News

MIMU ၏ နယ်စပ်ဒေသ မြေပုံများ ကို MIMU မှ အချက်အလက် နှင့် open source အချက်အလက်  များကို သုံး ၍ အသစ် ပြင်ဆင်ထားသည်။ အိန္ဒိယ - မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ် နှင့် မြန်မာ - ထိုင်း နယ်စပ် မြေပုံ ၂ ပုံ ကို  MIMU GIS Resources page အောက် မှ Map section တွင် ဝင်ကြည့် နိုင်ပါသည်။

MIMU ၏ တိုင်း ဒေသကြီး နှင့် ပြည်နယ် မြေပုံများ ကို လည်း အရောင် အသစ်  နောက်ခံအသစ် များဖြင့် ပြင်ဆင်ထားသည်။ MIMU GIS Resources page အောက် မှ Map section တွင် ဝင်ကြည့် နိုင်ပါသည်။

ဤ စာမျက်နှာ တွင် ငွေသား ထောက်ပံ့ခြင်းလုပ်ငန်း လုပ်ဆောင်သော အဖွဲ့အစည်းများ အနေဖြင့် စွမ်းဆောင်ရည် ကောင်းမွန်သော ဘဏ္ဍာရေး ဝန်ဆောင်မှု အဖွဲ့အစည်းများကို အလွယ်တကူ ဖော်ထုတ် နိုင်စေရန် အတွက် လွယ်ကူ ရိုးရှင်းသော အချက်အလက် tools များ တင်ထားပေးပါသည်။ ECHO မှ ပံ့ပိုးသော ရန်ပုံငွေဖြင့် ကုလသမဂ္ဂ နှင့် NGO အဖွဲ့အစည်း ၅ဖွဲ့  ပူးပေါင်း ဆောင်ရွက်ခဲ့သော ဒေသ စီမံချက်တစ်ခု ဖြစ် သည်။

Dashboard တစ်ခုအပါအဝင် အချက်အလက်စုများ နှင့် လုပ်ထုံးလုပ်နည်း စာရွက်စာတမ်းများ လည်း တင်ထားပါသည်။

MIMU အကြောင်း မကြာခဏ မေးလေ့မေးထ ရှိသော မေးခွန်းများ ကို ၂၀၂၁ အတွက် ပြင်ဆင်ထား ပါသည်။ မေးလေ့မေးထ ရှိသော မေးခွန်းများ သာ မက MIMU ၏နာမည်ကြီး ထုတ်ကုန် များဖြစ်သော မြေပုံ၊ 3W များ၊ အခြေခံဒေတာအစုများ၊ သင်တန်းများ အကြောင်း များလည်း တင်ပေးထားပါသည်။

တခြား မေးခွန်း များမေး လို ပါကလည်း  MIMU Resource Center  သို့ ဆက်သွယ်မေးနိုင်ပါသည်။

မိခင်ဘာသာစကား ကို အခြေခံသော ပညာရေး သည် တိုင်းရင်းသားဘာသာ စကား ပြော၍ ကြီးပြင်းလာသော ကလေးများ အတွက် ပညာရေး စနစ်ကို အသားကျ စေရန်နှင့် ရလဒ်ကောင်းများ ရစေရန် ကူညီပေးနိုင်ပါသည်။ MIMU ၏ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးအရင်းအမြစ်များ စာမျက်နာ တွင် တိုင်းရင်းသားဘာသာ ၉၀ ဖြင့် ပုံပြင်စာအုပ် ၃၆၀ သာမက နာမည်ကြီး ပုဂ္ဂိုလ်များ ဖတ်ပြ ထားသော Video များလည်း ထပ်ထည့် ထားပေးပါသည်။ ဤ ပုံပြင်စာအုပ် များ သည် ကလေးငယ်များ မိခင်ဘာသာစကား နှင့် အတူ မြန်မာဘာသာစကား ကို သင်ယူနိုင်ရန်၊ စကားလုံး ကြွယ်ဝစေရန်၊ စာဖတ်ချင်စိတ် ကို နှိုးဆွပေးရန် ရည်ရွယ်သည်။ UNICEF နှင့် အခြား တွဲဖက်အဖွဲ့များ ပေါင်း၍ ဖန်တီးထားပါသည်။

