News

MIMU ရှိ United Nations in Myanmar စာမျက်နှာတွင် ယခု 3W UN dashboard (နောက်ဆုံးထွက် 3W ဒေတာကို အသုံးပြု၍)၊ ကို ထည့်သွင်းထားပြီး မြန်မာနိုင်ငံရှိ UN Country Team အဖွဲ့ဝင်များမှ ထုတ်ဝေထားသော အရင်းအမြစ်အချို့နှင့်အတူ မွမ်းမံထားသော ကုလသမဂ္ဂ အဖွဲ့အစည်းများ၏ ဖော်ပြချက်များအား အင်္ဂလိပ်နှင့် မြန်မာဘာသာစကားများဖြင့် ထည့်သွင်းထားပါသည်။

မြန်မာနိုင်ငံဆိုင်ရာ ပညာရပ်ဆိုင်ရာ ဆောင်းပါးများသည် လျှပ်စစ်ဓာတ်အားနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကဲ့သိုသော အကြောင်းအရာများကို ခွဲခြမ်းစိတ်ဖြာရာတွင် သုတေသန ကိရိယာတစ်ခု အနေဖြင့် ညအလင်းရောင်နှင့် အဝေးမှ အာရုံခံ သတင်းအချက်အလက်များ၏ အသုံးဝင်ပုံကို ပြသထားသည်။ အချို့ကလည်း အခြားသော MIMU အရင်းအမြစ်များကို အသုံးပြုကြောင်း အသိအမှတ်ပြုကြသည်။

ဆောင်းပါးများကို Myanmar by Night 1992 - 2020 စာမျက်နှာတွင် ဖော်ပြထားပါသည်။

အသစ်လွှင့်တင်လိုက်သော MIMU Map Maker သည် MIMU အသုံးပြုသူများအား မြေပြင်အနေအထား၊ အခြေချနေထိုင်မှုများ၊ အုပ်ချုပ်မှုနယ်နိမိတ်များ၊ သယ်ယူပို့ဆောင်ရေး၊ ပညာရေးနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ကဲ့သို့သော ရရှိနိုင်သော နေရာဒေသအချက်အလက်များကို စူးစမ်းလေ့လာရန်နှင့် ၎င်းတို့၏ လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကို ပံ့ပိုးရန် ၎င်းတို့၏ ကိုယ်ပိုင်မြေပုံများကို ဖန်တီးရန် ခွင့်ပြုသည်။ ဤ MIMU web mapping web platform အသစ်ကို cloud-based ArcGIS Online software ပေါ်တွင် တည်ဆောက်ထားသည်။ ထိုပရောဂျက်ကို ထည့်သွင်းတွက်ချက်ရန် အခမဲ့အသုံးပြုနိုင်ပြီး အချက်အလက်အသစ်များရရှိလာသည်နှင့်အမျှ စဉ်ဆက်မပြတ် ပြောင်းလဲထည့်သွင်းပေးသွားပါမည်။

ကျေးဇူးပြု၍ နောက်ဆုံးသတင်းများ၊ တုံ့ပြန်ချက်များ၊ အမှားများ (သို့) လွဲမှားမှုများကို [email protected] မှတဆင့် မျှဝေပေးစေလိုပါသည်

MIMU Photo Archive သည် မြန်မာနိုင်ငံရှိအေဂျင်စီများ၏ လူသားချင်းစာနာထောက်ထားမှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့်ငြိမ်းချမ်းရေးကို ဦး တည်သောလှုပ်ရှားမှုပုံရိပ်များကို ဝေမျှရန် တီထွင်ထားသော ပလက်ဖောင်းအသစ်တစ်ခု ဖြစ်သည်။ MIMU Photo Archive ကို မှတ်ပုံတင်ထားသော အေဂျင်စီများ အတွက် ၎င်းတို့၏ လှုပ်ရှားမှုများကို ပိုမိုကျယ်ပြန့်စွာ ပြသနိုင်ပြီး အေဂျင်စီများ၏ သတင်းအချက်အလက်ဝေမျှခြင်းနှင့် အစီရင်ခံခြင်း လိုအပ်ချက်များကို ပံ့ပိုးရန် ဓာတ်ပုံစာကြည့်တိုက်အဖြစ် အသုံးပြုဆောင်ရွက်နိုင်ပါသည်။

