News

MIMU သည် ဂြိုလ်တု နှစ်လုံး (DMSP-OLS and VIIRS-DNB) မှ ညဘက် ဓာတ်ပုံများ ကို သုံး၍ မြန်မာ နှင့် အိမ်နီးချင်း နိုင်ငံများ ၏ ၁၉၉၂ မှ ၂၀၂၀ ထိ ၂၈ နှစ် ကာလ အတွင်း ပြောင်း လဲ မှု များ ကို ပြနေသည့် ညမြင်ကွင်း ဗီဒီယို တစ်ခု ပြုလုပ်ထား ပါသည်။ ည အလင်းရောင် များ သည် လူမှုစီးပွါး ကို အကြမ်းဖျင်း ခန့်မှန်း နိုင်သည့် အရာများဖြစ်၍ နိုင်ငံများ ၏ ဖွံ့ဖြိုးတိုးတက်မှု ကို လည်း နှိုင်းယှဉ် ပြသနေပါသည်။ MIMU ညမြင်ကွင်း page တွင် အသေးစိတ် ကြည့်ပါ။

ငွေကြေးလုပ်ငန်းအဖွဲ့ (CWG) ကို ငွေကြေးနှင့်ပြေစာကိစ္စရပ်ဆိုင်ရာ လုပ်ဆောင်မှုများကို အကောင်အထည်ဖော်နေသည့် မိတ်ဖက်များအကြား ညှိနှိုင်းဆောင်ရွက်မှုများ နှင့် လေ့လာသင်ယူခြင်း တိုးမြှင့်ရန် ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလတွင် တည်ထောင်ခဲ့ကြသည်။ dashboard အသစ် ကို သုံး ၍ Who What Where When (4W) Cash Transfer Programming ကို အသေးစိတ် ဆက်လက် လေ့လာ စမ်းစစ် နိုင်ပါသည်။

မြန်မာနိုင်ငံ တွင် COVID-19 ကြောင့် ထိခိုက်မှု ကို တိုင်းတာသည့် စစ်တမ်း နှစ်စောင် ကို လတ်တလော ထုတ်ပြန်ခဲ့ပါသည်။ အိမ်ထောင်စု ထိခိုက်လွယ်မှု စစ်တမ်း ၂၀၂၀ ကို ဗဟိုစာရင်းအင်းအဖွဲ့ နှင့် UNDP တို့ ပူးပေါင်း ကောက်ခံ ခဲ့ပြီး COVID-19 တားမြစ်ကန့်သတ် ချက်များ က ထိခိုက်လွယ်သော အိမ်ထောင်စုများ အပေါ်တွင် မည်သို့ သက်ရောက်မှု ရှိကြောင်း အမြန်သိနိုင်ရန် ရည်ရွယ်သည်။ အလုပ်သမား များ နှင့် အိမ်ထောင်စုများ အတွက် အကျိုးရှိမည့် မူဝါဒများ ချနိုင်ရန် ဤစစ်တမ်း က ကူညီနိုင်ပါသည်။ အကျဉ်းချုံး ထားသော  Infographics ကိုလည်းရနိုင်ပါသည်။

SLM စီမံကိန်း မြို့နယ်များ အတွင်း စိုက်ပျိုးရေး အပေါ်  COVID-19 ၏ သက်ရောက်မှု : ရိတ်သိမ်း နှင့် ဈေးကွက် စစ်တမ်း” ကို FAO မှပြုလုပ်ကာ ၂၀၂၀ မုတ်သုံရာသီ တွင်စိုက်ပျိုး  ခဲ့ သော သီးနှံများ ၏ ထုတ်လုပ်မှု နှင့် ဈေးကွက်ရောင်းချရမှု အပေါ် သက်ရောက်မှု များကို လေ့လာထားသည်။ အဓိက သုံးချက်မှာ ရာသီဥတု ပြောင်းလဲမှု၊ COVID-19 နှင့် နိုင်ငံရေး မတည်ငြိမ်မှု တို့ဖြစ်သည်။