လိုအပ် နေသူတွေ ဆီ ရောက် အောင် သေချာလေး share ပေးကြပါနော်။

MIMU ဆန်းစစ်လေ့လာမှု အကျဉ်းချုပ် များ သည် မြန်မာနိုင်ငံ ရှိ လူသားချင်း စာနာထောက်ထားမှု နှင့် ဖွံဖြိုးမှု ဆိုင်ရာ ထောက်ပံ့မှု ဖြစ်စဉ်များ နှင့် ဆက်စပ်နေကာ ပေါ်ပေါက်လာသော လူသိ‌နည်းနေသေး သည့် ပြသာနာများ ကို ရနိုင်သမျှ သတင်းအချက်အလက်များ ကိုသုံး၍ လေ့လာဆန်းစစ်သော နည်းဖြင့် မီးမောင်း ထိုးပြရန် ရည်ရွယ်ပါသည်။ MIMU ၏ ပထမဆုံးဖြစ်‌‌ သော ဤ အကျဉ်းချုပ်တွင် ယခင်က အချက်အလက် လွန်စွာ နည်းပါးခဲ့သော မြန်မာနိုင်ငံ ရှိ သောက်ရေရရှိမှု အကြောင်း ကို အဓိက ဖော်ပြထားပါသည်။ ၂၀၁၄ မှ ၂၀၁၉ ခုနှစ်များ အတွင်း သောက်ရေ ရရှိမှု ပမာဏ များ အကြား နှိုင်းယှဉ်လေ့လာ သုံးသပ်မှု ကို ပထမဆုံး ပြုလုပ်ခြင်း ဟုလည်း ဆိုနိုင်ပါသည်။ ယခု ထုတ်ဝေမှု တွင် မြန်မာဘာသာ နှင့် အင်္ဂလိပ်ဘာသာ အစီရင်ခံစာ နှင့် သရုပ်ပြပုံ သာမက သင် ကိုယ်တိုင် အချက်အလက် များ ကို အသေးစိတ်လေ့လာ ရှာဖွေနိုင်ရန် Dashboard တစ်ခု နှင့် အတူ စုစည်းပေးထားသော data အချက်အလက် များ လည်းပါ၀င်ပါသည်။

ရှိပြီးသား အချက်အလက် များ ထဲမှ ယခုကဲ့သို့ အသေးစိတ် လေ့လာ သုံးသပ်စေလို သော အကြောင်းအရာများ ရှိပါက [email protected] သို့ ဆက်သွယ်နိုင်ပါသည်။

ကျွန်ုပ်တို့၏ MIMU ထုတ်ကုန်များအကြောင်း ပိုမိုသိရှိရန်နှင့် လူကြီးမင်းတို့အေဂျင်စီများ၏ လုပ်ဆောင်မှုများကို မည်ကဲ့သို့ အထောက်အကူပြုနိုင်သည်ကို လေ့လာရန် ကျွန်ုပ်တို့၏ MIMU Orientation session သို့ တက်ရောက်နိုင်ပါသည်။

တက်ရောက်လိုပါက [email protected] မှတဆင့် စာရင်းပေးပါ သို့မဟုတ် ၀၉ ၇၇၄၀ ၇၇၇၆၂ သို့ ဆက်သွယ်နိုင်ပါသည်။

ဘာသာစကား ကြွယ်ဝရေးအစီအစဉ် Language Enrichment Programme (LEP) သည် အားကောင်းသော  မြန်မာစာပရိုဂရမ်တစ်ခုဖြစ်ပြီး မြန်မာဘာသာရပ်အတွက် မူလတန်းအဆင့် စာစောင်များကို ဖြည့်စွက်ထားသည်။ ၄င်းတို့ကို ကျောင်းသားများ၏ အဓိကစွမ်းရည်လေးမျိုးဖြစ်သည့် စကားပြောခြင်း၊ နားထောင်ခြင်း၊ စာဖတ်ခြင်းနှင့် အရေးအသားအတွက် ပိုမိုကျွမ်းကျင်စေရန် ဒီဇိုင်းထုတ်ထားသည်။ဤပညာရေးဆိုင်ရာ အရင်းအမြစ်များကို ဖြန့်ဝေပေးနိုင်ပါသည်။

