ကျွန်ုပ်တို့၏ လူသိများသော မြေမြှုပ်မိုင်းဖြန့်ကျက်တည်ရှိရာမြို့နယ်များ၏ မြေပုံနှင့် ထိခိုက်သေဆုံးမှုများဆိုင်ရာ အင်ဖိုဂရပ်ဖစ်အချက်အလက်များကို ၂၀၁၉ခုနှစ်အတွက် အသစ်ပြုပြင်ခဲ့သည်။ ၎င်းကို အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်းတားဆီးရေး လှုပ်ရှားမှု (ICBL) နှင့် ပူးပေါင်း၍ ဖန်တီးခဲ့သည်။ စာရွက်စာတမ်းများတွင် ၂၀၀၇-၂၀၁၉ ခုနှစ် ကာလများအတွက် ထိခိုက်ဒဏ်ရာရမှု ဖြစ်စဉ်များအတွင်း အစီရင်ခံတင်ပြထားသည့် ထိခိုက်သေဆုံးမှုများ၊ ပေါက်ကွဲနိုင်သော ပစ္စည်းအမျိုးအစားများနှင့် အစီရင်ခံတင်ပြထားသည့် လုပ်ငန်းဆောင်ရွက်ချက်များ ပါဝင်သည်။ ၎င်းတို့ကို မြန်မာ / အင်္ဂလိပ်နှစ်ဘာသာဖြင့် အောက်တွင် ရရှိနိုင်သည်။
News
၂၀၂၀၊ စက်တင်ဘာလတွင် MIMU သည် MIMU COVID-19 ဝက်ဘ်စာမျက်နှာနှင့် ယင်း၏ ပါ၀င်မှုနှင့် အသုံးပြုမှုကို ပိုမိုနားလည်ရန် ၂မိနစ်ကြာ စစ်တမ်းတစ်ခုကို ပြုလုပ်ခဲ့သည်။ နှစ်မိနစ်ကြာ စစ်တမ်း ကောက်ယူခြင်းတွင် ပါ၀င်ခဲ့ကြသူ အားလုံးကို ကျေးဇူးတင်ပါသည်။ သင်၏ ဖြေကြားချက်များသည် MIMU COVID-19 ဝက်ဘ်စာမျက်နှာ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုပါလိမ့်မည်။ ဤနေရာတွင် here အကျဉ်းချုပ်အပြည့်အစုံကို ရှာတွေ့နိုင်ပါသည်။
မြန်မာနိုင်ငံရှိ တရားဝင် ဖွင့်လှစ်ထားသော ကျောင်းတည်နေရာများ (အခြေခံပညာရေး)ကို အောက်တိုဘာ ၂၀၁၉တွင် MIMU ဝက်ဘ်ဆိုဒ်တွင် http://geonode.themimu.info/layers မှတဆင့် ပြင်ဆင်မွမ်းမံထားပါသည်။ ဤအချက်အလက်စာရင်းတွင် တစ်နိုင်ငံလုံးရှိ ကျောင်းပေါင်း ၄၆၀၀၀ ကျော် ပါဝင်သည်။
ဤမြေပုံထုတ်ကိရိယာ mapping tool သည် ပြည်နယ် / တိုင်းဒေသကြီးနှင့် မြို့နယ်များရှိ Excel စာရင်းဇယားများမှ အချက်အလက်များကို နှိုင်းယှဉ်နိုင်ရန်အတွက် ရိုးရှင်းသော 'အပူမြေပုံ' ကို ပြင်ဆင်ရန် MIMU နေရာသင်္ကေတကုဒ်များကို အသုံးပြုသည်။ ၎င်းသည် MIMU Baseline Dataset ကဲ့သို့သော ပိုမိုကြီးမားသည့် နိုင်ငံ့ဒေတာအစုများမှ ကွဲပြားခြားနားသော ညွှန်းကိန်းများကို နှိုင်းယှဉ်နိုင်ပြီး ကွဲပြားသောဒေသများမှ အေဂျင်စီများ၏ ကိုယ်ပိုင်သတင်းအချက်အလက်နှင့်လည်း အသုံးပြုနိုင်ပါသည်။
Excel မြေပုံကိရိယာအသစ် (ဗားရှင်း 2.0) new Excel Mapping Tool (version 2.0) သည် မြေပုံများပြုလုပ်ရန် Excel တွင် ထည့်သွင်းထားသော အင်္ဂါရပ်များကို သုံးမည့်အစား Leaflet JavaScript library ကို မိတ်ဆက်ပေးသည်။ ရလဒ်ကို ကြည့်ရှုရန် browser (ဥပမာ Firefox သို့မဟုတ် Google Chrome) လိုအပ်ပါသည်။
အမျိုးသားအဆင့်မှ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအဆင့်အထိ အုပ်ချုပ်ရေးနယ်နိမိတ်၏ အရောင်ခြယ်ဖိုင်များကို နေရာသင်္ကေတကုဒ်(Pcode)ဗားရှင်း ၉.၂ သို့ မွမ်းမံထားပါသည်။ ကျေးရွာများနှင့်မြို့များကိုလည်း ဗားရှင်း ၉.၂ တွင် ရရှိနိုင်ပါသည်။ SAZ / SAD ၏ အရောင်ခြယ်ဖိုင်များကိုလည်း ပြင်ဆင်မွမ်းမံထားပါသည်။ ၎င်းတို့ကို MIMU ဝက်ဘ်ဆိုဒ် ဤနေရာတွင် here ရရှိနိုင်ပါသည်။
