MIMU Photo Archive သည် မြန်မာနိုင်ငံရှိအေဂျင်စီများ၏ လူသားချင်းစာနာထောက်ထားမှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့်ငြိမ်းချမ်းရေးကို ဦး တည်သောလှုပ်ရှားမှုပုံရိပ်များကို ဝေမျှရန် တီထွင်ထားသော ပလက်ဖောင်းအသစ်တစ်ခု ဖြစ်သည်။ MIMU Photo Archive ကို မှတ်ပုံတင်ထားသော အေဂျင်စီများ အတွက် ၎င်းတို့၏ လှုပ်ရှားမှုများကို ပိုမိုကျယ်ပြန့်စွာ ပြသနိုင်ပြီး အေဂျင်စီများ၏ သတင်းအချက်အလက်ဝေမျှခြင်းနှင့် အစီရင်ခံခြင်း လိုအပ်ချက်များကို ပံ့ပိုးရန် ဓာတ်ပုံစာကြည့်တိုက်အဖြစ် အသုံးပြုဆောင်ရွက်နိုင်ပါသည်။
News
မြန်မာ သတင်း အချက်အလက် စီမံခန့်ခွဲမှု ယူနစ် (MIMU) ၏ ဤ ဆန်းစစ် လေ့လာမှု အကျဉ်းသည် ရရှိနိုင်သော သတင်း အချက်အလက် အပေါ် အခြေခံ၍ မြန်မာနိုင်ငံရှိ လူသားချင်း စာနာထောက်ထားမှုနှင့် ဖွံဖြိုး တိုးတက်မှု ဆိုင်ရာ အထောက်အပံ့များနှင့် သက်ဆိုင်သည့် ရေပန်းစား ထွက်ပေါ်လာသော လေ့လာ စူးစမ်းမှု မရှိထားသော ကိစ္စရပ်များကို မီးမောင်း ထိုးပြလိုက်ပါသည်။ မြန်မာသတင်းအချက်အလက် စီမံခန့်ခွဲမှု ယူနစ် (MIMU) ၏ ဤ ဒုတိယအကြိမ် ဆန်းစစ် လေ့လာမှု အကျဉ်းသည် မြန်မာနိုင်ငံရှိ မသန်စွမ်းသူများ၏ အခြေအနေကို အဓိကထားဖော်ပြထားသည်။ အားလုံး ပိုမိုပါဝင်သော အစပျိုး လုပ်ဆောင်မှုနှင့် မူဝါဒများ ဖော်ဆောင်ရာတွင် အရင်းအမြစ်တစ်ခုအဖြစ် အထောက်အပံ့ဖြစ်စေရန် ၂၀၁၄ ခုနှစ်နှင့် ၂၀၁၉ ခုနှစ် နှစ်ခုအကြား မသန်စွမ်းသူဖြစ်ပွားမှုနှုန်းကို ပထမဆုံးအကြိမ်အဖြစ် နှိုင်းယှဉ်တင်ပြထားပါသည်။
ဤ ဆန်းစစ် လေ့လာမှု အကျဉ်းမှ အောက်ပါ ထုတ်ကုန်များကို ရရှိနိုင်ပါသည်။
- Narrative report (အင်္ဂလိပ်ဘာသာ နှင့် မကြာမီက ထုတ်လွှင့်ထားသော မြန်မာဘာသာ)
- Infographic (အင်္ဂလိပ်ဘာသာ နှင့် မကြာမီက ထုတ်လွှင့်ထားသော မြန်မာဘာသာ)
- Dashboard
- Dataset and
- Methodology
MIMU အသုံးပြုလမ်းညွှန်ကို အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာတို့ဖြင့် ထုတ်လွှင့်ထားပါသည်။ MIMU Websiteပါ အကြောင်းအရာများကို တစ်မျက်နှာ ထည်းဖြင့် ရှင်းလင်းတင်ပြမှုသည် MIMU ၏ ထုတ်ကုန်များနှင့် သတင်းအချက်အလက်များကို မည်သည့်နေရာတွေ ကြည့်ရမည်ကို သိရန်ကူညီပါလိမ့်မည်။
