မကြာသေးမီက ထွက်ရှိထားသော MIMU ထုတ်ကုန်များအကြောင်း ပိုမိုလေ့လာရန် ကျွန်ုပ်တို့၏ တိုတောင်းသော New Product Update ဆက်ရှင်ကို တက်ရောက်စေချင်ပါသည်။ လာမည့်ဆက်ရှင်အတွက် MIMU ၏ virtual သင်တန်းများနှင့် အွန်လိုင်းသင်တန်းများကို အဓိကထားမျှဝေပေးပါမည်။
အဆိုပါအစည်းအဝေးကို ဇူလိုင်လ (၁၈)ရက်နေ့ (အင်္ဂါနေ့)တွင် အောက်ပါအတိုင်း ကျင်းပမည်ဖြစ်ပါသည်။
- အင်္ဂလိပ်ဘာသာဖြင့် မနက် ၁၀ နာရီ
- မြန်မာဘာသာဖြင့် နေ့လည် ၂ နာရီ
တက်ရောက်လိုပါက MIMU's New Products Update Registration Form တွင် စာရင်းပေးသွင်းပါ။ နောက်ထပ်အချက်အလက်များ လိုအပ်ပါက [email protected] သို့ ဆက်သွယ်နိုင်ပါသည်။
သင်ကိုယ်တိုင်လေ့လာသင်ယူမှုအတွက် အထောက်အကူပစ္စည်းများ-ဗီဒီယိုများ၊ လက်ကမ်းစာစောင်များနှင့် လေ့ကျင့်ခန်းများနှင့်အတူ အွန်လိုင်းသင်တန်းခြောက်ခုပါ၀င်သည့် လေ့ကျင့်ရေးအရင်းအမြစ်စာမျက်နှာကို စူးစမ်းလေ့လာရန် MIMU မှ တဆက်တည်း တိုက်တွန်းလိုပါသည်။
- Advanced Excel - Data Management (Advanced)
- Basic Excel - Data Management (Basic) - Start here before Advanced Excel
- Basic QGIS - Spatial data management and mapping
- Basic Tableau - Data analysis and visualisation
- Basic Mapping - Basic concepts of cartography and mapping
- Power BI - Data visualization
Expired Date:
18-Jul-2023