MIMU သတင်းလွှာ - ဇူလိုင်လ ~ ဒီဇင်ဘာလ ၂၀၂၄

ဤ သတင်းလွှာ တွင် (MIMU) ၏ ၂၀၂၄ ဒုတိယ နှစ်ဝက် အတွင်း လုပ်ဆောင် အောင်မြင် ခဲ့မှု များ ကို အကျဉ်းချုံး ဖော်ပြထားပါသည်။

ဤ ကာလ အတွင်း MIMU ၏ ပင်မ ဝန်ဆောင်မှု များ ကို အခြေခံကာ မြန်မာနိုင်ငံ ရှိ လူသားချင်းစာနာထောက်ထားမှု နှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ အတွက် ပိုမို ပံ့ပိုးပေးနိုင်ခဲ့သည်။

  • ရေကြီးရေလျှံမှု ပြင်ဆင်ကူညီခြင်း။ ။ ရေလွှမ်းမိုးမှု နေရာပြ မြေပုံများ၊ သတင်းအချက်အလက် များ နှင့် အရေးပေါ်သတိပေး ကြေညာမှု များ ကို MIMU website နှင့် လူမှု ကွန်ယက်များ မှ တဆင့် အချိန်မှီ ထုတ်ပြန်နိုင်ခဲ့သည်။
  • ၁၆ ရက်တာ လှုပ်ရှားမှု။ ။မြန်မာနိုင်ငံ ရှိ အမျိုးသမီး နှင့် မိန်းကလေးများ ရင်ဆိုင်နေရသည့် အခက်အခဲ များ ကို မီးမောင်း ထိုးပြရန် ပြုလုပ်ခဲ့သော Infographics အသစ် ကို ကြည့်ရှုသူ များပြားခဲ့သည်။
  • MIMU HDP Nexus 5W။ ။ ဩဂုတ် ၂၀၂၄ အသုတ် တွင် အဖွဲ့ပေါင်း ၁၉၈ ခု မှ ပေးပို့သော project အချက်အလက် ၁သိန်းခွဲ ကျော် ကို မှတ်တမ်းတင်နိုင်ခဲ့သည်။
  • သင်တန်းများ။ ။ Data နှင့်ပတ်သက်၍ ခွဲခြမ်းစိတ်ဖြာခြင်း analysis နှင့် ပုံဖော် ခြင်း visualisation၊ Excel၊ မြေပုံ သင်တန်းများ အစရှိသဖြင့် လုပ်နိုင်ခဲ့ပြီး NGO CSO နှင့် UN agencies များမှ တက်ရောက်သူ ၁၆၀ ကျော် ရှိခဲ့သည်။

Infographics များ နှင့် dashboard ကို အောက်မှာ ကြည့်ပါ။