ပထဝီ ဆိုင်ရာ အချက်အလက်များ ကို အသစ် ထွက်ထား သည့် MIMU - Myanmar web မြေပုံ စနစ် တွင် ပုံဖော် ကြည့်ရှုနိုင်ပါသည်။ သုံးစွဲသူ များ သည် မြေပုံ အလွှာများ ကို လေ့လာ ကြည့်ရှု၊ download ဆွဲ နိုင် သည့် အပြင် မြေပုံများ လည်း ကိုယ်တိုင် ဖန်တီးနိုင်ပါသည်။ ထို့ အပြင် အခြား မြေပုံ များ ကို လည်း ကြည့်ရှုနိုင်သလို အသေးစိတ် အချက်အလက် များ ဖြစ်သော လူဦးရေ၊ သဘာဝပတ်ဝန်းကျင်၊ မြေကြီး၊ သယ်ယူပို့ဆောင်ရေး၊ အုပ်ချုပ်ရေး၊ အခြေခံ အဆောက်အဦ၊ ဂြိုလ်တု ဓာတ်ပုံ နှင့် 3W အစရှိသည် တို့ကို လည်း လေ့လာ နိုင်သည်။ အခမပေးရသော open-source cloud-based MapX platform ပေါ် တွင်အခြေခံ၍ တည်ဆောက်ထားသည်။ Switzerland နိုင်ငံ Geneva မြို့ တွင် server များ ထားရှိကာ လိုင်း မကောင်းသော သုံးစွဲသူများ အတွက် အဆင်ပြေအောင် စီစဉ်ပေးထားပါသည်။ ဤ MIMU - Myanmar project ကို အခမဲ့ အသုံးပြုနိုင်ပြီး အချက်အလက် အသစ် များ ရလာ သည် နှင့် update လုပ်ပါမည်။
အရေးပေါ် အခြေအနေ ပြင်ဆင်မှု အတွက်အရေးကြီး သည့် ကိန်းဂဏန်း အချက်အလက် များကို မြို့နယအလိုက် အလွယ်တကူ ကြည့်နိုင် ရန် dashboard အသစ် တစ်ခု ကို MIMU မှ ပြုလုပ်ထားပါသည်။ အများပြည်သူ ကြည့်နိုင်သည့် အချက်အလက်များ ဖြစ်သည့် ၂၀၁၈ ထိခိုက်လွယ်မှု သုံးသတ်ချက်၊ ၂၀၂၀ အခြေခံ အချက်အလက်များ၊ ၂၀၁၉ INFORM အညွန်းကိန်း နှင့် ၂၀၁၉ ၂၀၂၀ ဒေသစွန့်ခွါလူဦးရေ အချက်အလက် များ ကိုအခြေခံ ၍ တည်ဆောက်ထားခြင်း ဖြစ်သည်။
၂၀၂၀ - ၂၀၂၁ တွင် ထွက်ထားသော လောလောလတ်လတ် အစီရင်ခံစာ များ တွင် COVID-19 ကပ်ဘေး နှင့် ၂၀၂၁ အခြေအနေ များကြောင့် ဆင်းရဲ မွဲတေမှုနှုန်း ထောင်တက် သွားနိုင်ကြောင်း တွေ့ရသည်။ ဤပြသာနာ နှစ်ခု ကို မဖြေရှင်းနိုင် ပါက လူပေါင်း ၁၂ သန်း မှ ၂၅ သန်း (လူဦးရေ တစ်ဝက် နီးပါး) ဆင်းရဲ သွားနိုင် သည်။
MIMU ၏ စာမျက်နှာ အသစ် တွင် ဆင်းရဲမွဲတေမှု နှင့် ထိခိုက်လွယ်မှု အခြေအနေ နှင့် ပတ်သက်သည့် အစီရင်ခံစာများ၊ အချက်အလက်များ နှင့် အခြား ကောင်းနိုးရာရာများ ကို စုစည်းတင်ပြထားပါသည်။ သင့် အနေ ဖြင့် ပါသင့်သည် ဟု ယူဆသော အချက်အလက်များ ရှိပါက [email protected] သို့ ဆက်သွယ်ပြောကြား နိုင်ပါသည်။
MIMU သည် ဂြိုလ်တု နှစ်လုံး (DMSP-OLS and VIIRS-DNB) မှ ညဘက် ဓာတ်ပုံများ ကို သုံး၍ မြန်မာ နှင့် အိမ်နီးချင်း နိုင်ငံများ ၏ ၁၉၉၂ မှ ၂၀၂၀ ထိ ၂၈ နှစ် ကာလ အတွင်း ပြောင်း လဲ မှု များ ကို ပြနေသည့် ညမြင်ကွင်း ဗီဒီယို တစ်ခု ပြုလုပ်ထား ပါသည်။ ည အလင်းရောင် များ သည် လူမှုစီးပွါး ကို အကြမ်းဖျင်း ခန့်မှန်း နိုင်သည့် အရာများဖြစ်၍ နိုင်ငံများ ၏ ဖွံ့ဖြိုးတိုးတက်မှု ကို လည်း နှိုင်းယှဉ် ပြသနေပါသည်။ MIMU ညမြင်ကွင်း page တွင် အသေးစိတ် ကြည့်ပါ။