မြန်မာ သတင်း အချက်အလက် စီမံခန့်ခွဲမှု ယူနစ် (MIMU) ၏ ဤ ဆန်းစစ် လေ့လာမှု အကျဉ်းသည် ရရှိနိုင်သော သတင်း အချက်အလက် အပေါ် အခြေခံ၍ မြန်မာနိုင်ငံရှိ လူသားချင်း စာနာထောက်ထားမှုနှင့် ဖွံဖြိုး တိုးတက်မှု ဆိုင်ရာ အထောက်အပံ့များနှင့် သက်ဆိုင်သည့် ရေပန်းစား ထွက်ပေါ်လာသော လေ့လာ စူးစမ်းမှု မရှိထားသော ကိစ္စရပ်များကို မီးမောင်း ထိုးပြလိုက်ပါသည်။ မြန်မာသတင်းအချက်အလက် စီမံခန့်ခွဲမှု ယူနစ် (MIMU) ၏ ဤ ဒုတိယအကြိမ် ဆန်းစစ် လေ့လာမှု အကျဉ်းသည် မြန်မာနိုင်ငံရှိ မသန်စွမ်းသူများ၏ အခြေအနေကို အဓိကထားဖော်ပြထားသည်။ အားလုံး ပိုမိုပါဝင်သော အစပျိုး လုပ်ဆောင်မှုနှင့် မူဝါဒများ ဖော်ဆောင်ရာတွင် အရင်းအမြစ်တစ်ခုအဖြစ် အထောက်အပံ့ဖြစ်စေရန် ၂၀၁၄ ခုနှစ်နှင့် ၂၀၁၉ ခုနှစ် နှစ်ခုအကြား မသန်စွမ်းသူဖြစ်ပွားမှုနှုန်းကို ပထမဆုံးအကြိမ်အဖြစ် နှိုင်းယှဉ်တင်ပြထားပါသည်။

ဤ ဆန်းစစ် လေ့လာမှု အကျဉ်းမှ အောက်ပါ ထုတ်ကုန်များကို ရရှိနိုင်ပါသည်။

MIMU အသုံးပြုလမ်းညွှန်ကို အင်္ဂလိပ်ဘာသာမြန်မာဘာသာတို့ဖြင့် ထုတ်လွှင့်ထားပါသည်။ MIMU Websiteပါ အကြောင်းအရာများကို  တစ်မျက်နှာ ထည်းဖြင့် ရှင်းလင်းတင်ပြမှုသည် MIMU ၏ ထုတ်ကုန်များနှင့် သတင်းအချက်အလက်များကို မည်သည့်နေရာတွေ ကြည့်ရမည်ကို သိရန်ကူညီပါလိမ့်မည်။

Mercy Corps ၏ စျေးကွက်ခွဲခြမ်းစိတ်ဖြာခြင်းယူနစ် သည် ရခိုင်ပြည်နယ် အပြင် အခြား တိုင်းဒေသကြီး နှင့် ပြည်နယ်များ သို့ပါလုပ်ဆောင်ချက်များ ကို တိုးချဲ့နေပါပြီ။ အစခြေလှမ်းအဖြစ် ဧရာဝတီ မှ အစားအသောက် လုံခြုံဖူလုံမှုနှင့် ပတ်သက်သော အစီရင်ခံစာအတို တစ်ခု ထုတ်ထားပါသည်။ MIMU website တွင်လည်း MAU စာမျက်နှာ ကို နေရာပြောင်းထားကာ မြန်မာနိုင်ငံ အကြောင်း tab အောက်တွင်တွေ့နိုင်ပါသည်။ ထို့အပြင် လောလောလတ်လတ် ကလည်း စျေးကွက်အပေါ် COVID-19 ၏ သက်ရောက်မှု အကြောင်း အစီရင်ခံစာ တစ်ခု ပြုလုပ်ထားပါသည်။