Community Strengthening Project (CSP) သည် USAID မှ ထောက်ပံ့သော ရပ်ရွာအသိုင်းအဝိုင်း အားကောင်းစေရေး စီမံကိန်း၏ ထုတ်ကုန်တစ်ခု ဖြစ်ပြီး အမြတ်အစွန်းမယူသော ကမ္ဘာလုံးဆိုင်ရာ လက်နက်ကိုင် ပဋိပက္ခ တည်နေရာနှင့် အဖြစ်အပျက် ဒေတာများ (ACLED) စီမံကိန်း၏ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းရင်းမြစ်များမှ ပဋိပက္ခဖြစ်ရပ်များကို အပတ်စဉ် စုစည်းထားခြင်းဖြစ်သည်။ အသုံးပြုသူများသည် မြန်မာနိုင်ငံရှိ ဖြစ်ရပ်များကို အမျိုးအစား၊ နေ့စွဲ၊ အဓိက ပါဝင်လှုပ်ရှားသူများနှင့် မြို့နယ်အဆင့်အထိ တည်နေရာ အမျိုးမျိုးဖြင့် စိစစ်နိုင်သည်။ ဤကိရိယာ၏ လင့်ခ်ကို MIMU နိုင်ငံ၏ ခြုံငုံသုံးသပ်ချက် စာမျက်နှာ MIMU Country Overview page တွင် တွေ့နိုင်သည်။

မြန်မာနိုင်ငံတွင် အသက်ငါးနှစ်အောက် ကလေး ၄၅ ရာခိုင်နှုန်းခန့်သည် ဖွံ့ဖြိုးမှုနှောင့်နှေးမှုနှင့် ကြုံတွေ့ရနိုင်ပြီး ECI ၀န်ဆောင်မှုကို စောလျှင်စွာ ရရှိပါက ဖွံ့ဖြိုးမှုနှောင့်နှေးသော ကလေး ၇၀ ရာခိုင်နှုန်းသည် အသက် ၃ နှစ်မတိုင်မီ ပုံမှန် ဖွံ့ဖြိုးမှုအဆင့်သို့ ရောက်ရှိနိုင်သည်။ ECI စနစ်သည် အသက် ၅ နှစ်အောက် ကလေးငယ်များ ဖွံ့ဖြိုးတိုးတက်ရေးကို အမျိုးသားဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကဲဖြတ်ခြင်းနှင့် ကလေးသူငယ်များတွင် အစောပိုင်း ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးခြင်းကို ဖော်ထုတ်ခြင်းအားဖြင့် ကလေးငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသည်။

MIMU ဝက်ဘ်ဆိုက်၏ ရှေးဦးအရွယ်ကလေးသူငယ် ဘဝစောင့်ရှောက်မှု နှင့်ဖွံ့ဖြိုးရေး အရင်းအမြစ်များ စာမျက်နှာအသစ် Early Childhood Care & Development Resources Page သည် အဘယ်ကြောင့် မြန်မာနိုင်ငံသည် ရှေးဦးအရွယ် ကလေးသူငယ် ဖွံ့ဖြိုးရေးတွင် ရင်းနှီးမြှုပ်နှံသင့်သနည်း Why should Myanmar Invest in Early Childhood Intervention နှင့် အမျိုးသားအဆင့် ရှေးဦးအရွယ် ကလေးသူငယ် ဖွံ့ဖြိုးမှုဆိုင်ရာ မဟာဗျူဟာစီမံကိန်း National Strategic Plan for Early Childhood Intervention နှင့် ပတ်သက်၍ တန်ဖိုးရှိသော သတင်း အချက်အလက်များ ပါရှိသည် (brief အကျဉ်းချုပ် ရရှိနိုင်ပါသည်)။ ဤစာဖတ်စရာများအား မြန်မာ ဘာသာနှင့် အင်္ဂလိပ်ဘာသာဖြင့် ရရှိနိုင်ပါသည်။

ဤအရေးကြီးသော အရင်းအမြစ်များကို ၎င်းတို့အား အသုံးပြုနိုင်သူများနှင့် ကျယ်ကျယ်ပြန့်ပြန့် မျှဝေပေးပါ။

MIMU သည် IFES နှင့် ပူးပေါင်း၍ အမျိုးသားလွှတ်တော်ပြည်သူ့လွှတ်တော်နှင့်ပြည်နယ် / တိုင်းဒေသကြီး အဆင့်များအတွက် ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်များကို မြေပုံထုတ်ခဲ့သည်။ အသစ်ဖြန့်ချိလိုက်သည့် အရာမှာ ၂၀၁၀-၂၀၁၈ ကာလအတွက် ကျယ်ပြန့်သော မြန်မာနိုင်ငံဆိုင်ရာ ရွေးကောက်ပွဲများ မြေပုံစာအုပ် ဖြစ်သည်။ ဤမြေပုံများနှင့် အခြားရွေးကောက်ပွဲနှင့် သက်ဆိုင်သော စာရွက်စာတမ်းများကို MIMU ၏ Myanmar Elections Webpage တွင် တွေ့နိုင်ပါသည်။