ငွေကြေးလုပ်ငန်းအဖွဲ့ (CWG) ကို ငွေကြေးနှင့်ပြေစာကိစ္စရပ်ဆိုင်ရာ လုပ်ဆောင်မှုများကို အကောင်အထည်ဖော်နေသည့် မိတ်ဖက်များအကြား ညှိနှိုင်းဆောင်ရွက်မှုများ နှင့် လေ့လာသင်ယူခြင်း တိုးမြှင့်ရန် ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလတွင် တည်ထောင်ခဲ့ကြသည်။ dashboard အသစ် ကို သုံး ၍ Who What Where When (4W) Cash Transfer Programming ကို အသေးစိတ် ဆက်လက် လေ့လာ စမ်းစစ် နိုင်ပါသည်။
မြန်မာနိုင်ငံ တွင် COVID-19 ကြောင့် ထိခိုက်မှု ကို တိုင်းတာသည့် စစ်တမ်း နှစ်စောင် ကို လတ်တလော ထုတ်ပြန်ခဲ့ပါသည်။ အိမ်ထောင်စု ထိခိုက်လွယ်မှု စစ်တမ်း ၂၀၂၀ ကို ဗဟိုစာရင်းအင်းအဖွဲ့ နှင့် UNDP တို့ ပူးပေါင်း ကောက်ခံ ခဲ့ပြီး COVID-19 တားမြစ်ကန့်သတ် ချက်များ က ထိခိုက်လွယ်သော အိမ်ထောင်စုများ အပေါ်တွင် မည်သို့ သက်ရောက်မှု ရှိကြောင်း အမြန်သိနိုင်ရန် ရည်ရွယ်သည်။ အလုပ်သမား များ နှင့် အိမ်ထောင်စုများ အတွက် အကျိုးရှိမည့် မူဝါဒများ ချနိုင်ရန် ဤစစ်တမ်း က ကူညီနိုင်ပါသည်။ အကျဉ်းချုံး ထားသော Infographics ကိုလည်းရနိုင်ပါသည်။
“SLM စီမံကိန်း မြို့နယ်များ အတွင်း စိုက်ပျိုးရေး အပေါ် COVID-19 ၏ သက်ရောက်မှု : ရိတ်သိမ်း နှင့် ဈေးကွက် စစ်တမ်း” ကို FAO မှပြုလုပ်ကာ ၂၀၂၀ မုတ်သုံရာသီ တွင်စိုက်ပျိုး ခဲ့ သော သီးနှံများ ၏ ထုတ်လုပ်မှု နှင့် ဈေးကွက်ရောင်းချရမှု အပေါ် သက်ရောက်မှု များကို လေ့လာထားသည်။ အဓိက သုံးချက်မှာ ရာသီဥတု ပြောင်းလဲမှု၊ COVID-19 နှင့် နိုင်ငံရေး မတည်ငြိမ်မှု တို့ဖြစ်သည်။
ဤ စာရင်း အသစ် တွင် MIMU ၏ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများ အကြောင်း နှင့် ၄င်း တို့ ကို သင်ရနိုင်မည့် နည်း များ ကိုစုစည်းတင်ထားပေးပါသည်။ ၂၀၂၀ အတွင်း MIMU ၏ အောင်မြင်မှု များကိုလည်း အကျဉ်းချုံး တင်ပြထားပါသည်။ COVID-19 အခက်အခဲ များ ရှိသော်လည်း ဆက်လက်လုပ်ဆောင်နိုင် ခဲ့ ရုံသာမက virtual နည်းဖြင့် တိုးချဲ့ နိုင် ခဲ့ပါသည်။ MIMU ကို သုံး၍ လူကြီးမင်းတို့အေဂျင်စီများ၏ လုပ်ဆောင်မှုများကို မည်ကဲ့သို့ အထောက်အကူပြုနိုင်သည်ကို လေ့လာ နိုင်ရန် ကြည့်လိုက်ပါ။
- ‹ previous
- 4 of 7
- next ›