ဤ စာရင်း အသစ် တွင် MIMU ၏ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများ အကြောင်း နှင့် ၄င်း တို့ ကို သင်ရနိုင်မည့် နည်း များ ကိုစုစည်းတင်ထားပေးပါသည်။ ၂၀၂၀ အတွင်း MIMU ၏ အောင်မြင်မှု များကိုလည်း အကျဉ်းချုံး တင်ပြထားပါသည်။ COVID-19 အခက်အခဲ များ ရှိသော်လည်း ဆက်လက်လုပ်ဆောင်နိုင် ခဲ့ ရုံသာမက virtual နည်းဖြင့် တိုးချဲ့ နိုင် ခဲ့ပါသည်။ MIMU ကို သုံး၍ လူကြီးမင်းတို့အေဂျင်စီများ၏ လုပ်ဆောင်မှုများကို မည်ကဲ့သို့ အထောက်အကူပြုနိုင်သည်ကို လေ့လာ နိုင်ရန် ကြည့်လိုက်ပါ။

MIMU ၏ နယ်စပ်ဒေသ မြေပုံများ ကို MIMU မှ အချက်အလက် နှင့် open source အချက်အလက်  များကို သုံး ၍ အသစ် ပြင်ဆင်ထားသည်။ အိန္ဒိယ - မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ် နှင့် မြန်မာ - ထိုင်း နယ်စပ် မြေပုံ ၂ ပုံ ကို  MIMU GIS Resources page အောက် မှ Map section တွင် ဝင်ကြည့် နိုင်ပါသည်။

MIMU ၏ တိုင်း ဒေသကြီး နှင့် ပြည်နယ် မြေပုံများ ကို လည်း အရောင် အသစ်  နောက်ခံအသစ် များဖြင့် ပြင်ဆင်ထားသည်။ MIMU GIS Resources page အောက် မှ Map section တွင် ဝင်ကြည့် နိုင်ပါသည်။

ဤ စာမျက်နှာ တွင် ငွေသား ထောက်ပံ့ခြင်းလုပ်ငန်း လုပ်ဆောင်သော အဖွဲ့အစည်းများ အနေဖြင့် စွမ်းဆောင်ရည် ကောင်းမွန်သော ဘဏ္ဍာရေး ဝန်ဆောင်မှု အဖွဲ့အစည်းများကို အလွယ်တကူ ဖော်ထုတ် နိုင်စေရန် အတွက် လွယ်ကူ ရိုးရှင်းသော အချက်အလက် tools များ တင်ထားပေးပါသည်။ ECHO မှ ပံ့ပိုးသော ရန်ပုံငွေဖြင့် ကုလသမဂ္ဂ နှင့် NGO အဖွဲ့အစည်း ၅ဖွဲ့  ပူးပေါင်း ဆောင်ရွက်ခဲ့သော ဒေသ စီမံချက်တစ်ခု ဖြစ် သည်။

Dashboard တစ်ခုအပါအဝင် အချက်အလက်စုများ နှင့် လုပ်ထုံးလုပ်နည်း စာရွက်စာတမ်းများ လည်း တင်ထားပါသည်။

MIMU အကြောင်း မကြာခဏ မေးလေ့မေးထ ရှိသော မေးခွန်းများ ကို ၂၀၂၁ အတွက် ပြင်ဆင်ထား ပါသည်။ မေးလေ့မေးထ ရှိသော မေးခွန်းများ သာ မက MIMU ၏နာမည်ကြီး ထုတ်ကုန် များဖြစ်သော မြေပုံ၊ 3W များ၊ အခြေခံဒေတာအစုများ၊ သင်တန်းများ အကြောင်း များလည်း တင်ပေးထားပါသည်။

တခြား မေးခွန်း များမေး လို ပါကလည်း  MIMU Resource Center  သို့ ဆက်သွယ်မေးနိုင်ပါသည်။

နောက်ဆုံးထုတ် အခြေခံဒေတာအစု ကို MIMU Website တွင်တင်ထားပေး ပြီး MIMU ၏ ပထမဆုံး အကျဉ်းချုပ် “မြန်မာနိုင်ငံ တွင် သောက်ရေ အရင်းအမြစ် များ ပြောင်းလဲလာခြင်း ( ၂၀၁၄ - ၂၀၁၉ )” မှ အချက်အလက် အသစ် များ ကို ထည့်ထားပေးပါသည်။ အခြေခံဒေတာအစု တွင် ရင်းမြစ် ၃၉၃ ခု မှ ယူထားသော ကဏ္ဍ ၁၃ ခု နှင့် ဆိုင်သည့် အညွန်းကိန်း ၂၇၆ ခုပါဝင်ပါသည်။