ပထဝီ ဆိုင်ရာ အချက်အလက်များ ကို အသစ် ထွက်ထား သည့် MIMU - Myanmar web မြေပုံ စနစ် တွင် ပုံဖော် ကြည့်ရှုနိုင်ပါသည်။ သုံးစွဲသူ များ သည် မြေပုံ အလွှာများ ကို လေ့လာ ကြည့်ရှု၊ download ဆွဲ နိုင် သည့် အပြင် မြေပုံများ လည်း ကိုယ်တိုင် ဖန်တီးနိုင်ပါသည်။ ထို့ အပြင် အခြား မြေပုံ များ ကို လည်း ကြည့်ရှုနိုင်သလို အသေးစိတ် အချက်အလက် များ ဖြစ်သော လူဦးရေ၊ သဘာဝပတ်ဝန်းကျင်၊ မြေကြီး၊ သယ်ယူပို့ဆောင်ရေး၊ အုပ်ချုပ်ရေး၊ အခြေခံ အဆောက်အဦ၊ ဂြိုလ်တု ဓာတ်ပုံ နှင့် 3W အစရှိသည် တို့ကို လည်း လေ့လာ နိုင်သည်။ အခမပေးရသော open-source cloud-based MapX platform ပေါ် တွင်အခြေခံ၍ တည်ဆောက်ထားသည်။ Switzerland နိုင်ငံ Geneva မြို့ တွင် server များ ထားရှိကာ လိုင်း မကောင်းသော သုံးစွဲသူများ အတွက် အဆင်ပြေအောင် စီစဉ်ပေးထားပါသည်။ ဤ MIMU - Myanmar project ကို အခမဲ့ အသုံးပြုနိုင်ပြီး အချက်အလက် အသစ် များ ရလာ သည် နှင့် update လုပ်ပါမည်။

အရေးပေါ် အခြေအနေ ပြင်ဆင်မှု အတွက်အရေးကြီး သည့် ကိန်းဂဏန်း အချက်အလက် များကို မြို့နယအလိုက် အလွယ်တကူ ကြည့်နိုင် ရန်  dashboard အသစ် တစ်ခု ကို MIMU မှ ပြုလုပ်ထားပါသည်။ အများပြည်သူ ကြည့်နိုင်သည့် အချက်အလက်များ ဖြစ်သည့် ၂၀၁၈ ထိခိုက်လွယ်မှု သုံးသတ်ချက်၊ ၂၀၂၀ အခြေခံ အချက်အလက်များ၊ ၂၀၁၉  INFORM အညွန်းကိန်း နှင့် ၂၀၁၉ ၂၀၂၀ ဒေသစွန့်ခွါလူဦးရေ အချက်အလက် များ ကိုအခြေခံ ၍ တည်ဆောက်ထားခြင်း ဖြစ်သည်။

၂၀၂၀ - ၂၀၂၁ တွင် ထွက်ထားသော လောလောလတ်လတ် အစီရင်ခံစာ များ တွင် COVID-19 ကပ်ဘေး နှင့် ၂၀၂၁ အခြေအနေ များကြောင့် ဆင်းရဲ မွဲတေမှုနှုန်း ထောင်တက် သွားနိုင်ကြောင်း တွေ့ရသည်။ ဤပြသာနာ နှစ်ခု ကို မဖြေရှင်းနိုင် ပါက လူပေါင်း ၁၂ သန်း မှ ၂၅ သန်း (လူဦးရေ တစ်ဝက် နီးပါး) ဆင်းရဲ သွားနိုင် သည်။

MIMU ၏ စာမျက်နှာ အသစ် တွင် ဆင်းရဲမွဲတေမှု နှင့် ထိခိုက်လွယ်မှု အခြေအနေ နှင့် ပတ်သက်သည့် အစီရင်ခံစာများ၊ အချက်အလက်များ နှင့် အခြား ကောင်းနိုးရာရာများ ကို စုစည်းတင်ပြထားပါသည်။ သင့် အနေ ဖြင့် ပါသင့်သည် ဟု ယူဆသော အချက်အလက်များ ရှိပါက [email protected] သို့ ဆက်သွယ်ပြောကြား နိုင်ပါသည်။