ဒတ်ရှ်ဘုတ်(Dashboard) ကို MIMU-HARP လူသားချင်း စာနာထောက်ထားမှု အကူအညီနှင့် ပြန်လည် ထူထောင်နိုင်စွမ်း ထောက်ပံ့မှု အစီအစဉ် (HARP-F) အစီရင်ခံစာမှ ထိခိုက်လွယ်မှုအညွှန်းကိန်းကို အခြေခံ၍ ၂၀၁၄-၂၀၁၆ ကာလအတွင်း အမျိုးသားအဆင့် အချက်အလက်များနှင့် မြို့နယ်အဆင့်ရှိ သတင်း အချက် အလက်များကို စားပွဲတင်ပြန်လည်သုံးသပ်ခြင်းနှင့် ဆန်းစစ်ခြင်းမှတဆင့် မြန်မာနိုင်ငံတစ်ဝှမ်း ထိခိုက်လွယ်မှုအခြေအနေကို ထည့်သွင်းစဉ်းစားထားသည်။
၎င်းသည် မြို့နယ်အဆင့်တွင် ကအလိုက် လေ့လာသုံးသပ်ချက်နှင့်အတူ လိုအပ်နေမှုများ၊ လွှမ်းခြုံပေးနိုင်မှု တိုင်းအတာနှင့် ကွာဟချက်များအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အချက်အလက်များအပေါ် ဆင့်ပွား ပြန်လည် သုံးသပ်ထားခြင်းဖြစ်သည်။ ၎င်းကို http://themimu.info/vulnerability-dashboard တွင် ကြည့်ရှု နိုင်သည်။
MIMU သုံးစွဲသူစစ်တမ်းအရ အင်တာနက်ဆက်သွယ်မှုသည် ယခင်ကထက် ပိုမိုကောင်းမွန်လာသောကြောင့် MIMU offline ဝက်ဘ်ဆိုဒ် DVD ကို ဖြန့်ဝေတော့မည်မဟုတ်ပါ။ လူကြီးမင်းအနေနှင့် ၄င်းအား ရယူလိုပါက [email protected] မှတစ်ဆင့် တောင်းဆိုနိုင်ပါသည်။
လူကြီးမင်း၏ Outlook အ၀င်စာ အရောင်ကုဒ်အတွက်MIMU ၏ ရိုးရှင်းသော လမ်းညွှန်ချက်သည် ရောက်ရှိလာသည့် စာများကို ထိထိရောက်ရောက် စီမံခန့်ခွဲရန် ကူညီပေးနိုင်သည်။ ၎င်းကို တည်ဆောက်ရန် တစ်မိနစ်ခန့်သာ ကြာပြီး ချက်ချင်း အလုပ်လုပ်သည်။ အဆင့်များကို ပြောင်းပြန် လုပ်ဆောင်ခြင်းဖြင့် ၄င်းကို ဖျက်သိမ်းနိုင်သည်။ (၁) သင့်ကို တစ်ဦးတည်းပို့သောစာ နှင့် (၂) သင်နှင့် အခြားသူများထံသို့ ပို့သောစာအတွက် ကွဲပြားသောအရောင်များကို ထပ်မံဖြည့်စွက်ပြီး သင့်ကို cc ပေးသော စာများကို မူရင်း အမဲရောင်အတိုင်း ချန်ထားနိုင်သည်။ https://themimu.info/RefDoc_Outlook_Setting_to_Identify_Emails_with_Color_MIMU.pdf မှတဆင့် ကြည့်ရှုနိုင်ပါသည်။
Tableau ဖောင်ဒေးရှင်းမှ ဆော့ဖ်ဝဲနှင့် လေ့ကျင့်သင်ကြားမှုများကို ရက်ရက်ရောရော လှူဒါန်းပေးခဲ့သောကြောင့် MIMUသည် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး၊ လူသားချင်းစာနာရေးနှင့် ငြိမ်းချမ်းရေးကို ဦးတည်သည့် လုပ်ဆောင်မှုများအား ထောက်ပံ့ပေးသည့် ဒတ်ရှ်ဘုတ် (dashboard)များ ဆက်လက် ပံ့ပိုးသွားနိုင်သည့်အတွက် ကျေးဇူးတင်ပါသည်။ ကျွန်ုပ်တို့၏ Tableau Dashboards အချို့ကို 3W ကျေးရွာအုပ်စု ဒတ်ရှ်ဘုတ် Myanmar 3W Village Tract Dashboard နှင့် မြန်မာနိုင်ငံ၏ ထိခိုက်လွယ်မှုအခြေအနေ လေ့လာသုံးသပ်မှု ဒတ်ရှ်ဘုတ် Vulnerability Study in Myanmar Dashboard မှတဆင့် ကြည့်ရှုနိုင်ပါသည်။
ဘုန်းတော်ကြီးသင်ပညာရေး ဒတ်ရှ်ဘုတ် (Dashboard) The Monastic Education Dashboard သည် သာသနာရေးနှင့် ယဉ်ကျေးမှု၀န်ကြီးဌာန၊ သာသနာမြှင့်တင်ရေးနှင့် ပြန့်ပွားရေးဦးစီးဌာနမှ မျှဝေထားသော သတင်းအချက်အလက်များအရ မြန်မာနိုင်ငံရှိ ဘုန်းတော်ကြီးသင်ပညာရေးကို အပြန်အလှန် ကြည့်ရှု လေ့လာနိုင်စေမည် ဖြစ်သည်။ ပြည်နယ် / တိုင်း ဒေသကြီးနှင့် မြို့နယ်အဆင့်တွင် ၂၀၁၄ မှ ၂၀၁၈ အထိ ကျောင်းအရေအတွက်၊ ကျောင်းသားနှင့် ဆရာအရေအတွက် စသည့် သတင်းအချက်အလက်များကို ဒတ်ရှ်ဘုတ်မှ ဖော်ပြပေးနိုင်သည်။
- ‹ previous
- 6 of 7
- next ›