News

ရောက်ရှိရန် ခက်ခဲသော နယ်မြေဒေသများရှိ MIMU မြေပုံများနှင့် ရောင်ခြယ်ဖိုင်ပုံများကို MIMU ဝက်ဘ်ဆိုဒ်တွင် အောက်ပါလင့်ခ်များ မှတစ်ဆင့် ယခု ရရှိနိုင်ပါသည်။

  • ·         ရောက်ရှိရန် ခက်ခဲသော နယ်မြေဒေသများ (အင်္ဂလိပ်) Hard to Reach Areas (English)
  • ·         ရောက်ရှိရန် ခက်ခဲသော နယ်မြေဒေသများ (မြန်မာ) Hard to Reach Areas (Myanmar)
  • ·         ၂၀၁၉ ခုနှစ် မေလ၊ ရောက်ရှိရန် ခက်ခဲသော မြို့နယ်များ(ရောင်ခြယ်ဖိုင်) Hard To Reach Towns May 2019 (Shapefile)
  • ·         ၂၀၁၉ ခုနှစ် မေလ၊ ရောက်ရှိရန် ခက်ခဲသော  ကျေးရွာအုပ်စု(ရောင်ခြယ်ဖိုင်) Hard to Reach Village Tract May 2019 (Shapefile)

MIMU နှင့် HARP-F မှ ပြင်ဆင်သော ကပေါင်းစုံ စားပွဲတင်ပြန်လည်သုံးသပ်မှု၏ စာရွက်စာတမ်းများ (မြန်မာဗားရှင်း)ကို MIMU ရုံးတွင် ရရှိနိုင်ပါသည်။ ၎င်းကိုလည်း MIMU ဝက်ဘ်ဆိုဒ်မှ http://themimu.info/ country-overview-  အောက်ရှိ  http://themimu.info/vulnerability-in-myanmar တွင် ဒေါင်းလုပ် လုပ်နိုင်ပါသည်။

အများပြည်သူများ ရရှိနိုင်သော အချက်အလက်များနှင့် သတင်းအချက်အလက်များကို အသုံးပြု၍ ထိရောက်သော အစီအစဉ်များနှင့် မူဝါဒများ၏ ဒီဇိုင်းကို အထောက်အကူပြုရန်အတွက် တစ်နိုင်ငံလုံးရှိ မြို့နယ်များအကြား ကွဲပြားခြားနားမှုများနှင့် ကွာဟမှုများကို ထုတ်ဖော်ပြသခြင်းဖြင့် အချက်အလက်ဆန်းစစ်ခြင်း၌ ကွက်လပ်များ (လစ်ဟာနေမှုများ)ကို ဖြေရှင်းရန် ကြိုးစားထားပါသည်။

ဤအရာသည် မြန်မာနိုင်ငံရှိ ထိခိုက်လွယ်သော လူဦး‌ရေများအား ထောက်ပံ့ရန် လူကြီးမင်း၏ အစီအစဉ်များနှင့် လုပ်ဆောင်မှုများကို အထောက်အကူပြုလိမ့်မည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။ သင်၏  စေတနာပါသော အကြုံပြုချက်များကို [email protected]  မှတဆင့် မျှဝေနိုင်သည်။

မြန်မာနိုင်ငံမြေပုံများ ထုတ်လုပ်ရာတွင် အသုံးပြုသော ဒေတာအစုတစ်ခုသည် စိန့်မာတင်ကျွန်းကို မြန်မာနိုင်ငံ၏ ပိုင်နက်အဖြစ် မှားယွင်းစွာ ပြသခဲ့သလို ဘင်္ဂလားဒေ့ရှ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော မြန်မာနိုင်ငံ၏ ရေကြောင်းနယ်နိမိတ်များကိုလည်း မတိမကျ ဖော်ပြထားခဲ့သည်။

လွဲမှားနေသော မြေပုံများကို MIMU ဝက်ဘ်ဆိုဒ်မှ ဖယ်ရှားပြီး ဖြစ်ပါသည်။ ပြန်လည်ပြင်ဆင်ပြီးသည်နှင့် ၄င်းမြေပုံများကို ပြန်လည် တင်ပေးထားမည် ဖြစ်သည်။ အခြားမြေပုံများသည် ရရှိနိုင်သော အချက်အလက်များအရ မှန်ကန်လျက်ရှိပါသည်။ ဤသို့ အဆင်မပြေမှုများ ဖြစ်ပေါ်ရသည့်အတွက် တောင်းပန်ချင်ပါသည်။ နောက်ဆုံးပြင်ဆင် မွမ်းမံထားသော အရောင်ချယ်ဖိုင်များကို လာမည့်ရက်များအတွင်း ထုတ်ပေးနိုင်ပါလိမ့်မည်။

ပြည်နယ်/တိုင်းနှင့် မြို့နယ် အချက်အလက်များအား http://themimu.info/mimu-township-profiles-dashboard  တွင် ကြည့်ပါ။

ဤဒတ်ရှ်ဘုတ်တွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အပါအ၀င် ရင်းမြစ်အမျိုးမျိုးမှ အချက်အလက်များအပေါ် အခြေခံ၍ မြို့နယ်အဆင့်အထိ ကအလိုက်၊  နယ်မြေအလိုက် စာရင်းအင်းများကို အပြန်အလှန်ကြည့်ရှုနိုင်ပါသည်။ လူကြီးမင်း၏ တုန့်ပြန်အကြံပြုချက်များကို [email protected]  မှတစ်ဆင့် ကြိုဆိုပါသည်။

ကျွန်ုပ်တို့၏ မြန်မာနိုင်ငံရှိ ကျား၊ မရေးရာတန်းတူညီမျှမှုဆိုင်ရာ ဂရပ်ဖစ်အချက်အလက်အသစ် (အင်္ဂလိပ်ဗားရှင်း) Infographic on Gender Equality in Myanmar (English Version)  နှင့် မြန်မာနိုင်ငံရှိ ကျား၊ မရေးရာတန်းတူညီမျှမှုဆိုင်ရာ ဂရပ်ဖစ်အချက်အလက်အသစ်(မြန်မာဗားရှင်း) Infographic on Gender Equality in Myanmar (Myanmar Version) ကို ယခုအခါ ရရှိနိုင်ပါသည်။၎င်းတို့သည် လက်ရှိ ကိုယ်စားပြုမှုဆိုင်ရာ အခြေအနေ၊ ပညာရေး၊ စာတတ်မြောက်မှုနှင့် အလုပ်အကိုင်ဆိုင်ရာ တန်းတူညီမျှမှုအခြေအနေနှင့် နယ်မြေဒေသအလိုက် နှိုင်းယှဉ်ထားသော မိခင်သေဆုံးမှုဆိုင်ရာ ကိန်းဂဏန်းများကို  တစ်စေ့တစ်စောင်း သုံးသပ်ထားခြင်းဖြစ်သည်။

စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များကို ယခုအခါ http://themimu.info/sdg မှတဆင့် ရရှိနိုင်ပါသည်။