ရင်းမြစ်နှင့် ခုနှစ်လိုက်အညွန်းကိန်းစာရင်းကျန်းမာရေး နှင့် ပညာရေး အပါအဝင် ကဏ္ဍအလိုက် အစီရင်ခံစာများ၊ ရခိုင်နှင့် ကချင်ပြည်နယ် များအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးဆိုင်ရာ အစီရင်ခံစာများကိုလည်း ရနိုင်ပါသည်။ တခြား အချက်အလက်များ လိုပါကလည်း MIMU သို့ ဆက်သွယ်နိုင် ပါသည်။

မိခင်ဘာသာစကား ကို အခြေခံသော ပညာရေး သည် တိုင်းရင်းသားဘာသာ စကား ပြော၍ ကြီးပြင်းလာသော ကလေးများ အတွက် ပညာရေး စနစ်ကို အသားကျ စေရန်နှင့် ရလဒ်ကောင်းများ ရစေရန် ကူညီပေးနိုင်ပါသည်။ MIMU ၏ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးအရင်းအမြစ်များ စာမျက်နာ တွင် တိုင်းရင်းသားဘာသာ ၉၀ ဖြင့် ပုံပြင်စာအုပ် ၃၆၀ သာမက နာမည်ကြီး ပုဂ္ဂိုလ်များ ဖတ်ပြ ထားသော Video များလည်း ထပ်ထည့် ထားပေးပါသည်။ ဤ ပုံပြင်စာအုပ် များ သည် ကလေးငယ်များ မိခင်ဘာသာစကား နှင့် အတူ မြန်မာဘာသာစကား ကို သင်ယူနိုင်ရန်၊ စကားလုံး ကြွယ်ဝစေရန်၊ စာဖတ်ချင်စိတ် ကို နှိုးဆွပေးရန် ရည်ရွယ်သည်။ UNICEF နှင့် အခြား တွဲဖက်အဖွဲ့များ ပေါင်း၍ ဖန်တီးထားပါသည်။

လိုအပ် နေသူတွေ ဆီ ရောက် အောင် သေချာလေး share ပေးကြပါနော်။

MIMU ဆန်းစစ်လေ့လာမှု အကျဉ်းချုပ် များ သည် မြန်မာနိုင်ငံ ရှိ လူသားချင်း စာနာထောက်ထားမှု နှင့် ဖွံဖြိုးမှု ဆိုင်ရာ ထောက်ပံ့မှု ဖြစ်စဉ်များ နှင့် ဆက်စပ်နေကာ ပေါ်ပေါက်လာသော လူသိ‌နည်းနေသေး သည့် ပြသာနာများ ကို ရနိုင်သမျှ သတင်းအချက်အလက်များ ကိုသုံး၍ လေ့လာဆန်းစစ်သော နည်းဖြင့် မီးမောင်း ထိုးပြရန် ရည်ရွယ်ပါသည်။ MIMU ၏ ပထမဆုံးဖြစ်‌‌ သော ဤ အကျဉ်းချုပ်တွင် ယခင်က အချက်အလက် လွန်စွာ နည်းပါးခဲ့သော မြန်မာနိုင်ငံ ရှိ သောက်ရေရရှိမှု အကြောင်း ကို အဓိက ဖော်ပြထားပါသည်။ ၂၀၁၄ မှ ၂၀၁၉ ခုနှစ်များ အတွင်း သောက်ရေ ရရှိမှု ပမာဏ များ အကြား နှိုင်းယှဉ်လေ့လာ သုံးသပ်မှု ကို ပထမဆုံး ပြုလုပ်ခြင်း ဟုလည်း ဆိုနိုင်ပါသည်။ ယခု ထုတ်ဝေမှု တွင် မြန်မာဘာသာ နှင့် အင်္ဂလိပ်ဘာသာ အစီရင်ခံစာ နှင့် သရုပ်ပြပုံ သာမက သင် ကိုယ်တိုင် အချက်အလက် များ ကို အသေးစိတ်လေ့လာ ရှာဖွေနိုင်ရန် Dashboard တစ်ခု နှင့် အတူ စုစည်းပေးထားသော data အချက်အလက် များ လည်းပါ၀င်ပါသည်။

ရှိပြီးသား အချက်အလက် များ ထဲမှ ယခုကဲ့သို့ အသေးစိတ် လေ့လာ သုံးသပ်စေလို သော အကြောင်းအရာများ ရှိပါက [email protected] သို့ ဆက်သွယ်နိုင်ပါသည်။