ၎င်းတို့သည် မြန်မာနိုင်ငံ အတွက် သာမက နိုင်ငံတကာ အတွက်ပါ ပါဝင်ပါသည်။
Myanmar
International
Title | Format | Size | Uploaded |
---|---|---|---|
After Access - ICT Access and Use in Asia and Global South_LIRNEasia_Oct2018.pdf |
pdf |
3.42 MB | 19-Jul-2019 |
Ref Doc_Understanding Mobile Phone Impact on Livelihoods_2012.pdf |
pdf |
334.96 KB | 29-Aug-2014 |
Ref Doc_ICTs and the World's Bottom Billion_2009.pdf |
pdf |
46.43 KB | 29-Aug-2014 |
Ref Doc_A Framework to Assess Participation & Empowerment Impacts of ICT4D P... |
pdf |
824.58 KB | 29-Aug-2014 |
Ref Doc_Inclusive Innovation - Definition, Conceptualisation & Future Resear... |
pdf |
302.91 KB | 29-Aug-2014 |
Ref Doc_ICTs & Poverty Eradication - Comparing Economic, Livelihoods & C... |
pdf |
1.06 MB | 29-Aug-2014 |
Ref Doc_Understanding Urban Climate Change & Digital Infrastructure_2013.pdf |
pdf |
655.57 KB | 29-Aug-2014 |
Report_Information Lives of the Poor_IDRC.pdf |
pdf |
1.2 MB | 28-Jul-2014 |
နည်းပညာလမ်းညွှန်ချက်များနှင့် စာရွက်စာတမ်းများ
Title | Format | Size | Uploaded |
---|---|---|---|
Ref Doc_ICT4Peace - Traing Materials_Oct2014.zip |
zip |
6.77 MB | 03-Nov-2014 |
Ref Doc_Mobile Technology Handbook_Pact_Jan2014.pdf |
pdf |
703.68 KB | 16-Jun-2014 |